ဟားမတ်စ်ခေါင်းဆောင်အဖြစ် ခါလက်မီရှားလ် ပြန်လည်ရွေးချယ်ခံရ

ဟားမတ်စ်ခေါင်းဆောင်အဖြစ် ခါလက်မီရှားလ် ပြန်လည်ရွေးချယ်ခံရ

ဂါဇာစီးတီး- ၀ါရင့် ဟားမတ်စ် ခေါင်းဆောင် ခါလက်မီရှားလ်သည် ပါလက်စတိုင်းအစ္စလမ္မစ်
လှုပ်ရှားမှု၏ အကြီးအကဲအဖြစ် နောက်ထပ် သက်တမ်းတစ်ခုကာလအတွက် အရွေးခံရကြောင်း
ပါတီအရာရှိတစ်ဦးက ဧပြီလ ၁ ရက်နေ့တွင် ပြောသည်။

ဂါဇာကမ်းမြောင်ဒေသ၌ ၂၀၀၇ ခု နှစ်မှစ၍ ချုပ်ကိုင်ထားသော အင်အား ကြီးအဖွဲ့ခေါင်းဆောင်
များကမူ မီရှားလ် ကို ဘေးဖယ်ထားကြလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။

မီရှားလ်ကိုယ်တိုင်ကပင် နောက်ထပ် သက်တမ်းအတွက် အရွေးမခံတော့ ကြောင်း ယမန်နှစ်က
ပြောခဲ့သည်။

သို့ရာတွင် ပါတီအားအုပ်ချုပ်သည့် ရှူရာကောင်စီသည် နောက်ထပ် လေးနှစ် သက်တမ်းအတွက်
ကိုင်ရိုမြို့၌ ကျင်းပခဲ့ သည့် အစည်းအဝေး၌ ပြန်လည် ရွေး ကောက်ခဲ့ကြောင်း ဟားမတ်စ်အရာရှိ
တစ်ဦးကပြောသည်။ မဲပေးရန်အတွက် ဟားမတ်စ်အရာရှိများသည် ကိုင်ရိုမြို့၌ မတ်လ ၃၁ ရက်
နှင့် ဧပြီလ ၁ ရက်နေ့ များ၌ရှိခဲ့ကြပြီး ပြိုင်ဘက်ဖြစ်သည့် ပါလက်စတိုင်း သမ္မတ မာမွတ်အက်
ဘတ်စ်၏ ဖာတာပါတီနှင့် ပြန်လည်ပူး ပေါင်းရေး အီဂျစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန်လည်း
ဖြစ်သည်။

ပါလက်စတိုင်းနယ်မြေ၌ ပါတီအား ဦးဆောင်သူ ဂါဇာ၏ ဟားမတ်စ် ၀န်ကြီး ချုပ် အစ္စမေးလ်ဟာ
နီရာနှင့် ဒုတိယအကြီး အကဲ မူဆာအဘူမာဇွတ်တို့နှစ်ဦးက မီရှာလ်အား ပံ့ပိုးကူညီမည်ဖြစ်သည်။

ဂါဇာနယ်စပ်၌ ပစ္စည်းခိုးထုတ်သည့် ဥမင်လိုဏ်ခေါင်းများကို အီဂျစ်တပ်များ က ပိတ်ပစ်လိုက်ရာမှ
ဟားမတ်စ်အဖွဲ့ နှင့် ကိုင်ရိုအစိုးရတို့၏ ဆက်ဆံရေးမှာ တင်းမာခဲ့သည်။ ယခင်နှစ်က ဆိုင်းနိုင်းကျွန်း
ဆွယ်၌ အီဂျစ်စစ်သားများ တိုက်ခိုက် အသတ်ခံရသည့်ကိစ္စ၌ ဟားမတ်စ်ပါ၀င်ခဲ့သည်ဟူသော အီ
ဂျစ် အစိုးရ၏ စွပ်စွဲချက် များမဟုတ်မှန် ကြောင်း ဟာနီရာက ပြောဆိုရန် ကိုင်ရိုသို့ရောက်ခဲ့သည်။

အဟောအပြောကောင်းသူ မီရှားလ် သည် ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင် များမရရှိခဲ့သည့် လွတ်
လပ်စွာလှုပ်ရှား သွားလာမှုကို အခွင့်ကောင်းယူပြီး အာရပ်နှင့် မွတ်စလင်ကမ္ဘာများသို့ ကူးချီသန်းချီ
သွားလာခဲ့သူဖြစ်သည်။ ပါလက်စတိုင်း အစ္စလမ္မစ်လှုပ်ရှားမှု ကို တည်ထောင်ခဲ့သူ ရှိတ်အာမက်ရာ
ဆင်နှင့် ၎င်းနေရာဆက်ခံသူ အဗ္ဗ ဒယ်လ်အဇစ် အယ်လ်ရန်ဟီစီတို့ကို အစ္စရးတို့က လုပ်ကြံသတ်
ဖြတ်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ဤလှုပ်ရှားမှု၏ ထိပ်ဆုံး နေရာသို့ မီရှားလ်ရောက်ရှိခဲ့သည်။

မီရှားလ်ကိုယ်တိုင် ၁၉၉၇ ခုနှစ်က ဂျော်ဒန်နိုင်ငံ၌ အစ္စရေးတို့၏ လုပ်ကြံမှု မှလွတ်မြောက်ခဲ့သည်။
ကနေဒါနိုင်ငံမှ ခရီးသွားများအဖြစ် ဟန်ဆောင်ရုပ်ဖျက် ထားသည့် မော့ဆက်လျှို့ဝှက်အဖွဲ့မှ သူလျှို
များက ဂျော်ဒန်နိုင်ငံ၏မြို့တော် အမ္မန်၏ လမ်းတစ်လမ်းပေါ်၌ မီရှားလ် ကို အဆိပ်ခတ်သတ်ရန် ကြိုး
ပမ်းခဲ့ရာ မအောင်မြင်ပေ။ တိုက်ခိုက်သူသုံးဦး အစ္စရေးသံရုံး၌ ခိုလှုံခဲ့ပြီး နှစ်ယောက်ကို ဂျော်ဒန်အာ
ဏာပိုင်များ ဖမ်းမိခဲ့သည်။ ဖမ်းဆီးထားသည့် သူလျှိုများကို လွှတ်ပေးစေချင်လျှင် မေ့မြောနေသည့်
မီရှားလ်အတွက် အဆိပ်ဖြေဆေးပေးရန် ဒေါသထွက်နေသည့် ဂျော်ဒန်ဘုရင် ဟူစိန်က တောင်းဆို
ခဲ့သည်။

ဤဖြစ်ရပ်ကြောင့် ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ ဘင်ဂျမင်နေတန် ယာဟုသည် ရာဆင်နှင့် အခြား
၁၉ ဦးတို့အား အကျဉ်းထောင်မှလွှတ်ပေး ခဲ့ရသည်။

(အေအက်ဖ်ပီ)