မြောက်ကိုရီးယားမှ အန္တရာယ် မြင့်တက် လာနေကြောင်းနှင့် မြောက်ကိုရီးယားမှ နောက်ဆုံးဖြစ်
လာနိုင်သော အခြေအနေ အားလုံးအတွက် အမေရိကန်က အသင့် ပြင်ဆင်ထားကြောင်း အမေရိ
ကန် ကာကွယ်ရေးဝန်ကြီး ချတ်ခ်ဟေဂဲလ် က မတ်လ ၂၈ ရက်က ပြောကြား လိုက်သည်။
"ကျွန်တော်တို့ဟာ အပြတ်ကာကွယ် သွားမယ်။ တောင်ကိုရီးယားအပါအဝင် ဒေသတွင်းက မဟာ
မိတ်တွေ အားလုံး အတွက် ပြတ်ပြတ်သားသား တာဝန်ယူ ကာကွယ်သွားမယ်"ဟု ဟေဂဲလ်က
သတင်းထောက်များကို ပြောသည်။
အမေရိကန်သည် တောင်ကိုရီးယား နိုင်ငံပေါ်သို့ နျူကလီးယားဗုံး သယ်ဆောင်နိုင်ပြီး ရေဒါကို
ရှောင်ကွင်း နိုင်သော ကိုယ်ပျောက် ြ-၂ ှအနေူအ့ ဗုံးကြဲလေယာဉ်ကြီးနှစ်စင်း စေလွှတ် ပျံသန်းပြီး
နောက် ကာကွယ်ရေးဝန်ကြီး ဟေဂဲလ်က "ကျွန်တော်တို့ အသင့်ပြင် ထားရမယ်။ နောက်ဆုံးဖြစ်
လာနိုင်တဲ့ အလားအလာအတွက် အသင့်ပြင်ထား မှဖြစ်မယ်"ဟု ပြောကြားလိုက်သည်။
"မြောက်ကိုရီးယားက ဆွပေးနေတဲ့ ရန်စမှုတွေကို ကျွန်တော်တို့ အလေး အနက် သဘောထား
တယ်။ အတိအကျ တုံ့ပြန်သွားမယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောထားရပါတယ်" ဟု ဟေ
ဂဲလ်က ပြောသည်။
လွန်ခဲ့သောလများအတွင်း မြောက် ကိုရီးယားသည် တာဝေးပစ်ဒုံးပျံ ပစ်ခတ်စမ်းသပ်ခြင်း၊ တတိယ
မြောက် နျူကလီးယားဗုံးကို ဖောက်ခွဲစမ်းသပ် ခြင်း၊ ပစိဖိတ်ဒေသနှင့် အမေရိကန် ပြည်မကြီးပေါ်ရှိ
စစ်အခြေစိုက်စခန်း များကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခြင်းတို့ကို ဆက်တိုက် ပြုလုပ်ခဲ့ခြင်း
ကြောင့် မြောက်ကိုရီးယားနှင့် တင်းမာ မှုများဖြစ်ပေါ်ခဲ့သည်။
အမေရိကန်တို့သည် ြ-၂ ဗုံးကြဲ လေယာဉ်ကြီးများ စေလွှတ်ပျံသန်းမှုကို လူသိရှင်ကြား ထုတ်ဖော်
ကြေညာမှု ပြုလုပ်ခဲလှသဖြင့် ယခု ြ-၂ လေယာဉ် ကြီးများစေလွှတ်မှုမှာ အဓိကခြေလှမ်း တစ်ခုအ
ဖြစ် ရှုမြင်နေကြသည်။ အမေရိ ကန်ထိပ်တန်း စစ်အရာရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်သော ဗိုလ်ချုပ် မာတင်
ဒမ်ဆေးက "ြ-၂ လေယာဉ်ကြီးတွေ စေလွှတ်ခဲ့ခြင်း မှာ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကို ကာ
ကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ မြောက်ကိုရီးယားကို ရန်စသည့် အပြုအမူမဟုတ်ကြောင်း"
ပြောဆို ခဲ့သည်။
"ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ရ တာကလည်း အသင့်ဖြစ်နေဖို့နဲ့ ပဋိပက္ခ တွေကို ဟန့်တား
နိုင်ဖို့အတွက် မဟာ မိတ်တွေဟာ ကျွန်တော်တို့အပေါ် ယုံကြည်အားထားနိုင်ပါတယ် ဆိုတာကို
အာမခံ ပြသတာပဲဖြစ်ပါတယ်"ဟု ဗိုလ်ချုပ် ဒမ်ဆေးကပြောသည်။
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ကိုယ်
ပိုင် နျူကလီးယား လက်နက်များပိုင်ဆိုင်အောင် ကြိုးစား လာကြမည်ကို အမေရိကန်ပေါ်လစီ ချ
မှတ်သူခေါင်းဆောင်များက စိုးရိမ် နေကြသည်။ ဤသို့ဖြစ်လာဖို့ အလား အလာ အလွန်ကွာလှမ်း
ဆဲ ရှိသည်ဟု ဝေဖန်ဆန်းစစ်သူတို့က ယုံကြည် ထားကြသည်။
"မြောက်ကိုရီးယားသည် လေတစ်လုံး မိုးတစ်လုံး ဟိန်းဟောက်နေသော်လည်း ၎င်းတို့၏ စစ်ရေး
လှုပ်ရှားမှုပုံစံမှာမူ ယခင်ရှိမြဲပုံစံအတိုင်းသာ ရှိနေဆဲ ဖြစ်ပါကြောင်း" အမေရိကန်ဗိုလ်ချုပ် ဒမ်ဆေး
က စစ်ရေးလေ့ကျင့်စဉ်အတွင်း ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)
















