ကွာလာလမ်ပူ - မလေးရှားနိုင်ငံ၌ မေလ ၅ ရက်နေ့တွင်ကျင်းပမည့် အပြင်းအထန်
ပြိုင်ဆိုင်ရမည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုများ စတင် သည့် အချိန်မှစ၍ အကြမ်း
ဖက်မှု ရာပေါင်းများစွာ ဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၂၄ ရက်နေ့တွင် မလေးရှား ရဲအဖွဲ့ကပြောကြား
ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ဧပြီလ ၂၀ ရက်နေ့တွင် စတင်ခဲ့သော ရက်သတ္တနှစ်ပတ်ကြာ မဲဆွယ်စည်းရုံး မှု၏ ပထမသုံးရက်
အတွင်း ထိခိုက်မှု စုစုပေါင်း ၃၈၇ မှုဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်မှုနှင့်ပတ်သက်ပြီး အနည်းဆုံး လူ၁၅
ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း အမျိုးသားရဲဌာန ပြောရေး ဆိုခွင့်ရှိသူ ရာမလီ ယူဆွတ်ဖ်က
The Star သတင်းစာသို့ ပြောကြားခဲ့သည်။
"သူတို့ကို တောခုတ်ဓားလိုမျိုး လက်နက်တွေ လက်ဝယ်ထားရှိမှု၊ ပြိုင်ဘက်ပါတီက ထောက်ခံသူ
တွေကို ဓားနဲ့ခုတ်တယ်လို့ သံသယရှိမှုနဲ့ ခြိမ်း ခြောက်မှုစတဲ့ ပြစ်မှုတွေနဲ့ဖမ်းဆီးထား တာပါ" ဟု
ရာမလီက ပြောကြားခဲ့သည်။
အစိုးရကိုထောက်ခံသည့် The Star သတင်းစာက အကြမ်းဖက်မှုကို မည်သူ မည်ဝါ ကျူးလွန်
ကြောင်း ဖော်ပြပြောဆို ထားခြင်းမရှိသော်လည်း တိုက်ခိုက်ခံရ သူအများစုမှာ အတိုက်အခံဘက်
မှ ထောက်ခံသူများဖြစ်ကြောင်း အတိုက် အခံတို့ဘက်မှ စွပ်စွဲထားသည်။ ၁၉၅၇ ခုနှစ်က ဗြိတိသျှ
တို့ထံမှ လွတ်လပ်ရေးရပြီးနောက် မလေးရှား နိုင်ငံ၏ ပထမဆုံးအစိုးရ အပြောင်းအလဲ ဖြစ်မည်ဟု
မှန်းဆပြောဆိုသံများ ထွက် ပေါ်နေသည့် နှစ်ရှည်လများ မျှော်လင့် စောင့်စားခဲ့ရသည့် ရွေးကောက်
ပွဲ အတွက် မလေးရှားနိုင်ငံက ထိန်းသိမ်း လုပ်ဆောင်လျက်ရှိသည်။
ထိုရွေးကောက်ပွဲတွင် မလေးရှား နိုင်ငံကို ၅၆ နှစ်ကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သည့် မလေး
ရှားအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (UMNO) စိုးမိုးထားသည့် ညွန့်ပေါင်းအဖွဲ့နှင့် လစ်ဘရယ်
၀ါဒကို အသားပေးသော အလားအလာကောင်းသည့် မျက်နှာသစ် အတိုက်အခံအဖွဲ့တစ်ဖွဲ့တို့
ယှဉ်ပြိုင် ရမည်ဖြစ်သည်။
မျှတသည့် ရွေးကောက်ပွဲဖြစ်ရေး အတွက် အားပေးထောက်ခံသည့် ဘာစီဟုခေါ်သည့် လွတ်လပ်
သည့် အဖွဲ့တစ်ဖွဲ့က ရွေးကောက်ပွဲယှဉ်ပြိုင် မှုတွင် နိုင်ငံရေးအကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုတို့
ပါ၀င်လာမည်ကို သတိပေးထားသည်။
(အေအက်ဖ်ပီ)
















