ဂျနီဗာ (အိုင်စီအာရ်စီ) - လက်နက်ကိုင် ပဋိပက္ခဒဏ်ခံရသည့် များလှစွာသော လူတို့၏ဘဝ
ရပ်တည်မှု အခြေအနေတိုး တက်လာစေရန်နှင့် သန်းပေါင်းများစွာသော လူများအား ကယ်ဆယ်
ထောက်ပံ့ ပေးသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)၏ လုပ်ငန်းများ
စတင်သည့်အချိန်မှစ၍ ယခုတိုင် နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်ရာ ယင်းနှစ် ၁၅၀ ပြည့် နှစ်ပတ်လည်
အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည်။
ဆီးရီးယား၊ မာလီ၊ ကွန်ဂိုနှင့် အခြားနိုင်ငံများရှိ လူများသည် စစ်၏ ဆင်းရဲဒုက္ခများကို ခံစားနေရ
သဖြင့် အိုင်စီအာရ်စီသည် လူသားချင်းစာနာထောက် ထားမှုလုပ်ငန်းများကို ခါတိုင်းထက်တိုး၍
လုပ်ရန် သန္နိဋ္ဌာန်ချခဲ့သည်။
"ကျွန်တော်တို့ရဲ့အတိတ်ကိုပြန်လည် ဆန်းစစ်ဖို့အတွက်ရယ်၊ လက်နက်ကိုင် ပဋိပက္ခနဲ့ အခြား
အကြမ်းဖက်မှု အခြေ အနေတွေရဲ့ဒဏ်ခံရတဲ့လူသန်းပေါင်းများစွာအတွက်လုပ်ငန်းတွေကို ဆောင်
ရွက်တဲ့နေရာမှာ အထောက်အကူဖြစ် စေခဲ့တဲ့ ကျွန်တော်တို့ရဲ့အားသာချက် တွေကိုသိမြင်သဘော
ပေါက်လာဖို့ရယ် ကတော့ ဒီနှစ်ပတ်လည်နေ့က ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ရပ်ပါပဲ"ဟု
အိုင်စီအာရ်စီ ဥက္ကဋ္ဌ ပီတာမော်ရေးက ပြောကြားခဲ့သည်။
"အခုဆိုရင် ခါတိုင်းထက်ကိုပဲ ကျွန်တော်တို့ရဲ့ မူတွေအတိုင်း တိတိကျကျ ဆက်လက်လုပ်ကိုင်ရ
မယ့် အပြင်အကူအညီလိုအပ်သူတွေကို ပိုပြီး ကောင်းကောင်း အကူအညီပေးနိုင်ဖို့ နည်းလမ်းသစ်
တွေကိုလည်း ရှာရပါမယ်။ ကျွန်တော်တို့ရဲ့ကြားနေပြီး၊ ဘက်မလိုက်ဘဲလွတ်လပ်စွာ ဆောင်ရွက်
တဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း တွေရဲ့ သဘောသဘာဝကိုအားလုံးက နားလည်
အောင် ကျွန်တော်တို့နှစ်ဆတိုး ကြိုးစားဆောင်ရွက်ရပါမယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့
သည်။
အိုင်စီအာရ်စီနှင့် အခြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများတွေ့ကြံုနေရသော
အကြီးမား ဆုံးစိန်ခေါ်မှုမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစား
လိုက်နာမှုမရှိခြင်းပင်ဖြစ်သည်။
ထိုဥပဒေသည်ကလေးများ၊ ဒဏ်ရာရစစ်သည်များနှင့် ဖျားနာသူများကဲ့သို့လက်နက်ကိုင် ပဋိပက္ခ
တွင်မပါ၀င် သော သူများ၊ သို့ မဟုတ်ထိန်းသိမ်းခံ ထား ရသူများကို ဦးတည်အကြမ်းဖက်သည့်
လုပ်ရပ်များကိုတားမြစ်သည်။
"အရပ်သားများကို ရန်သတ္တရုမပြုရန် နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု
