ဆီးရီးယားစစ်ပွဲတွင် ဓာတုလက်နက် သုံးစွဲမှု စိုးရိမ်ဖွယ်ဖြစ်ခဲ့

ဆီးရီးယားစစ်ပွဲတွင် ဓာတုလက်နက် သုံးစွဲမှု စိုးရိမ်ဖွယ်ဖြစ်ခဲ့

ဘရပ်ဆဲလ်- ဆီးရီးယားနိုင်ငံတွင်း၌ သူပုန်များ အစိုးရတပ်ဖွဲ့များနှင့် ဟစ်ဇ်ဘိုလာ
အင်အားစုများအား တိုက်ခိုက် နေစဉ်အတောအတွင်း အစ္စရေးနိုင်ငံက ဆီးရီးယားတပ်ဖွဲ့များသည်
သူပုန် တိုက်ခိုက်ရေးအင်အားစုများအား ဓာတု လက်နက်များအသုံးပြု၍ တိုက်ခိုက်ခဲ့ ကြကြောင်း
စွပ်စွဲပြောကြားခဲ့ခြင်း ကြောင့် အမေရိကန်အရာရှိများအား အံ့အားသင့်စေခဲ့သည်။

အစ္စရေးစစ်တပ်၏ ထောက်လှမ်းရေး တပ်ဖွဲ့တွင် သုတေသနနှင့် ဆန်းစစ် လေ့လာရေးဌာနခွဲ
တာဝန်ခံ ဗိုလ်မှူးချုပ် အီတိုင်ဘရွန်းက ဧပြီလ ၂၃ ရက်နေ့တွင် ဆီးရီးယားအစိုးရအဖွဲ့သည်
သူပုန် တိုက်ခိုက်ရေးသမားများကို တိုက်ခိုက် ရာတွင် ဓာတုလက်နက်သုံးစွဲသည့် ပြစ်မှုကို
ကျူးလွန်ခဲ့ကြောင်း ပြောကြား လိုက်သည်။

တဲလ်အဗစ်မြို့တွင် ကျင်းပသော လုံခြံု ရေးကွန်ဖရင့်အား မှတ်ချက်ချပြောကြား မှုများနှင့်
အစ္စရေးစစ်တပ်၏ တရားဝင် တွစ်တာသတင်းဖြန့်ချိမှုများတွင် ဘရွန်း သည် မတ်လ ၁၉ ရက်နေ့
က အလက်ပို ခရိုင်တိုက်ပွဲတွင် လူပေါင်း ၃၁ ဦး သေဆုံးခဲ့မှုကို ရည်ညွှန်း၍ပြောကြား ခဲ့သည်။

"မျက်စိသူငယ်အိမ်တွေ ယုတ်လျော့ နေခြင်း၊ ပါးစောင်တွင်းမှ အမြှုပ်များ ထွက်ကျခြင်းနဲ့ တခြား
လက္ခဏာ တွေက သေစေနိုင်အောင် ပြင်းထန်တဲ့ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း သက်သေ
သာဓကတွေ အထင်အရှား ပြနေပါတယ်"ဟု ၎င်းကပြောကြားပြီး အဆိုပါ ဓာတုလက်နက် အသုံး
ချမှု လက္ခဏာများကို ဓာတ်ပုံများက ဖော်ပြလျက်ရှိကြောင်းလည်း ပြောကြား လိုက်သည်။

မည်သည့် ဓာတုလက်နက်မျိုးများကို အသုံးပြုကြောင်း မေးမြန်းရာတွင် ၎င်းက "ဆာရင်အဆိပ်
ဓာတ်ငွေ့ ဖြစ်သည်မှာ ထင်ရှားကြောင်း" ပြောကြားလိုက်သည်။ ဆီးရီးယားအစိုးရသည် သေဆုံး
သည် အထိ မပြင်းထန်သော အခြားဓာတု ဓာတ်ငွေ့များကိုလည်း အသုံးပြုလေ့ရှိ ကြောင်း ဖြည့်
စွက်ပြောကြားလိုက်သည်။

ဆာရင်ဓာတ်ငွေ့သည် အရောင် အဆင်း၊ အနံ့အသက်ကင်းမဲ့သည့် သေစေနိုင်သောလေတွင်း၌
ကြာရှည်စွာ လွင့်မျောနေတတ်သည့် ဓာတ်ငွေ့ဖြစ် သည်။ ဘရပ်ဆဲလ်မြို့တွင် ၎င်း၏ နေတိုး နိုင်
ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို ပထမဆုံးအကြိမ် တက်ရောက် လာခြင်းဖြစ်သည့် အမေရိ
ကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီသည် အဆိုပါ စွပ်စွဲပြောကြားမှုကို မမျှော်လင့်ဘဲ ကြားလိုက်
ရသောကြောင့် အငိုက်မိပြီး အကျပ်ရိုက်သွားခဲ့သည်။

အဆိုပါသတင်းအား ကြားသိရပြီး နောက်တွင် ၀န်ကြီး ဂျွန်ကယ်ရီသည် အစ္စရေးဝန်ကြီးချုပ်
ဘင်ဂျမင် နေတန် ယာဟုအား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ကြောင်း သတင်းထောက်
များအား ပြောကြားလိုက်သည်။

"အစ္စရေးဝန်ကြီးချုပ်ဟာ အထက်ပါ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အတည်ပြုပြော ကြားနိုင်ခြင်း
မရှိကြောင်း ကျွန်တော် ပြောကြားရင် တရားမျှတပါလိမ့်မယ်"ဟု ကယ်ရီက သတင်းထောက်များ
အား ပြောကြားလိုက်သည်။

(အေအက်ဖ်ပီ)