ထရီပိုလီရှိ ပြင်သစ်သံရုံးတွင် ဗုံးပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရ

ထရီပိုလီရှိ ပြင်သစ်သံရုံးတွင် ဗုံးပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရ

ထရီပိုလီ - လစ်ဗျားနိုင်ငံရှိ ပြင်သစ်သံရုံး တွင် ဧပြီ၂၃ ရက်နေ့က ကားဗုံးပေါက်ကွဲမှု
တစ်ခုဖြစ်ပွားခဲ့ရာ အစောင့်တာဝန်ကျ ပြင်သစ်လူမျိုးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ယင်းဖြစ်ရပ်သည်
စက်တင်ဘာလတွင် ဘရာဇီးလ်ရှိ အမေရိကန် ကောင်စစ်ဝန် ရုံးအားစစ်သွေးကြွများ စီးနင်းတိုက်
ခိုက် ခဲ့သည့်အချိန်ကစပြီး နိုင်ငံခြားသံအဖွဲ့ တစ်ဖွဲ့အပေါ် ပထမဆုံးအကြိမ်တိုက်ခိုက်မှုတွင် အကြီး
အကျယ် ထိခိုက် ပျက်စီးသည့် ပေါက်ကွဲမှုလည်းဖြစ် သည်။

အဆိုပါတိုက်ခိုက်မှုသည် 'အကြမ်း ဖက်တိုက်ခိုက်မှု' ဖြစ်သည်ဟု လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး
မိုဟာမက်အက်ဘ် ဒယ်လ်အဇစ်က ပြောဆိုခဲ့ပြီး လစ်ဗျား အစိုးရသည် ပြစ်မှုကျူးလွန်သူများကို
အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သင့်ကြောင်း ပြင်သစ်
သမ္မတ ဖရန်ဆွာ အော်လန်းက ပြောကြားခဲ့သည်။

ပေါက်ကွဲပျက်စီးခဲ့သည့် ကားအား နိုင်ငံခြားသံအဖွဲ့၏ အဆောက်အအုံရှေ့ မျက်နှာစာဝင်ပေါက်
အပြင်ဘက်တွင် ရပ်ထားပြီးနောက် နံနက် ရ နာရီ ၁၀ မိနစ် ၀န်းကျင်ခန့်တွင် ယင်းသို့ ပေါက်ကွဲ
မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထရီပိုလီ လုံခြံုရေးအရာရှိချုပ် မာမွတ် အယ်လ်ရှာရစ်ဖ်က ဆိုသည်။

"ဒီပေါက်ကွဲမှုက အသေခံဗုံးဖောက်ခွဲ မှုမဟုတ်ပါဘူး"ဟု ရှာရစ်ဖ်က ပြောကြား ပြီး "ဒီလို ခြိမ်း
ခြောက်ရန်ပြုမှုတွေနဲ့ ကျွန်တော်တို့ကြံုရပေါင်းများပါပြီ။ ဘယ် အဖွဲ့အစည်းရဲ့ လက်ချက်ဆိုပြီး
ထောက်ပြပြောဆိုဖို့တော့ စောပါသေး တယ်" ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာ အနီးရှိ အဆောက်အအုံတံတိုင်းများ ပျက်စီးပြီး သံရုံးအဆောက်အအုံသည်
လည်း အတော်များများ ပျက်စီးခဲ့ကြောင်း ပြင်သစ်သံရုံး ၀န်ထမ်းတစ်ဦးကမူ ၎င်း၏ ရုံးခန်းတွင်
ဘာတစ်ခုမှ ရစရာ မရှိအောင် ဖြစ်ခဲ့သည်ဟုဆိုကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦး၏
ပြောကြားချက်အရ သိရသည်။

ဗုံးပေါက်ကွဲရာလမ်းတွင် ချိုင့်ကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီး အနီးအနားတွင် ရပ် ထားသော ကားနှစ်စီးနှင့်
ကပ်လျက်ရှိ အိမ်ကြီးနှစ်လုံးပျက်စီးခဲ့ကာ မီတာ၂၀၀ အကွာရှိ ဆိုင်တစ်ဆိုင်၏ ပြတင်းပေါက် များ
အပြင်ဘက်သို့ လွင့်ထွက်သွား ခဲ့သည်။

ပိုက်လိုင်းတစ်ခု ပေါက်ရာမှ ထွက် ပေါ် လာသည်ဟု ယူဆရသောရေများကြောင့် အဖွဲ့ရုံးရှေ့ မျက်
နှာစာရှိလမ်းသည် ရေများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ယင်းရပ်ကွက်ရှိ မိန်းကလေးတစ်ဦး ထိခိုက်
ဒဏ်ရာရရှိခဲ့သည်ဟု လစ်ဗျား နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်သည့် Lana တွင် ဖော်ပြခဲ့သော်
လည်း အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

(အေအက်ဖ်ပီ)