ဂျွန်ပေါလ်အုတ်ဂူသို့ ပုပ် ဖရန့်စစ် သွားရောက်

ဂျွန်ပေါလ်အုတ်ဂူသို့ ပုပ် ဖရန့်စစ် သွားရောက်

ဗာတီကန်စီးတီး - ပုပ်ရဟန်းမင်း ဖရန်စစ်သည် စိန့်ပီတာ ဘစီလီကာရှိ ဒုတိယမြောက်
ဂျွန်ပေါလ်၏ အုတ်ဂူသို့ ဧပြီလ ၂ ရက်နေ့တွင် သွားရောက်ခဲ့ ကြောင်း ဗာတီကန်နန်းတော်
၏ပြောကြားချက်အရ သိရသည်။ ယင်းသို့ သွားရောက်ခြင်းသည် ယခင်ပုပ် ရဟန်းမင်းကွယ်
လွန်ပြီး ရှစ်နှစ်မြောက် နှစ်လည်းဖြစ်သည်။

ပုပ်ရဟန်းမင်းသည် စိန့်ဆီဘက်ရှန် ဘုရားကျောင်းရှိ ကောင်းချီးပေးနေ သော ဒုတိယမြောက်
ဂျွန်ပေါလ် ရုပ်တုရှေ့တွင်ဒူးထောက်ပြီး အချိန် အတန်ကြာဆုတောင်းခဲ့သည် ဟု ဗာတီ ကန်နန်း
တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ဂျွန် ၂၂ နှင့် စိန့်ပီးရတ်စ် (၁၀) တို့၏ အုတ်ဂူများရှေ့
တွင် ခဏတာ ရပ်ပြီး အရိုအသေပေးခဲ့ကြောင်း ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်သည် ကက်သလစ်သာသနာ ကို ၁၉၇၈ ခုနှစ်မှ ကွယ်
လွန်ချိန် ၂၀၀၅ ခုနှစ်အထိ ဦးဆောင်ခဲ့သည်။ ၎င်း၏ အရိုက်အရာကိုလည်း လွန်ခဲ့သည့် ဖေဖော်ဝါ
ရီလက သက်တော် ၈၅ နှစ် အရွယ်၌ အနားယူတော့မည်ဟု ဆုံးဖြတ်ခဲ့မှုကြောင့် ကမ္ဘာကိုအံအား
သင့် စေခဲ့သော ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆ က ဆက်ခံခဲ့သည်။ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်
ကို မတ်လ ၁၃ ရက် နေ့တွင် ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်တင်မြှာက်
ခဲ့ကြခြင်းဖြစ်သည်။

"ဘစီလီကာကို ဒီနေ့ညမှာရောက်ရှိ မှာ ဖြစ်ပြီး ဘာသာရေးဆိုင်ရာလုပ်ငန်း တွေ စဉ်ဆက်မပြတ်
လေးလေးနက်နက် ဆောင်ရွက်ဖို့ ပြောကြားမှာဖြစ်ပါတယ်" ဟု ခရစ်ယာန်သာသနာရေးဝန်ကြီး
ဌာနကပြောကြားခဲ့ကြောင်း ဗာတီကန် နန်းတော်က ဖော်ပြခဲ့သည်။

(အေအက်ဖ်ပီ)