မြောက်ကိုရီးယား၏ စစ်ရေးအရ ခြိမ်းခြောက်မှုများကို ခုခံကာကွယ်သွားမည်ဟု အမေရိကန် ပြောကြား

မြောက်ကိုရီးယား၏ စစ်ရေးအရ ခြိမ်းခြောက်မှုများကို ခုခံကာကွယ်သွားမည်ဟု အမေရိကန် ပြောကြား

၀ါရှင်တန် - မြောက်ကိုရီးယားနိုင်ငံက စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုမှုများကို ထပ်မံ
အရှိန်မြင့်လိုက်ပြီးနောက် အမေရိ ကန်နိုင်ငံက ၎င်းတို့နိုင်ငံနှင့် ၎င်းတို့၏ ဒေသတွင်း မဟာ
မိတ်နိုင်ငံများအတွက် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်နေ့က ပြောကြားခဲ့
ပြီး ယင်းပဋိပက္ခမှာ ပိုပြီးကြီးမားကျယ်ပြန့် သွားနိုင်ကြောင်း သတိပေးပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြွန်
ဆေးတို့ တွေ့ဆုံဆွေးနွေးကြရာတွင် ပြီးခဲ့သည့် ရက်များအတွင်း မြောက်ကိုရီးယား အစိုးရ၏
လက်မခံနိုင်စရာခြိမ်းခြောက်ပြောဆိုမှု အမျိုးမျိုးပြုလုပ်ခဲ့ခြင်းအား ပြစ်တင်ရှုတ်ချခဲ့ကြသည်။

"ဒီနေ့ ဒီနေရာမှာ ပြတ်ပြတ်သားသား ပြောချင်တာက အမေရိကန်နိုင်ငံ အနေနဲ့ ကျွန်တော်တို့
ကိုယ်တိုင်ရော၊ ကျွန်တော်တို့ရဲ့မဟာမိတ် တောင်ကိုရီး ယားနိုင်ငံအတွက်ပါ ပြန်လည်ခုခံ ကာ
ကွယ်သွားမှာဖြစ်ပါတယ်" ဟု ကယ်ရီကပြောကြားရင်း မြောက်ကိုရီး ယား၏ ခြိမ်းခြောက်မှုကို
ခံနေရသော ဂျပန်နိုင်ငံဘက်မှပါ ရပ်တည်သွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ထုတ်လုပ် နိုင်လောက်သည့်အဆင့်ရှိ ပလူတိုနီ ယမ်ကို ထုတ်လုပ်နိုင်
သည့် ယုံဗြွန်း နျူကလီးယားဓာတ်ပေါင်းဖိုကို ပြန်လည် ဖွင့်လှစ်မည်ဟု မြောက်ကိုရီးယား နိုင်ငံ
က မကြာသေးမီက ခြိမ်းခြောက် ပြောဆိုခဲ့ပြီးနောက် ကယ်ရီက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါနျူကလီးယားစက်ရုံကို ခြောက်နိုင်ငံပါ၀င်သော လက်နက်ဖျက် သိမ်းရေး သဘောတူညီ
ချက်တစ်ခုအရ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လတွင် ပိတ်ထားခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ယင်းစက်ရုံ
၏ အအေးပေးတာဝါတိုင်ကို ဖျက်ဆီး ခဲ့ပြီးဖြစ်သည်။

နျူကလီးယား ဓာတ်ပေါင်းဖို ပြန်လည် ပြင်ဆင်ပြီးလည်ပတ်ရန် ခြောက်လ အချိန်ယူရမည်ဖြစ်
ကြောင်း ကျွမ်းကျင် သူ များကပြောသည်။ ထို့နောက် နျူကလီး ယားလက်နက် ထုတ်နိုင်လောက်
သည့် အဆင့်ရှိ ပလူတိုနီယမ်ကို တစ်နှစ်လျှင် အဏုမြူဗုံးတစ်လုံးစာ ထုတ်လုပ်နိုင်မည် ဖြစ်သည်
ဟုဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ လတ်တလော တိုက်ခိုက် နေသည့်လေလုံးများမှာ
စစ်ဖြစ်စေရန် ဆွပေးနေသလို အန္တရာယ်ရှိသည့် မဆင်မခြင် စကားများပင်ဖြစ်ကြောင်း ကယ်ရီက
ပြောသည်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွမ် ဟေး၏ အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာ
သည့်အချိန် မှစ၍ ၎င်း၏ အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ရသော ခရီးစဉ်တွင်
အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် တောင်ကိုရီး ယားနိုင်ငံ၏ ကတိကဝတ်ကိုယွန်ဗြွန်
ဆေးက အတည်ပြုခဲ့သည်။

ယခုပြဿနာမှာ ထိန်းချုပ်မရနိုင်ဘဲ ကြီးမားသွားနိုင်ကြောင်းနှင့် နျူကလီး ယားခြိမ်းခြောက်မှုများ
က ကစားပွဲတစ်ခု မဟုတ်ကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ဘန်ကီမွန်းက သတိပေး ပြော
ကြားခဲ့သည်။

"လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ အကျပ်အတည်းက တော်တော်လေး ဆိုးနေပါပြီ။ အခြေအနေ
တွေ ငြိမ်သက် အေးဆေးလာဖို့လိုပါတယ်" ဟု အင်ဒို ရာနိုင်ငံတွင်ပြုလုပ်သော သတင်းစာ ရှင်း
လင်းပွဲတစ်ခုတွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း တစ်ဦး ဖြစ်သည့် ဘန်ကီမွန်းက
ပြောကြား ခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများကသာ လျှင် ရှေ့လျှောက် အဆင်ပြေစေမည့် နည်းလမ်း
ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခင် ကတည်းကပင် လျှို့ဝှက်စက်ရုံများတွင် ယူရေနီယံကို ထုတ်လုပ်
လျက်ရှိသည်ဟု လေ့လာအကဲခတ်သူ တော်တော် များများက ယူဆထားပြီး ဖေဖော်ဝါရီ လက
ပြုလုပ်ခဲ့သော တတိယအကြိမ် မြောက် နျူကလီးယားစမ်းသပ်မှုမှာ ယူရေနီယံဗုံးတစ်ခု ဖြစ်နိုင်
ဖွယ်ရှိသည် ဟုဆိုသည်။

မြောက်ကိုရီးယား၏ လုပ်ရပ်များကို စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံက အစောပိုင်းက ပြောကြား
ခဲ့ပြီးနောက် တွင် မြောက်ကိုရီးယား၏ ရန်စမှုများကို ၀ိုင်းဝန်းထိန်းသိမ်းပေးကြရန် အမေရိ ကန်နိုင်
ငံက တရုတ်နှင့် ရုရှားနိုင်ငံတို့ ကိုလည်း မေတ္တာရပ်ခံထားသည်။

"တရုတ်နိုင်ငံက မြောက်ကိုရီးယား နိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုရှိနေတယ် ဆိုတာ မသိသူမရှိပါဘူး"
ဟု အမေ ရိကန်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးက သတင်းထောက်များ အား ပြော
ကြားခဲ့သည်။

နောက်ဆုံးသတင်းများအရ မြောက် ကိုရီးယားကိစ္စနှင့်ပတ်သက်၍ တရုတ် နိုင်ငံက ကြားဝင်ဖြန်
ဖြေဆောင်ရွက် ပေးရန် ပြင်သစ်နိုင်ငံက တိုက်တွန်း ထားသည်။

(အေအက်ဖ်ပီ)