လက်နက်အရောင်းအဝယ်စာချုပ်ကို အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတို့ဟန့်တား

လက်နက်အရောင်းအဝယ်စာချုပ်ကို အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတို့ဟန့်တား

ကုလသမဂ္ဂ- နှစ်စဉ်ဒေါ်လာ ဘီလျံ ၈၀ တန်ဖိုးရှိ သမားရိုးကျ လက်နက်ပစ္စည်း ကုန်သွယ်မှု၏
ပထမဆုံးဂလိုဘယ်လ် သဘောတူစာချုပ်ကို မတ်လ ၂၈ ရက်က အီရန်၊ မြောက်ကိုရီးယားနှင့်
ဆီးရီးယား နိုင်ငံတို့က ပိတ်ပင်တားဆီးလိုက်သည်။

ကုလသမဂ္ဂဌာနချုပ်၌ ၁၀ ရက်ကြာ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ပြီးနောက် ဤ သုံးနိုင်ငံတို့သည်
အများဆန္ဒဖြင့် စာချုပ် ပြဋ္ဌာန်းရန် ကြိုးပမ်းမှုများကို နှစ်ကြိမ် ဟန့်တားခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ ပူးပေါင်းထားသည့် နိုင်ငံများက ဤစာချုပ်ကို အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် ကုလ
သမဂ္ဂအထွေထွေ ညီလာခံသို့ အတည်ပြုချက်ရရှိရန် လာမည့်ရက်သတ္တပတ်၌ တိုက်ရိုက် ယူ
သွားမည်ဟု ပြောကြသည်။ သုံးပုံနှစ်ပုံ အများစုထောက်ခံမှုရလျှင် အတည်ပြု နိုင်မည်ဖြစ်ရာ
အများစု မဲရရှိရန် သေချာသည်။

ထိုနိုင်ငံသုံးနိုင်ငံတို့၏ လုပ်ရပ်ကြောင့် ကွန်ဖရင့်၌ ဒေါသများထွက်ခဲ့သည်။ ထိုနိုင်ငံသုံးနိုင်ငံတို့မှာ
၎င်းတို့၏ လက်နက်အစီအစဉ်များ (သို့) ရောင်း ၀ယ်မှုကြောင့် အရေးယူမှုများဖြင့် ရင်ဆိုင်(သို့)
နိုင်ငံတကာတို့၏ အပြစ်ပေး ဖိအားပေးခြင်းခံနေရသည်။

ဤကိစ္စသည် မအောင်မြင်ခြင်း မဟုတ်ကြောင်း၊ ယနေ့သည် အောင်မြင် မှုဖြစ်ပြီး ဤအောင်မြင်မှု
ကို ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်ပြီး ကြာရှည်ရွှေ့ဆိုင်း၍ ရမှာမဟုတ်ကြောင်း ဗြိတိန်နိုင်ငံ၏ ညှိနှိုင်းရေး
အကြီးအကဲ ဂျိုးအဒမ်ဆန် က ပြောသည်။

ဤပိတ်ဆို့ခြင်းလုပ်ရပ်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က အလွန် အတ္တဆန်သည်ဟု
ပြောဆိုကာ ကမ္ဘာ သည် ဤသုံးနိုင်ငံတို့၏ ဓားစာခံလုပ်ထား ခြင်းခံနေကြရကြောင်း အောက်စ်
ဖန်းမှ လက်နက်ထိန်းချုပ်ရေး ပညာရှင် အန်နာမက္ကဒေါ်နယ်က ပြောသည်။

လက်နက်များ အဓိက ထုတ်လုပ်ကြ သည့် အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်နှင့် ဗြိ
တိန်နိုင်ငံတို့က ၂၀၀၆ ခုနှစ် က ညှိနှိုင်းဆွေးနွေးမှုများ စခဲ့သည့် စာချုပ် အပေါ် သဘောတူရန်
အဆင်သင့်ရှိနေ ခဲ့ကြသည်။

၁၉၉၆ ခုနှစ်က သဘောတူခဲ့သည့် နျူကလီးယားစမ်းသပ်မှု တားဆီးရေး စာချုပ်နောက်ပိုင်း
ပထမဆုံးအဓိကကျ သည့် သဘောတူစာချုပ်၌ တင့်ကားများ၊ တိုက်ပွဲဝင်သံချပ်ကာများ၊ အ
မြောက် များ၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် များ၊ စစ်သင်္ဘောများ၊ ဒုံးကျည်နှင့် ဒုံးကျည်
ပစ်စင်များအပြင် လက်နက် သေးများလည်း ပါ၀င်သည်။

