အကျင့်ဆိုးများ၏ အတိုင်းအတာကို ကြည့်မည်ဆိုလျှင် ဘင်ဂျမင်နေတန်ယာဟု၏ အကျင့်ဆိုးမှာ
သစ်ခွနံ့သတ် ရေခဲမုန့်ဟု ပြောရမှာဖြစ်ပါတယ်။
ရေခဲမုန့်ကို စွဲမက်သဖြင့် အစ္စရေး ၀န်ကြီးချုပ်၏ ဘတ်ဂျက်ထက် ပေါင်ငွေ ၁,၇၀၀ ပိုသွားခဲ့ရာ
အစ္စရေးနိုင်ငံ၏ မီဒီယာလောကကို တုန်လှုပ်စေခဲ့ပြီး နေတန်ယာဟု၏ နိုင်ငံရေးအတိုက်အခံ
အတွက် လက်ဆောင်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
၂၀၁၂ ခုနှစ်က နေတန်ယာဟု၏ အိမ်တွင်းစာရင်းများအရ ဂျေရုဆလင်မြို့ ရေခဲမုန့်ဆိုင်မှ သူ့အမှု
ထမ်းများအား ရေခဲမုန့်ဝယ်ခိုင်းခဲ့ရာ ရှီကယ်လ် ၁၀,၀၀၀ (ပေါင်ငွေ ၁,၇၅၀) ခန့် သုံးခဲ့ ကြောင်း
Calcalist ဘဏ္ဍာရေးနေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
ဤ ဘတ်ဂျက်သည် နေတန်ယာဟုနှင့် သူ၏ မိသားစုတို့အား တစ်လလျှင် ရေခဲမုန့် ၁၄ ကီလိုဂရမ်
စားသုံးနိုင်စေသည်။
နေတန်ယာဟု၏ ကိုယ်တိုင်အရသာ ခံစားမှုများနှင့် ကိုက်ညီသည့် ဘာလ်ဖိုးလမ်းရှိ Metudela
ရေခဲမုန့်ဆိုင်ကို ရက်ရောသည့် ကန်ထရိုက်ပေးခဲ့ခြင်း ဖြစ်သည်။
နေတန်ယာဟုသည် ကျယ်ပြန့်သည့် ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းရန် ရုန်းကန် နေချိန် စိန်ခေါ်ခြင်းခံ
ရမည့် ခြိုးခြံ ချွေတာရေးဘတ်ဂျက်မူကို တင်သွင်းရန် ပြင်ဆင်ထားသည့်အချိန်မှာ ဤကိစ္စ ပေါ်
ပေါက်လာခြင်းသည် နေတန်ယာဟု အတွက် နေရထိုင်ရခက်သည့် အခြေအနေကိုရောက်ရန်
ဖန်တီးလာသလို ဖြစ်ခဲ့သည်။
ဤ ခြိုးခြံချွေတာရေး ဘတ်ဂျက်သည် ကျောင်းဆရာများ၊ လူမှုဝန်ထမ်းများနှင့် ရဲအရာရှိများ၏
၀င်ငွေကို ထိခိုက်စေမည်ဖြစ်သည်။
ဤသတင်းကို ကြားပြီးသည့်နောက် အတိုက်အခံ လေဘာပါတီခေါင်းဆောင် Shelly Yacimovich
သည် ရေခဲမုန့် ကတော့ကိုင်ထားသည့် နေတန်ယာဟု ၏ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်
ပြီး "ပေါင်မုန့်မရှိရင် သူတို့ ရေခဲမုန့်စားပါစေ။ ကျွန်မတို့ ရယ်ပဲရယ် ရမလား၊ ငိုပဲငိုရမလား။
'အခမဲ့အစား အစာ' မရှိဘူးလို့ သူပြောခဲ့တုန်းက ဒီအဓိပ္ပာယ်ကိုဆိုခဲ့တာလား"ဟု သူက ပြက်လုံး
ထုတ်ခဲ့သည်။
၂၀၁၂ ခုနှစ်က နေတန်ယာဟုနှင့်ဇနီး တို့အား သန့်ရှင်းရေး၊ အဝတ်အစားနှင့် စားနပ်ရိက္ခာ (ရေခဲမုန့်
ဖိုးမပါ) အတွက် အခွန်ထမ်းများ၏ ငွေ ၂ ဒသမ ၄၆ သန်း ရှီကယ်လ် (ပေါင်ငွေ ၄၃၀ယဝဝ၀) ခွဲဝေ
သတ်မှတ်ထားခဲ့သည်။
(ဂါးဒီးယန်း)

