ဥပဒေကို လေးစားလိုက်နာမည်ဟူသော အစိုးရများ၊ သို့မဟုတ် အစိုးရမဟုတ်သော လက်နက်ကိုင်
အဖွဲ့အစည်းများတွင် ရှိသင့်သည့် နိုင်ငံရေးဆန္ဒသည် အမြဲတစေကြီးမား ပြင်းထန်သင့်ပေသည်။
အိုင်စီအာရ်စီ၏နိစ္စဒူဝလုပ်ငန်းအနက်မှ အများစုသည် ယခုအခါကောင်းကျိုး သက်ရောက်မှုများစွာ
ရှိနေသည်။
"အိုင်အာရ်စီကိုယ်စားလှယ်တွေကဂွာတာနာမိုကအကျဉ်းသားတွေကို သွားရောက်တွေ့ဆုံတာတွေ၊
ကိုလံဘီယာမှ ဓားစာခံတွေကို လွှတ်တဲ့နေရာမှာ အဆင်ပြေ ချောမွေ့အောင်ဆောင်ရွက်ပေးတာ
တွေ၊ အာဖဂန်နစ္စတန်ရှိပြည်သူ တွေအတွက် အန္တရယ်ကင်းတဲ့အခြေအနေမှာ ကျန်းမာရေးစောင့်
ရှောက်မှု ရရှိအောင် အကူအညီပေးတာတွေ၊ လူဦးရေသန်းတစ်ဝက်မျှရှိသော ဂိုမာတွင်ရေနှင့်
လျှပ်စစ်ဓာတ်အားပေးပို့ရေး စနစ်ကို လည်ပတ်ဆောင်ရွက်နိုင်စေရန်အတွက် ပြုပြင်ထိန်းသိမ်းရေး
နှင့် နည်းပညာတို့ကို ပံ့ပိုးပေးတာတွေ၊ ဆင့်ကဲပေါက်ကွဲစေနိုင်သော လက်နက်များ နှင့်ပတ်သက်
သည့် လိုက်နာရန်လိုအပ်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုစာချုပ်တစ်ရပ် ထွက်ပေါ်လာ
အောင် ပါ၀င်ဆောင်ရွက်တာတွေလို လုပ်ငန်းတွေဟာ လူများစွာရဲ့ ဘဝအပေါ် မှာ တိုက်ရိုက်နဲ့
ရေရှည်ကောင်းကျိုး သက်ရောက်မှုရှိစေပါတယ်"ဟု မစ္စတာ မောရေးက ပြောကြားခဲ့သည်။
"ဟင်နရီဒူးနန့်ရဲ့ စိတ်ကူးမျှော်မှန်း ချက်ဖြစ်တဲ့ ကြက်ခြေနီဟာ ဆက်လက် ရှင်သန်နေရုံတင်မက
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေမှာ ပိုမိုဖွံ့ဖြိုးတိုးတက် လာပါတယ်"ဟု မစ္စတာမောရေးက
ပြောသည်။
လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော် ကာလအတွင်း အိုင်စီအာရ်စီအနေနဲ့ ခက်ခဲတဲ့နိုင်ငံရေး
အခြေအနေမျိုးတွေ၊ ရန်ပုံငွေအခက်အခဲတွေ၊ ယဉ်ကျေးမှုဆိုင်ရာအဟန့် အတားတွေ၊ မရေမတွက်
နိုင်တဲ့အခြား အတားအဆီးတွေအပြင်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့
ကာကွယ်စောင့်ရှောက်မှုတွေကို အရေးတကြီးလိုအပ်နေသူတွေထံအရောက်ပို့ ပေးတဲ့အိုင်စီအာရ်စီ
ရဲ့ ၀န်ထမ်းတွေကို တိုက်ခိုက်တာမျိုးတွေကို ကြံုတွေ့ကျော်လွှားခဲ့ရပါတယ်။
ယခင်က ဆွစ်ဇာလန် နိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထားခဲ့သည့် အတန်သေးငယ်သော အဖွဲ့
အစည်း လေးသည် ယခုအခါ ကမ္ဘာတစ်လွှားရှိ နိုင်ငံ ၉၀ ကျော်တွင် လူသားချင်းစာနာထောက်
ထားမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမျိုးသား၊ အမျိုးသမီးဝန်ထမ်း ၁၃,၀၀၀
နီးပါး ဖြင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

















