အီဂျစ်နိုင်ငံ အမေရိကန်သံရုံးက တွစ်တာအကြောင်းသင်ခန်းစာကို ခက်ခဲစွာရရှိ

အီဂျစ်နိုင်ငံ အမေရိကန်သံရုံးက တွစ်တာအကြောင်းသင်ခန်းစာကို ခက်ခဲစွာရရှိ

အီဂျစ်နှင့် အီဂျစ်တွင်လူကြိုက်များ သော EI Bernamag တီဗီရှိုးအစီအစဉ် နိုင်ငံရေးသမား
အရောင်အသွေးမျိုးစုံ အား အမြီးလှန်ခေါင်းလှန် ထိုးဆွဝေဖန် လေ့ရှိသော ဘတ်ဆမ်ယူဆက်ဖ်အား
ဖမ်းဆီး၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ အီဂျစ်နှင့် အမေရိကန်တို့အကြား
အငြင်းပွားခဲ့ ကြခြင်းသည် ရှေးရိုးသံတမန်ကျင့်ထုံး နည်းလမ်းတို့အကြား ထိပ်တိုက်ရင်ဆိုင် တွေ့မှု
တစ်ရပ်ဖြစ်သည်။

ရှေးရိုး သံတမန်နည်းလမ်းတွင် အစိုးရများသည် ၎င်းတို့ကို ဝေဖန် ပြောဆိုသည့်နည်းလမ်းနှင့် ပြော
ဆို ဝေဖန်သူတို့အပေါ် ပိုမို၍ ကိုင်တွယ် ထိန်းကျောင်းနိုင်စွမ်းရှိသည်။ သို့သော် အီဂျစ်နှင့် အမေရိ
ကန်ပြည်ထောင်စု တို့သည် ၂၁ ရာစုခေတ်တွင် ယင်း ထိမ်းကျောင်းနိုင်စွမ်းသည် ဆိုရှယ်လစ် မီဒီ
ယာပေါင်း နှစ်ဆယ်၊ သုံးဆယ်ကျော် နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ကျယ်လောင်
သော အသံဗလံ များကြောင့် ကာလကြာရှည်စွာကပင် ကွယ်ပျောက်သွားပြီဖြစ်ကြောင်း အပန်း
တကြီး သင်ခန်းစာရခဲ့ကြပြီဖြစ်သည်။

အီဂျစ်သမ္မတ မော်စီနှင့် အစ္စလာမ် ဘာသာတို့အား စော်ကားမော်ကား ပြာဆိုမှုဖြင့် စွပ်စွဲပြီး မော်စီ
ခန့်အပ် ထားသည့် အစိုးရရှေ့နေချုပ်က တစ်ဆင့် ခေါ်ခဲ့သောအခါ ယင်း မွတ်စလင်ညီအစ်ကိုတော်
များအဖွဲ့ အစိုးရ၏ နောက်ဆုံး ဖိနှိပ်ချုပ်ချယ်မှု လုပ်ရပ်ကို နိုင်ငံတကာ ကန့်ကွက်မှုများ အနှံ့အပြား
ကူးစက်ပြန့်ပွားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ တုံ့ပြန် မှုသည် ပုံသဏ္ဌာန်နှစ်မျိုးဖြင့် ထွက်ပေါ် လာခဲ့သည်။ ပထမ
တစ်မျိုးမှာ အမေရိ ကန်နိုင်ငံခြားရေးဌာနက ယူဆက်ဖ်အား ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းအတွက် ပူပန်
သောကဖြစ်ရကြောင်း ဖော်ပြခဲ့ပြီး ယင်းလုပ်ရပ်က လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်ကို ပိတ်
ပင်တားဆီးမှုများ တိုးတက်လုပ်ဆောင်မှုလမ်းစဉ်သို့ အီဂျစ် ကလိုက်နေကြောင်း စိတ်မချမ်းမြေ့ဖွယ်
ဖော်ပြနေခဲ့သည်။

၎င်းနောက်အမေရိကန် သတင်းဝေဖန် ရေးသမား ဂျုန်းစတီးဝပ်က ယူဆက်ဖ်နှင့် လွတ်လပ်စွာ
ထုတ်ဖော်ပြောကြားခွင့် တို့ကို ကာကွယ်၍ ၎င်း၏ ကျော်ကြား သော ဒီပလိုမက်တစ်ချင်နယ်
The Daily Shoe မှတစ်ဆင့် လေလုံးထွား ထွား၊ ဟာသဆန်ဆန်ဖြင့် ခုခံကာကွယ် သည့်အစီ
အစဉ်ကို လွှင့်ထုတ်ခဲ့သည်။

လေးစား၍ ချီးကျူးထိုက်သော ပြည်သူ့သံတမန်ရေးရာ လုပ်ဆောင်ချက် အဖြစ် ကိုင်ရိုမြို့တော်ရှိ
အမေရိကန် သံရုံးမှပုဂ္ဂိုလ်တစ်ဦးက ွှ့န ီငေူပ ှ့သတ ရုပ်သံအစီအစဉ်သို့ တွစ်တာဖြင့် ဆက်သွယ်
ပြောကြားမှု လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်သည်။

