အာဖဂန်လမ်းပေါ်ကလူငယ် ကလေးအော်စကာပွဲ တက်မည်

အာဖဂန်လမ်းပေါ်ကလူငယ် ကလေးအော်စကာပွဲ တက်မည်

ကဘူးလ် - သူသည် ရုပ်ရှင်ဇာတ်ကား တစ်ကားတွင် ဇာတ်ဆောင်အဖြစ် ပါ၀င်သရုပ်ဆောင်ခွင့်
ရခဲ့သည်။

သူ့အဖို့မမျှော်လင့်သော အခွင့်အရေးတစ်ခုဖြစ်သည်။ အာဖဂန်လမ်းပေါ်မှ ကလေးတစ် ယောက်
သည် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဟု ဆိုရမလောက်ပင် အမေရိကန်နိုင်ငံ၊ ဟောလိ၀ုဒ်ရုပ်ရှင်မြို့တော်သို့
သွား ရောက်ကာ အော်စကာဆုရွေးပွဲတွင် ကော်ဇောနီဖြင့် ကြိုဆိုခြင်းကိုခံရမည့် အဖြစ်ကြံုခဲ့ရ
သည်။

အသက် ၁၄ နှစ်ရှိ ဖာဝပ်မိုဟမ်မဒီ သည် မိသားစုကို ထောက်ပံ့ရန် ကဘူးလ် မြို့၏ ကျော်ကြား
သော Chicken Street လမ်းပေါ်တွင် သွားလာနေခဲ့သည့် နိုင်ငံ ခြားသားများအား မြေပုံများကို
ရောင်းနေစဉ် အမေရိကန် ဒါရိုက်တာ ဆမ်ဖရင့်ချ်နှင့်တွေ့ဆုံခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ရုပ်ရှင် ဇာတ်ကားတစ်ကားလုံးကို ရိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌
အကယ်ဒမီ ရွေးပွဲတွင် "Best Live Action Short Film" အတွက် အဆိုပြုခံရသော "Buzkashi
Boys" တွင် အဓိက ဇာတ်ကောင်များထဲမှ တစ်ဦးအဖြစ် ဖရင့်ချ်က မိုဟမ်မဒီကို သရုပ်ဆောင်
စေသည်။

သူ့မိသားစုတွင် သားအငယ်ဆုံး ဖြစ်သော မိုဟမ်မဒီသည် မြေပုံများ နှင့် အဘိဓာန်များကို Chicken
Street ပေါ်တွင်ရောင်းရင်း အင်္ဂလိပ်စာသင်ခဲ့သည်။

မိုဟမ်မဒီ၏ ကြင်နာတတ်ပြီး စိတ်ကောင်းစေတနာရှိသော ပင်ကို စရိုက်သည် ရုပ်ရှင်ထဲရှိ ဇာတ်
ကောင်၏ စရိုက်နှင့်တူသောကြောင့် ၎င်းအား ထူးထူးခြားခြား သရုပ်မဆောင်စေဘဲ ပင်ကိုစရိုက်
အတိုင်း နေစေခဲ့ခြင်း ဖြင့် ဇာတ်လမ်းဇာတ်ကွက်တွင် အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည် ဟု
ဖရင့်ချ်ကဆိုသည်။

(အေအက်ဖ်ပီ)