ဆိုးလ် - မြောက်ကိုရီးယားနိုင်ငံက ၎င်းအား နျူကလီးယားလက်နက်ပိုင် နိုင်ငံအဖြစ်
အသိအမှတ်ပြုရန် တောင်းဆိုခြင်းကို ဧပြီလ ၂၃ ရက်နေ့က အသစ်တစ်ဖန်ကြိုးပမ်းကာ
အမေရိကန် ပြည်ထောင်စုနှင့် အပြန်အလှန်ဆွေးနွေး ခြင်းစတင်ရန်အတွက် ၎င်းသည်မရှိမဖြစ်
ထားရှိရမည့် လိုအပ်ချက်ဖြစ် ကြောင်းပြောခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယားလက်နက်များနှင့် ဒုံးကျည် အစီအစဉ်ကို
ဆွေးနွေးမှုများမစတင်မီ စွန့်လွှတ်ခြင်းကို ဆုံးဖြတ်ရန် အမေရိကန် ပြည်ထောင်စု၏ တောင်းဆို
ချက်တစ်ခု ကို 'လုံးဝလက်မခံနိုင်'ဟု အစိုးရ ရိုဒေါင် ဆင်မွန်းသတင်းစာမှ ရှင်းလင်းချက်က
ပယ်ချခဲ့သည်။
"စေ့စပ်ညှိနှိုင်းရေးအဖွဲ့ မှာ နျူကလီးယားလက်နက်ပိုင် နိုင်ငံများ အချင်းချင်း တွေ့ဆုံပွဲဖြစ်ရမယ်"
ဟု ၎င်းကပြောသည်။ ဖေဖော်ဝါရီလက တတိယ နျူကလီး ယားစမ်းသပ်ချက်ကို ပြုလုပ်ခဲ့သည့်
မြောက်ကိုရီးယားအား နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် တရားဝင် လက်ခံမည်မဟုတ်
ကြောင်း အမေရိကန် ပြည်ထောင်စုက ထင်ရှားစွာ သိစေသည်။
(အေအက်ဖ်ပီ)
















