ဂျိုဟန်နက်စဘာ့ဂ် - သက်လတ်ပိုင်းရှိ တောင်အာဖရိကအင်ဂျင်နီယာတစ်ဦးသည် သူ၏မိခင်
ဘာသာစကားဖြင့် ၀တ္ထုတစ်ပုဒ်ကို ရေးသားရန်ကြိုးစားရာ ခေတ်သစ်ဘဝကိုဖော်ပြရန်စကားလုံး
ကင်းမဲ့နေကြောင်း တွေ့ရှိရသည်။
အင်္ဂလိပ်ဘာသာစကားကို အသုံးမပြုဘဲ ဖီယာယင်ကိုစီဘူယာဇီသည် တောင်အာဖရိကနိုင်ငံ
လူဦးရေ သန်း ၅၀ ၏ လေးပုံတစ်ပုံခန့်၏ မိခင်ဘာသာ စကားဖြစ်သော ဇူးလူးဘာသာစကား တွင်
စကားလုံးအသစ် ၄၅၀ ခန့်ကို ဖန်တီးခဲ့ရသည်ဟုဆိုသည်။
သူ၏ Amayi phendleya ဟူသော စာအုပ်မှာ လူငယ်လေး လေးဦးက နည်းပညာ၏ အံ့ဖွယ်စွမ်း
အင်တွေနှင့် စွန့်စားခန်းများကိုရေးသားထားသော ၀တ္ထုတစ်ပုဒ်ဖြစ်သည်။
၎င်း၏ဝတ္ထုကြောင့် ဇူးလူးဘာသာ စကားတွင် ပထမဆုံးအကြိမ်အဖြစ် လေ အေးပေးစက်၊ လေထု
ရေထု ညစ်ညမ်းမှု၊ ကိုလိုနီဝါဒ စသော စကားလုံးအသစ်များ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘူယာဇီ၏ပြောကြားချက်အရ သူထိုသို့စကားလုံးသစ်များဖန်တီးရန် အတွေးရလာခြင်းမှာ ဇူးလူး
ဘာသာစကားက အထွေထွေဗဟုသုတကဏ္ဍ အားလုံးနီးပါးမှာ နောက်ကျကျန်နေခဲ့ပြီး ဆိုသည်ကို
သတိပြုမိခဲ့၍ဖြစ်ကြောင်း ဆိုထားသည်။
ဇူးလူးဘာသာစကား သည် စာအုပ်ရေးသားရန်မဆိုထားနှင့် စကားပြောဆိုရန်ပင် ဝေါဟာရချို့တဲ့
နေပြီဟု ၎င်းကဆိုသည်။
ဘူယာဇီက ၎င်းဖန်တီးခဲ့သောစကား လုံးများသည် ဇူးလူးဘာသာစကားကို မိခင်ဘာသာ၊
သို့မဟုတ် ဒုတိယဘာသာ စကားအဖြစ် အသုံးပြုသူများ နှစ်သက်ပါက နေ့စဉ်ဝေါဟာရတွင်
အသုံးပြုလာကြရန်မျှော်လင့်ကြောင်း ဆိုသည်။
ဇူးလူးစာပေအတွက် ဈေးကွက်မရှိသဖြင့် ၎င်းသည် မိမိကိုယ်ပိုင်ပုံနှိပ်တိုက် ထောင်ကာ စာအုပ်
ထုတ်ဝေခဲ့ရသည်။
စစ်တမ်းကောက်ယူူမှုများအရ ၂၀၁၁ ခုနှစ်အတွင်းဘာသာရေးနှင့် ကျောင်းသုံး စာအုပ်များမှအပ
ဇူးလူးဘာသာစကား ဖြင့် စာအုပ်တစ်အုပ်မျှ မထွက်ရှိခဲ့ပေ။
ဘူယာဇီက ဇူးလူးဘာသာစာပေ ဈေးကွက်ပေါ်ပေါက်လာအောင် ကြိုး ပမ်းလိုခဲ့ခြင်းဖြစ်သည်။
အောက်စဖို့ဒ် တက္ကသိုလ်ထွက်ဖြစ်သော ဘူယာဇီသည် Sunday Times သတင်းစာ၏ ဇူးလူး
ဘာသာစာစောင်တွင် cross word ပဟေဠိများကို စုစည်းတင်ပြ နေသူဖြစ်ပြီး ဇူးလူးဘာသာ
စာရေးဆရာများကို ၎င်း၏ပုံနှိပ်တိုက်မှ စာအုပ်ထုတ်ဝေပေးလိုသည်။
Kwa ZuLu Natal တက္ကသိုလ်မှာ အာဖရိကန်ဘာသာစကား သုတေသီတစ်ဦးဖြစ်သော ပါမောက္ခ
နာလန်လာ မက်သိုစီကမူ ဝေါဟာရ အသစ်များကို ဖန်တီးမှုသည် ဘာသာစကားကိုနက်ရှိုင်းစွာ
နားလည်ရန်လိုအပ်ကြောင်း၊ စကားလုံးသစ်များသည် လူများကို ရှင်းလင်းစွာ နားလည်နိုင်စေရမည်
ဖြစ်ကြောင်း ဆိုသည်။
(အေအက်ဖ်ပီ)
