အမှန်မှာ အဆိုပါ The Daily Show ပရိုဂရမ်သည် အီဂျစ်ပြည် နိုင်ငံရေးတွင် လောလော ဆယ်
ဖြစ်ပေါ်နေသော ပြဿနာတစ်ရပ် ကို ကိုင်တွယ်ဖြေရှင်းပေးနေခြင်းပင် ဖြစ်ပြီး ယင်းသို့ ဖြေရှင်းရာ
တွင် အီဂျစ် နှင့် အမေရိကန်အစိုးရတို့ မျှဝေခံစား ရမည့် တန်ဖိုးထားမှုတစ်ရပ်ဖြစ်သော 'လွတ်လပ်
စွာ ထုတ်ဖော်ပြောကြားခွင့်' ဆိုင်ရာ ရယ်သွမ်းသွေးဖွယ် သတင်း စကားတစ်ရပ်နှင့် တွဲဖက်ထား
ခြင်းဖြစ် သည်။

အဆိုပါအခြေအနေတွင် ရယ်သွေး သွမ်းဖွယ် ဟာသအကွက်ကို မရှုမြင်တတ် သော အီဂျစ်အစိုး
ရနှင့် မွတ်စလင် ညီအစ်ကိုများအဖွဲ့က အမေရိကန် အစိုးရအား ထိုးနှက်တိုက်ခိုက်မှုပြုသည့် အနေ
ဖြင့် အီဂျစ်သမ္မတရုံးတော်မှ အီဂျစ် နိုင်ငံရှိ အမေရိကန်သံရုံးအား ပြင်းထန် သော စကားလုံးဖြင့်
ပြစ်တင်စကားကို တွစ်တာဖြင့် အောက်ပါအတိုင်း ပေးပို့ လိုက်သည့် "သံတမန်မစ်ရှင်အဖွဲ့တစ်ဖွဲ့
အနေနဲ့ ယင်းကဲ့သို့သော အပြုသဘော မဆောင်သည့် နိုင်ငံရေးဝါဒဖြန့်ချိမှု မလုပ်သင့်ကြောင်း
သတိပြုပါ" အီဂျစ်နိုင်ငံ အမေရိကန်သံရုံးသည် တစ်ဖက်တွင် အီဂျစ်အစိုးရအား စိတ်ကျေနပ်ရန်
ပြုဖို့နှင့် အခြားတစ်ဖက် တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြား ခွင့်နှင့် လွတ်လပ်ခွင့် ဆန့်ကျင်
ခွင့်ကို အကာအကွယ်ပေးရန်ဟူသော ကိစ္စ နှစ်ရပ်အား တစ်ချိန်တည်းတွင် ဖြေရှင်း ရန် ပြဿနာ
နှင့်ရင်ဆိုင်ရသောအခါ ကိုင်ရို အမေရိကန်သံရုံးက ပထမကိစ္စကို လုပ်ဆောင်ရန်ရွေးချယ်လိုက်ပြီး
တွစ်တာလမ်းကြောင်း ဖွင့်ထားမှုကို ပိတ်ပစ်လိုက်လေသည်။

အဆိုပါဆုံးဖြတ်ချက်က အမေရိကန် သံအမတ် Anne Patterson အား အမေရိကန်ပြည်ထောင်
စုက ထာဝစဉ် ရပ်တည်ခဲ့သော ပြည်သူတို့၏ ပြစ်တင် ဝေဖန်ပိုင်ဆိုင်ခွင့်နှင့် ၎င်းတို့အစိုးရအား ဖြေ
ရှင်းပေးစေရန် တာဝန်ရှိစေခွင့် တို့ကို ဖောက်ဖျက်ကျူးလွန်ရာကျစေခဲ့ ပေသည်။ ၎င်းပြင် သံအမတ်
သည် တွစ်တာနှင့် အင်တာနက်၏ လုပ်ကိုင် ဆောင်ရွက်မှုကို လုံးဝနားလည် သဘောပေါက်မှုမရှိ
ခြင်းကို ဖော်ပြလိုက် ခြင်းဖြစ်သည်။

တွစ်တာမှပေးပို့ချက်တစ်ရပ်သည် ထွက်သွားပြီဆိုပါက ပြန်လည်ရုပ်သိမ်း မရတော့ပေ။ တွစ်တာ
ကို ပိတ်ပစ်လိုက် ခြင်းဖြင့်လည်း ပေးပို့ချက်တစ်ရပ်ကို ပြန်လည် နုတ်သိမ်း၍မရတော့သည့် ပြင်
မလိုလားအပ်သည့် တုံ့ပြန်မှုများ သာ ပေါ်လာတော့မည်ဖြစ်သည်။

အီဂျစ် ကန်သံရုံးက တွစ်တာ ဆက်သွယ်မှုကို ပိတ်ပစ်လိုက်ပြီး မိနစ် ပိုင်းအတွင်း တွစ်တာတွင်
မွတ်စလင် ညီအစ်ကိုများအဖွဲ့၏ဖိအားပေးမှုကို အမေရိကန်တို့က အလျှော့ပေး လိုက် ခြင်းအား
ပြစ်တင်ဝေဖန်သည့် တွစ်တာ များ ဒီရေတက်သည့်ပမာ ၀င်ရောက် လာကြတော့သည်။

(စီအင်န်အင်န်)