ကိုင်ရို - တော်လှန်ရေးကာလ နှောင်း ပိုင်း အီဂျစ်နိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်နှင့်
ပတ်သက်၍ မီးမောင်းထိုးပြကာ သမ္မတနှင့် ဘာသာ ရေးကို စော်ကားသည်ဟု စွပ်စွဲခံရကာ
ငါးနာရီကြာ မေးမြန်းခံရပြီးနောက် အီ ဂျစ်သရော်စာရေးသူ ဘက်ဆန် ယူဆွတ်သည် မတ်လ
၃၁ ရက်နေ့က အာမခံဖြင့် လွတ်မြောက်ခဲ့သည်။
အပတ်စဉ်ရုပ်သံအစီအစဉ်တွင် အာဏာရှိသူများကို ကြမ်းတမ်းစွာ ဝေဖန် ခဲ့ကာ ပြည်တွင်းရုပ်
သံဘောင်ကို ကျော် လွန်ခဲ့သည့် ယူဆွတ်သည် စုံစမ်းစစ်ဆေး မှုမတိုင်မီအတောအတွင်း အီ
ဂျစ်ပေါင် ၁၅,၀၀၀ (ဒေါ် လာ ၂,၂၀၀) ပေးဆောင် ရန် အမိန့်ချမှတ်ခံရကြောင်း တရားရေး ပြော
ရေးဆိုခွင့်ရှိသူများက ဆိုသည်။
ယင်းအာမခံငွေသည် တရားစွဲဆိုမှု သုံးခုအတွက်ဖြစ်ကြောင်းဆိုလျက် ယူ ဆွတ်သည် အာမခံအ
ခြေအနေများကို တွစ်တာစာမျက်နှာပေါ်၌ အတည်ပြုခဲ့ သည်။ ယူဆွတ်သည် မတ်လ ၃၁ ရက်နေ့
မနက်ပိုင်း အစိုးရရှေ့နေများရုံးသို့ ရောက်ရှိခဲ့သည့်တိုင်ပင် အာဏာပိုင် များကို ဆက်လက်စိန်ခေါ်ခဲ့
သည်။
ယူဆွတ်သည် ပါကစ္စတန်တက္ကသိုလ် တစ်ခုမှ သမ္မတ မိုဟာမက်မော်စီ မတ်လ ဆန်းက ဂုဏ်ထူး
ဆောင် ဒေါက်တာဘွဲ့ လက်ခံစဉ်က ဆောင်းခဲ့သည့် ဦးထုပ်၏ ကြီးမားသည့်ပုံစံမျိုး ဆောင်း၍ပြသ
ကာ ကြိတ်ကြိတ်တိုးများပြားသည့် ကင်မရာများနှင့် ထောက်ခံသူများ အကြား ဖြတ်သန်းသွားခဲ့
သည်။ နှလုံးခွဲစိတ်ကုဆရာဝန်တစ်ဦးအဖြစ် မှ သရောစာရေးသူ၊ ဟာသမင်းသား တစ်ဖြစ်လဲဖြစ်
လာသည့် ယူဆွတ်က အစိုးရရှေ့နေများသည် ၎င်းနှင့်အတူ ဓာတ်ပုံတွဲအရိုက်ခံလို၍ ၎င်းကိုဆင့်
ခေါ်ခြင်းဖြစ်နိုင်ကြောင်း တွစ်တာစာ မျက်နှာပေါ်တွင် နောက်ပြောင်ပြောဆို ခဲ့သည်။
တွစ်တာစာမျက်နှာပေါ်တွင် ထောက် ခံသူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိ သည့် ယူဆွတ်ကို ဖမ်း
ဆီးရန်အတွက် အစိုးရရှေ့နေက မတ်လ ၃၀ ရက်နေ့ တွင် ၀ရန်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်း သည်
ပြပွဲအတွင်း ယူဆွတ်အသုံးပြုခဲ့ သည့်ပစ္စည်းများနှင့် စပ်လျဉ်း၍တရား ၀င်တိုင်ကြားစာများ ရောက်
ရှိခဲ့အပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဘာသာရေးဆုတောင်းမှု ဓလေ့ကို ပြက်ရယ်ပြု၍ အစ္စလာမ်ဘာသာကို စော်ကားခြင်းနှင့် သမ္မတ
မော်စီ၏နိုင်ငံ တကာ ရပ်တည်ချက်ကိုဟာသလုပ်ခြင်း တို့ဖြင့် ယူဆွတ်ကို စွပ်စွဲထားကြသည်။
ယူဆွတ်သည် အမေရိကန်ရုပ်သံ၏ ဂျွန်စတီးဝပ်ကို ဖြေကြားရာ၌ အာဏာရှိ သူများကို ထပ်တလဲ
လဲ သရော်ခဲ့သဖြင့် အာရပ်ကမ္ဘာ၏ အထင်ရှားဆုံးနိုင်ငံတွင် အထင်ကရဖြစ်လာခဲ့သည်။ ၎င်းသည်
ယခုအခါ သမ္မတအား စော်ကားသဖြင့် တရားစွဲခံနေရသော မီဒီယာများစွာနှင့် မဟာမိတ်များ ဖြစ်
လာခဲ့သည်။ ဂျာနယ်လစ်များအပေါ် တရားဝင် တိုင်ကြားမှုများစွာ မြင့်တက်လာသဖြင့် လွတ်လပ်
စွာ ထုတ်ဖော်ခွင့် မော်စီ၏ ကတိကဝတ်ကို သံသယဝင်လာကြသည်။ ယင်းသည် ၂၀၁၁ခုနှစ်တွင်
ဟော့စနီ မူဘာရက်ကို ဖြုတ်ချခဲ့သည့် လူသိများ သော ပုန်ကန်မှု၏ အဓိက တောင်းဆို ချက်ပင်
ဖြစ်သည်။
(အေအက်ဖ်ပီ)

















