အချက်အလက်ခိုးယူဆိုသော 'ကန်'စွဲချက် အခြေအမြစ်မရှိ

အချက်အလက်ခိုးယူဆိုသော 'ကန်'စွဲချက် အခြေအမြစ်မရှိ

ကွန်ပျူတာဖြင့် အခြားကွန်ပျူတာမှ အချက်အလက်များစွာကို ခိုးယူနှောက်ယှက်မှုများစွာ၏ နောက်
ကွယ်တွင် တရုတ်စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တစ်ခုရှိ နေသည်ဟူသော အမေရိကန်ကုမ္ပဏီ တစ်ခု၏
စွပ်စွဲပြောဆိုမှုသည် နည်းပညာဆိုင်ရာ ချွတ်ယွင်းမှုများရှိနေသဖြင့် အခြေအမြစ်မရှိကြောင်း တရုတ်
ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၀ ရက် နေ့တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညက ထုတ်ပြန်ခဲ့သည့် အိုဘားမား အစိုးရသည် တရုတ်
စစ်ဘက်ဆိုင်ရာ အရာရှိများ အပါအဝင် တရုတ်အစိုးရ၏ အဆင့်မြင့် အရာရှိကြီးများအပေါ်
ဆိုက်ဘာခိုးယူမှုများနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများရှိခဲ့ရကြောင်း ပြောဆိုအပြီး တွင် ယင်းထုတ်ပြန်
ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လုံခြံုရေးကုမ္ပဏီ Mandiant က ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ရှန်ဟိုင်းအခြေစိုက်တပ်ဖွဲ့
၆၁,၃၉၈ သည် ဆိုက်ဘာခိုးယူမှု နောက်ကွယ်မှ အဖြစ်နိုင်ဆုံးသော အဓိက မောင်းနှင်အားဖြစ်
သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းတပ်ဖွဲ့သည် လုပ်ငန်းများစွာအပေါ် တစ်စိုက်မတ်မတ် တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ကြောင်း
Mandiant က ပြောသည်။

စွပ်စွဲပြောဆိုမှုများကို ငြင်းဆိုထား ပြီးဖြစ်သော တရုတ် ကာကွယ်ရေး ၀န်ကြီးဌာနသည် ယုတ္တိမရှိ
သော အချက်အလက်များအပေါ် အားထားပြောဆိုသည့်အတွက် Mandiant ကို ပြစ်တင် ပြော
ဆိုလျက် ထုတ်ပြန်ချက်အသစ် တစ်ခု ထပ်မံထုတ်ပြန်ခဲ့သည်။

"ဆိုက်ဘာ တိုက်ခိုက်မှုတွေဟာ တရုတ်နိုင်ငံမှာ စတင်အခြေခံတယ် ဆိုတဲ့ ကောက်ချက်တစ်ခုချ
ဖို့အတွက် အိုင်ပီလိပ်စာအပေါ်မှာပဲ အားထားနေတဲ့ အစီရင်ခံစာဟာ နည်းပညာရပ်ဆိုင်ရာ
သက်သေမဲ့နေတယ်" ဟု ၀န်ကြီးဌာနက ယင်း၏ဝက်ဘ်ဆိုက် ပေါ်မှ ထုတ်ပြန်ချက်တွင်ဆိုထား
သည်။

"ကိုယ်ပိုင် အိုင်ပီလိပ်စာမဟုတ်တာ တွေနဲ့ သူများကွန်ပျူတာတွေက အချက်အလက်တွေ ခိုးယူနေ
တာဟာ နေ့စဉ်လိုလို ဖြစ်ပျက်နေတယ်ဆိုတာကို လူတိုင်းသိတာပဲ" ဟု ၎င်းထုတ်ပြန်ချက် က
ပြောသည်။

"ဒုတိယတစ်ခုက ကွန်ပျူတာ အချက်အလက် တိုက်ခိုက်မှုတစ်ခုမှာ ဘာတွေပါ၀င်တယ်ဆိုတဲ့
နိုင်ငံတကာ ရေးရာတိကျရေရာမှု မရှိသေးတာ၊ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသေးတာတွေရှိ
နေသေးတယ်။ ပြီးတော့ အွန်လိုင်းကနေ နေ့စဉ်သတင်းအချက် အလက်ရယူနေတာဟာ အွန်လိုင်း
သူလျှိုလုပ်တယ်ဆိုတဲ့ အစီရင်ခံမှုနဲ့ စပ်လျဉ်းလို့ ဘယ်လိုဥပဒေကြောင်း သက်သေပြချက်မှမရှိပါ
ဘူး" ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

ကွန်ပျူတာအချက်အလက်ခိုးယူခြင်း၊ သို့မဟုတ် ဆိုက်ဘာခိုးယူခြင်းသည် ယင်း၏ သဘော
သဘာဝအရပင် နယ်စည်းခြားနားမှုမရှိခြင်း၊ မည်သူမည်ဝါ မသိရှိရခြင်းနှင့် လှည့်ဖြားတတ်ခြင်း
စသည် တို့ကြောင့် မည်သည့်နေရာတွင် အရင်းခံသည်ဆိုခြင်းကို ဖော်ထုတ်ရန် မှာ ခက်ခဲလှသည်
ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

တပ်ဖွဲ့ ၆၁,၃၉၈ သည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ်လုပ်ငန်းအခြေစိုက် ရှန်ဟိုင်းမြို့၏ ဖူတုန်း
ခရိုင်တွင်တည်ရှိပြီး ကွန်ပျူတာပရိုဂရမ်၊ နက်ဝပ်ပညာ နှင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သည့်
ထောင်ပေါင်းများစွာသော ၀န်ထမ်းများ ခန့်အပ်ထားနိုင်ခြေရှိ ကြောင်း Mandiant က ပြောသည်။

ယင်းတပ်ဖွဲ့သည် ၂၀၀၆ ခုနှစ် ကာလမှစတင်ခဲ့ရာ လုပ်ငန်းအမျိုးမျိုးရှိ အဖွဲ့အစည်းပေါင်း ၁၄၁ ခု
ထံမှ သန်း ပေါင်းများစွာသော အချက်အလက်များကို ခိုးယူထားကြောင်း Mandiant က စွပ်စွဲ
တင်ပြခဲ့သည်။

(ရိုက်တာ)