ရည်ရွယ်ချက်မှာ နိုင်ငံများကို လက်နက်များတင်ပို့မှုများတွင် နိုင်ငံ အနေဖြင့်ထိန်းချုပ်မှုများ
ပြုလုပ်ရန် တွန်းအားပေးမည်ဖြစ်သည်။ လက်နက် တစ်ခုကိုမရောင်းမီ ဤလက်နက်သည်
မျိုးဖြုတ်သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ် မှုများ (သို့) အကြမ်းဖက်သမားများ (သို့) စည်းရုံးထား
သည့် ရာဇဝတ်ဂိုဏ်း အတွက် အသုံးဝင်၊ မဝင်ကို စစ်ဆေး နိုင်ခွင့်ရှိသည်။

ကွန်ဖရင့်ဥက္ကဋ္ဌဖြစ်သူ ဩစတြေးလျ နိုင်ငံမှ ပီတာဝူလ်ကော့တ်သည် သဘော တူညီချက်တစ်
ခုကို အတည်ပြုရန် သဘာပတိသုံးသည့် အသေးစားတူဖြင့် ထုရန်ပြင်ဆင်နေစဉ် အီရန်၊ မြောက်
ကို ရီးယားနှင့် ဆီးရီးယားသံအမတ်များက ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

ကန့်ကွက်သည့် သုံးနိုင်ငံတို့သည် တစ်နိုင်ငံချင်း ကန့်ကွက်သည့်အကြောင်း များကို သီးခြားပြော
ကြရာတွင် ရှိရင်းစွဲ နိုင်ငံများ၏ မိမိနိုင်ငံကို ကာကွယ်ခွင့်၊ ကျူးကျော်မှုကိုကာကွယ်ရန်နှင့် ပိုင်နက်
အချုပ်အခြာ ထိန်းသိမ်းမှုကို ပြောဆိုခြင်း မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က
ပြောသည်။

တစ်ဖန် ကုလသမဂ္ဂဆိုင်ရာ မြောက် ကိုရီးယား၏ ဒုတိယ သံအမတ်က ပြောဆိုရာတွင် အကြံပြု
ထားသည့် သဘောတူစာချုပ်မှာ အန္တရာယ်ရှိနိုင် သည့် မူကြမ်းဖြစ်ပြီး အဓိကလက်နက် တင်ပို့သူ
များက နိုင်ငံရေးအရ ခြယ်လှယ် နိုင်ကြောင်းပြောဆိုခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်
က 'အကြမ်းဖက်သမားများ' နှင့် 'နိုင်ငံမဲ့ အဖွဲ့အစည်းများ'တို့ကို လက်နက် ထောက်ပံ့ခြင်း ကိစ္စနှင့်
ပတ်သက်ပြီး စာချုပ်သည် ပို၍ တိကျပြတ်သားစွာ ဖော်ပြသင့်ကြောင်း ပြောဆိုခဲ့သည်။

စာချုပ်ကို သဘောတူ လက်ခံခြင်းမရှိ သည့်အတွက် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း
သည် စိတ်ပျက် ခဲ့ကြောင်း ကုလသမဂ္ဂ ပြောဆိုခွင့်ရှိသူက ပြောသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာ့အကြီး ဆုံး လက်နက်ရောင်းချသည့် နိုင်ငံ ဖြစ်သော်လည်း အမေရိ
ကန်အစိုးရ သည် စာသားကို ထောက်ခံကြောင်း နှင့် အမေရိကန် ကုန်သွယ်မှုမှာလည်း စာချုပ်
ကြောင့် ထူးထူးကဲကဲ အဟန့် အတားမဖြစ်ကြောင်း နိုင်ငံတကာ လုံခြံုရေးအတွက် အမေရိကန်
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ် ကန်းထရီးမန်းက ပြောသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဤစာချုပ်အား သဘောတူညီခဲ့လျှင် လည်း ကမ္ဘာတစ်ဝန်းက
လက်ခံကြမည် မဟုတ်ကြောင်း၊ အခြားနိုင်ငံများသည် ထိုသုံးနိုင်ငံတို့နှင့်အတူ ကန့်ကွက်ကြဦး
မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဤ စာချုပ် အတည်ဖြစ်လာရေးအတွက် နိုင်ငံအများစု ထောက်
ခံကြလိမ့်မည်ဟု ထင်မြင်ကြောင်း ကန်းထရီးမန်းက ပြောသည်။

(အေအက်ဖ်ပီ)