အော့တာဝါ- ကနေဒါနိုင်ငံတွင် ဖမ်းဆီး လိုက်သော နိုင်ငံခြားသားနှစ်ဦးမှာ
တိုရွန်တိုဒေသအတွင်း ခရီးသည်တင်ရထား တစ်စီးအား အယ်လ်ကေဒါတို့၏အကူ အညီဖြင့်
တိမ်းမှောက်စေမည့် လုပ်ကြံမှု နှင့် ဆက်နွှယ်နေသည်ဟု ဖက်ဒရယ်ရဲ တပ်ဖွဲ့က ဧပြီလ ၂၂ ရက်
တွင်ပြောသည်။
တော်ဝင် ကနေဒါမြင်းစီးရဲတပ်ဖွဲ့(RCMP) ၏အဆိုအရ Via Rail လူစီး ရထားအား တိုက်ခိုက်
ရန်ကြံစည် နေသည်ဟု ယူဆရသည့် ChihebEsseghaier (၃၀ နှစ်) နှင့် Raed Jaser (၃၅ နှစ်)
တို့ နှစ်ဦးအပေါ် တိုက်ခိုက်ရန် ပူးပေါင်းကြံစည်မှု၊ လူအများအား သတ်ဖြတ်ရန်အတွက် အကြမ်း
ဖက်အုပ်စုတစ်ခုနှင့် လျှို့ဝှက် ကြံစည်မှုတို့ဖြင့် စွဲချက်တင်ထားသည်။
အဖမ်းခံထားရသူနှစ်ဦးသည် အီရန် နိုင်ငံအခြေစိုက် အယ်လ်ကေဒါ အကြမ်းဖက်သမားများထံမှ
ညွှန်ကြား ချက်များရရှိထားကြောင်း၊ သို့သော် တိုက်ခိုက်မှုများတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်
မှု မပါ၀င်ကြောင်း RCMP ရဲမင်းကြီး ဂျိမ်းမာလီဇီယာကဆိုသည်။
National Post သတင်းအရ Esseghaier သည် တူနီးရှားနိုင်ငံ ချက်မြှုပ်ဖြစ်ပြီး Jaser မှာ အာရပ်
စော်ဘွားများနိုင်ငံသားအဖြစ် ခံယူ ထားသော ပါလက်စတိုင်းနိုင်ငံသား ဖြစ်သည်။ ကနေဒါနိုင်ငံ
တွင် အမြဲ နေထိုင်ခွင့်လည်း ရရှိထားသူဖြစ်သည်။
Radio Canada မှ ထုတ်ပြန်ချက် တွင် Esseghaier (၃၀ နှစ်မှာ) တူနီးရှားနိုင်ငံသား PhD ဘွဲ့ရ
အင်ဂျင်နီယာကျောင်းသားအဖြစ် ကွီးဘက်မြို INRS တက္ကသိုလ်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ
လကတည်းက ရောက်ရှိနေခဲ့သည်။
(အေအက်ဖ်ပီ)
















