တစ်ကိုယ်တော်အကြမ်းဖက်မှု ရှာဖွေထောက်လှမ်းရန်ခက်ခဲ

တစ်ကိုယ်တော်အကြမ်းဖက်မှု ရှာဖွေထောက်လှမ်းရန်ခက်ခဲ

၀ါရှင်တန် - တစ်ကိုယ်တော် အစွန်း ရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှု များကို
ကာကွယ်ရန် အမေရိကန်မှုခင်း တားဆီးရေးအဖွဲ့များအဖို့ အလွန် အမင်း ခက်ခဲသည်ကို
ဘော်စတွန်ဗုံးဖောက်ခွဲမှုများက ဖော်ပြနေကြောင်း လုံခြံုရေးကျွမ်းကျင်သူများက
ပြောကြား သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ဗုံးဖောက် ခွဲသည်ဟု သံသယရှိသည့် တရားခံ နှစ်ဦးအနက်မှတစ်ဦး
ဖြစ်သည့် တာမာ လန်တီဆာနေ့ဗ်ကို ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုမဖြစ်မီ အမေရိကန် အာ
ဏာပိုင်များ၏ ရေဒါစနစ်တွင် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သော်လည်း ရှေ့လျှောက် အလားတူ တိုက်
ခိုက်မှုများကို တားဆီး ရန်ကြိုးစားရာ၌ အချည်းနှီးဖြစ်ကောင်း ဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်
သူများ က သတိပေးထားသည်။

အသက် ၂၆ နှစ်အရွယ် တီဆာနေ့ဗ် သည် ၎င်း၏ညီဖြစ်သူ အသက် ၁၉ နှစ် အရွယ် ဒက်ဇ်ဟို
ခါနှင့်အတူ ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဧပြီလ ၁၅ ရက်နေ့ ကဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူသုံးဦး
သေဆုံး ပြီး ၂၆၄ ဦးဒဏ်ရာရရှိခဲ့သည်။ တာမာလန်သည် ဧပြီလ ၁၈ ရက် နေ့က ရဲများနှင့် အပြန်
အလှန်တိုက်ခိုက် စဉ် သေဆုံးခဲ့သည်။

ဘော်စတွန်ဆေးရုံတစ်ရုံတွင် ဒက်ဇ် ဟိုခါကို အစောင့်အကြပ်များဖြင့်ထားရှိ ထားပြီး တိုက်ခိုက်မှု
ကို၎င်း၏အစ်ကိုက ဦးစီး ဦးဆောင်လုပ်ခြင်းဖြစ်ကြောင်း ဒက်ဇ်ဟိုခါက စုံစမ်းစစ်ဆေးသူများကို
ပြောကြားသည်ဟု သိရသည်။

ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ သို့မဟုတ် သေဒဏ်ကျခံရမည်
ဖြစ်သည့် အဆိုပါ ဆယ်ကျော်သက်အရွယ် တရားခံက မည်သည့်နိုင်ငံခြားအုပ်စုထံ ကမှ ငွေကြေး
အထောက်အပံ့၊ သို့မဟုတ် အကူအညီကို ရယူခဲ့ခြင်းမရှိကြောင်း စုံစမ်း စစ်ဆေးသူများကို ပြောကြား
ခဲ့သည်။

အကြမ်းဖက်မှုဆန့်ကျင်ရေး ကျွမ်းကျင်သူများ၏ အဆိုအရ ၎င်းတို့မှာ အယ်လ်ကေဒါကဲ့သို့ အဖွဲ့
အစည်းတစ်ခု က ကြိုးကိုင်ထားသည့် လျှို့ဝှက်ကြံစည် မှုကြီးထဲတွင် ပါ၀င်နိုင်သည့် ဖြစ်နိုင်ခြေ
ထက် အင်တာနက်ပေါ်မှ စစ်သွေးကြွ အစ္စလမ္မစ်အဖွဲ့များ၏ လှု့ံဆော်မှု ကြောင့် ယခုကဲ့သို့ အကြမ်း
ဖက် တိုက်ခိုက်ခဲ့ခြင်းက ဖြစ်နိုင်ခြေပိုများပြီး ယင်းမှာ ပိုပြီးစိုးရိမ်ရသည်ဟုဆိုသည်။

