အီစတာပွဲပထမဦးဆုံးနေ့၌ ပုပ်ရဟန်းမင်းကြီးက၊၊ဆီးရီးယား နှင့် ကိုရီးယားကျွန်းဆွယ်အတွက် ငြိမ်းချမ်းရေးဆုတောင်းပေး

အီစတာပွဲပထမဦးဆုံးနေ့၌ ပုပ်ရဟန်းမင်းကြီးက၊၊ဆီးရီးယား နှင့် ကိုရီးယားကျွန်းဆွယ်အတွက် ငြိမ်းချမ်းရေးဆုတောင်းပေး

ဗာတီကန်စီးတီး - စိန့်ပီတာရင်ပြင်ရှိ လူစုလူဝေးကြီး၏ ရှေ့မှောက်၌ ၎င်း၏ ပထမဆုံးသော
အီစတာတနင်္ဂနွေ အမှာစကားတွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဆီးရီးယားနိုင်ငံအတွက်
နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးနှင့် ကိုရီး ယား ကျွန်းဆွယ်ပေါ်တွင်လည်း ပြန်လည်သင့်မြတ်ရေး
တို့အတွက်ဆုတောင်းပေးခဲ့သည်။

လက်တင်အမေရိကတိုက်၏ ပထမ ဆုံး ပုပ်ရဟန်းမင်းက နိုက်ဂျီးရီးယားတွင် စစ်သွေးကြွများဖမ်း
ဆီးခံထားရသည့် ဓားစာခံများအတွက်လည်း အသနားခံ ခဲ့ကာ လူကုန်ကူးခြင်းသည် ၂၁ ရာစု၏
အကျယ်ပြန့်ဆုံး ကျွန်ပုံစံတစ်ခုဖြစ် ကြောင်း ရှုတ်ချပြောဆိုခဲ့သည်။

မတ်လ ၁၃ ရက်နေ့က ပုပ်ရဟန်း မင်းအဖြစ်နှင့် အာဏာအတွက် ၎င်း၏ အလွန်အရေးပါသော
ရွေးကောက်ပွဲ ပြီးနောက် ပထမဦးဆုံး ပရိသတ်ရှေ့ မှောက် ပေါ်လာသည့် စိန့်ပီတာဘုရား ရှိခိုး
ကျောင်း၏ လသာဆောင်မှ ပုပ်ရဟန်းမင်းကြီးသည် ရောမပြည်သူ များနှင့် ကမ္ဘာသူကမ္ဘာသား
များအား ၎င်း၏ ဓ့မဘင နအ ဥမဘငဓ ဆုတောင်း မေတ္တာကို ပို့သခဲ့သည်။

ဗာတီကန်တွင် ကမ္ဘာအရပ်ရပ်မှ လူပေါင်း ၂၅၀,၀၀၀ ခန့်ရှေ့မှောက်၌ ဆီးရီးယားနိုင်ငံ၏ ပဋိပက
္ခနှင့် ဒုက္ခ ရောက်နေသော ပြည်သူများ၊ အကူအညီ နှင့် နှစ်သိမ့်မှုကို စောင့်မျှော်နေကြသော ဒုက
္ခသည်များစွာတို့အတွက် ဖရန့်စစ်က ဆုတောင်းပေးခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် စစ်ဖြစ်တော့
မည့် အခြေအနေတွင်ရှိပြီး နျူကလီးယား လက်နက်များကို တိုးချဲ့မည်ဟု ကြေညာ နေရာ ရင်ကြား
စေ့မှုအတွက် ထပ်မံ ကြိုးပမ်းမှုစိတ်ဓာတ် ရှင်သန်ပါစေဟု ဖရန့်စစ်က ဆုတောင်းခဲ့သည်။

ကလေးများအပါအဝင် လူမြောက် မြားစွာကို အကြမ်းဖက်အုပ်စုများက ပြန်ပေးဆွဲပြီး ဖမ်းဆီးထား
သည့်အတွက် ဖရန့်စစ်က နိုက်ဂျီးရီးယားအတွက် ဆုတောင်းပေးခဲ့သည်။

စိန့်ပီတာရင်ပြင်တွင် ပုပ်ရဟန်းမင်း သည် အမိုးဖွင့်ကားဖြင့် လှည့်လည်ပြီး ကလေးများကိုနမ်းကာ
၎င်း၏မွေးရပ် မြေ အာဂျင်တီးနားနိုင်ငံ အပါအဝင် ကမ္ဘာအရပ်ရပ်မှ အလံများ ဝှေ့ယမ်းနေ သော
လူအုပ်ကြီးကို လက်ပြနှုတ်ဆက်ခဲ့ သည်။ အီစတာသည် ခရစ်ယာန်ဘာသာ ၀င်များအတွက် အ
မြင့်မြတ်ဆုံးနေ့ ဖြစ်ပြီး ယေရှုခရစ်တော် ပြန်လည် ထမြောက်တော်မူခြင်းကို ယုံကြည်သည့် အနေ
ဖြင့် ဘာသာရေးအခမ်းအနား ကျင်းပကြသည်။

အသက် ရ၆ နှစ်ရှိ ပုပ်ရဟန်းမင်း သည် ကိန်းကြီးခန်းကြီးဖြင့် ခမ်းနား သည့် အဆောင်အယောင်
များကို နှစ်သက်ခြင်းမရှိပေ။

(အေအက်ဖ်ပီ)