ဆစ်ဒ်နီ - နှစ်သန်းပေါင်း ၃၀၀ ကျော်က မြေကမ္ဘာပေါ်သို့ကျရောက်ခဲ့သည်ဟု ယူဆရသည့်
ဂြိုဟ်သိမ်တစ်ခုကြောင့် ဖြစ်ပေါ်ခဲ့သော အချင်းကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ရှိ၊ အလွန်ကြီးမားသည့်
ချိုင့်ခွက်ဒေသတစ်ခုကို ဩစတြေးလျ နိုင်ငံ၏ ဝေးလံသောကုန်းတွင်းပိုင်းချိုင့် ၀ှမ်းဒေသတစ်ခုတွင်
သိပ္ပံပညာရှင်များ က တွေ့ရှိထားသည်။
ဩစတြေးလျ အမျိုးသားတက္ကသိုလ် မှ အဆင့်မြင့်ဧည့်သုတေသနအဖွဲ့ဝင် အင်ဒရူးဂလစ်ဆန်၏
အဆိုအရ အချင်း ၁၀ ကီလိုမီတာမှ ကီလိုမီတာ ၂၀ ထိ ရှိနိုင်သည့် ယင်းဂြိုဟ်သိမ်မှာ ယခင်
သီတင်းပတ်က ရုရှားနိုင်ငံ ရူရယ်တောင် တန်းဒေသပေါ်သို့ ပေါက်ကွဲကျရောက်ခဲ့သည့် ဥက္ကာပျံ
နှင့်နှိုင်းယှဉ်ပါက အလွန်အမင်း ကြီးမားသည့်ပြင် ထိုစဉ် ကပေါ်ပေါက်ခဲ့သည့် အကျိုးဆက်များကို
လည်း ကမ္ဘာတစ်ဝန်း ခံစားခဲ့ကြ ရဖွယ်ရှိသည်။
ဩစတြေးလျနိုင်ငံတောင်ပိုင်း၊ ၀ါဘာ တန်ချိုင့်ဝှမ်းဒေသ အရှေ့ပိုင်းရှိ ယင်း ချိုင့်ခွက်ဒေသကြီးသည်
တွေ့ရှိချက် အသစ်ဖြစ်ပြီး ထိမှန်ထားသည့် ချိုင့်ခွက်ပမာဏမှာ ယခုအခါ အချင်း ကီလိုမီတာ ၂၀၀
ထက်မနည်းရှိနေ၍ အလွန် အံ့ဩဖွယ်ကောင်းကြောင်း၊ ယင်းချိုင့်ခွက်သည် ကမ္ဘာပေါ်တွင် တွေ့ရှိ
ထားသမျှ တတိယအကြီးဆုံးချိုင့် ခွက်ပင်ဖြစ်ကြောင်း ဂလစ်ဆန်က အေအက်ဖ်ပီသို့ ပြောကြား
သည်။
ဂလစ်ဆန်သည် အခြားသိပ္ပံပညာရှင်တစ်ဦး၏ လမ်းညွှန်မှုဖြင့် ယင်းချိုင့် ၀ှမ်းဒေသအတွင်း စတုရန်း
ကီလိုမီတာ ၃၀,၀၀၀ ခန့်ကို အသွင်သဘာဝ ပြောင်းလဲနေသော မြေသားအဖြစ် ပထမဆုံး စတင်
လေ့လာတွေ့ရှိခဲ့ရာမှ ဧရာမချိုင့်ခွက်ကြီးကို ခြေရာကောက် နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ သုံးကီလိုမီတာထုရှိသည့် နုန်းနှစ်လွှာအောက်တွင် မြုပ်နေပြီ ဖြစ်သော ဧရာမချိုင့်ခွက်ကြီး
နှင့် ယင်း ချိုင့်ခွက်မှလွင့်စဉ်ခဲ့သည့် အမှုန်များနှင့် အခိုးအငွေ့များသည် ထိုစဉ်က မြေ ကမ္ဘာတစ်ဝန်း
လုံးကို လွှမ်းခြံုထားခဲ့ကြမည်သာဖြစ်သည်။
ဖေဖော်ဝါရီလ ၁၅ ရက်က ရုရှား နိုင်ငံ ရူရယ်တောင်တန်းဒေသပေါ်သို့ ကျခဲ့သော ဥက္ကာပျံသည်
လည်းကောင်း၊ ယင်းဥက္ကာပျံကျပြီး နာရီပိုင်းအကြာတွင် မြေကမ္ဘာဂြိုဟ်နှင့် အနီးကပ်ဆုံးနေရာမှ
အန္တရာယ်တစ်စုံတစ်ရာ မပေးဘဲ ဖြတ်သန်းသွားသော ဂြိုဟ်သိမ်သည်လည်း ကောင်း ဖြစ်ခေါင့်
ဖြစ်ခဲ အလွန့်အလွန် ရှားပါးသောဖြစ်ရပ်များပင် ဖြစ်ကြောင်း ရုရှားအမျိုးသားတက္ကသိုလ်မှ ဂြိုဟ်
နက္ခတ်သိပ္ပံဌာနနှင့် ရှေးဟောင်းသုတေ သနနှင့် မနုဿဗေဒကျောင်းမှ အင်ဒရူး ဂလစ်ဆန်က
ဆိုသည်။
(အေအက်ဖ်ပီ)
