၂၀၁၁ ခုနှစ်၌ တာမာလန်တီ ဆာနေ့ဗ်တွင် သဘောထားပြင်းထန် သည့် အပြုအမူလက္ခဏာများ
တိုးပွား လာသည်ကို တွေ့ရ၍ ရုရှားအာဏာပိုင် များ၏တောင်းဆိုချက်အရ ၎င်းကို အက်ဖ်ဘီအိုင်
အဖွဲ့က စုံစမ်းစစ်ဆေး ခဲ့သည်။

ထို့နောက် ၎င်းက ဒါဂျက်စတန် သို့ ငါးလကြာ သွားရောက်နေထိုင် ခဲ့သည်။ အမေရိကန် ပြည်တွင်း
လုံခြံုရေး ၀န်ကြီးဂျက်နက် နပိုလီတာနိုက တာမာလန်တီဆာနေ့ဗ် ထွက်ခွာချိန်၌ လုံခြံုရေး စစ်ဆေး
သည့်ကိရိယာက အချက်ပေးသံ ထွက်ပေါ်ခဲ့ကြောင်း ဥပဒေပြုလွှတ်တော် အမတ်များကို ဧပြီလ
၂၃ ရက်နေ့က ပြောကြားခဲ့သည်။

သို့သော်လည်း လေယာဉ်လက်မှတ် ပေါ်ရှိ ၎င်း၏အမည်မှာ စာလုံးပေါင်း သတ်ပုံမှားနေသည့်
ဖြစ်နိုင်ခြေကြောင့် အက်ဖ် ဘီအိုင်စုံစမ်းရေးအဖွဲ့က တီဆာ နေ့ဗ်၏ ခရီးစဉ်ကိုသတိမမူမိခြင်း ဖြစ်
ကြောင်း အက်ဖ်ဘီအိုင်အရာရှိ တစ်ဦးက ၎င်းအားပြောကြားခဲ့ကြောင်း ရီပတ်ဘလီကန် အထက်
လွှတ်တော် အမတ် လင်းဆေးဂရေဟမ်က ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

တီဆာ နေ့ဗ်မှာ ထိုအချိန်အထိ ပြစ်မှုတစ်စုံ တစ်ရာကျူးလွန်ခဲ့ခြင်း မရှိသေးပေ။ အမေရိကန်ပြည်
ထောင်စုရှိ သဘော ထားပြင်းထန်သည့် အမြင်ရှိသူတိုင်းကို တစ်ဦးချင်းခြေရာခံလိုက်ရန်မှာ
မဖြစ်နိုင် ကြောင်း အကြမ်းဖက်မှုဆန့်ကျင်ရေး ကျွမ်းကျင်သူ ဖိလစ်မာ့ဒ်ကပြောကြား ခဲ့သည်။

"သူတို့တွေက အများကြီးရှိပါတယ်။ နောက်ပြီး သူတို့လုပ်ရပ်တွေမှာလည်း တရားဥပဒေနဲ့ငြိစွန်း
တာ မတွေ့ရပါဘူး" ဟု ၎င်းကပြောကြားခဲ့သည်။ အဓိကအချက်မှာ အကြမ်းဖက်မှုဖြစ် ပွားရန်
လှုံ့ဆော်ပေးနေသည့် အကြမ်း ဖက် ၀က်ဘ်ဆိုက်များနှင့် ဆက်စပ်သည့် သူများကို သတိထား
စောင့်ကြည့်ရန် ကြိုးစားရမည်ဟုဆိုသည်။

(အေအက်ဖ်ပီ)