ကာနို (နိုက်ဂျီးရီးယား)- အရှေ့မြောက် ပိုင်း၌ နိုက်ဂျီးရီးယားတပ်သားများနှင့်
အစ္စလမ္မစ်တိုက်ခိုက်ရေးသမားတို့ တိုက်ခိုက်မှုများတွင် လူ ၂၀၀ ခန့်သေဆုံး ခဲ့ရာ သူပုန်ထကြွမှု
စခဲ့ပြီးနောက်ပိုင်း တစ်ခုတည်းသော အသေအပျောက် အများဆုံးတိုက်ပွဲဖြစ်ပြီး နိုက်ဂျီးရီးယား
အစိုးရသည် စစ်တပ်၏ အပြုအမူကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းသိရ သည်။
သေဆုံးသူများထဲ၌ အရပ်သား အများအပြားပါ၀င်ကြောင်း ကြက်ခြေနီ အဖွဲ့က အစီရင်ခံခဲ့ရာ
သမ္မတ ဂွတ်လပ် ဂျိုနာသန်သည် စုံစမ်းစစ်ဆေးမှုအပြည့် အဝလုပ်ရန် ဧပြီလ ၂၂ ရက်တွင်
အမိန့်ပေးခဲ့သည်။ နိုက်ဂျီးရီးယား တပ်သားများ ဆူပူရမ်းကားသွားခဲ့ ကြောင်း ဒေသခံတစ်ဦးက
စွပ်စွဲပြောဆို ထားသည်။
စစ်ဆင်ရေး၌ နိုက်ဂျီးရီးယားစစ်တပ် သည် စစ်စည်းကမ်းအတိုင်း လိုက်နာ ကျင့်သုံးခဲ့ခြင်းရှိမရှိကို
စုံစမ်းစစ်ဆေး မည်ဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန် ချက်တစ်ခု၌ ဖော်ပြထားသည်။ ချဒ်နယ်
စပ်အနီး ဘာဂါမြို့၌ နိုက်ဂျီး ရီးယားတပ်များနှင့် အစ္စလမ္မစ်သူပုန်များ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင်
မီးလောင်ကျွမ်း မှုကြောင့် မြို့တစ်ဝက်နီးပါးပျက်စီး သွားခဲ့သည်။
ကနဦးသတင်းများအရ အစ္စလမ္မစ်သူပုန်များ ရှိနေသည်ဟု ထင်ရသည့် ဗလီအား နိုက်ဂျီးရီးယား
စစ်သားများ ၀ိုင်းဝန်းရာမှ တိုက်ပွဲစတင် ခဲ့သည်ဟုဆိုသည်။ နောက်ဒေသခံတစ်ဦး၏ ပြောပြချက်
အရ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့မှ သေနတ်သမားများသည် ဒေသခံများ ဘောလုံးပွဲကြည့်
သည့် ပွဲကြည့်စင် အတွင်းသို့ဝင်ရန် ကြိုးပမ်းခဲ့ရာတွင် လူများထွက်ပြေးချိန်၌ သေနတ်များဖြင့်
စတင်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
နိုက်ဂျီးရီးယားတပ်သားများက အစ္စလမ္မစ်စစ်သွေးကြွများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သော်လည်း
လက်နက် အင်အားမမျှသဖြင့် နောက်ဆုတ်ပေးခဲ့ ရသော်လည်း နောက်ပိုင်း၌ အရေ အတွက်
များစွာစုစည်းပြီး ပြန်လည် ရောက်ရှိခဲ့ကြသည်။
ဤဖြစ်ရပ်ကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ဘန်ကီမွန်းနှင့် ၀ါရှင်တန်အစိုးရ တို့က ရှုတ်ချခဲ့
ကြသည်။ ဗာညနျအပ ှုညအနမညအေငသညေူ နှင့် ံကာညေ ျွငါ့အျ ျွှအေခ့ အပါအဝင် လူ့အ
ခွင့်အရေးအဖွဲ့များက နိုက်ဂျီးရီး ယားတပ်သားများကို ဘိုကိုဟာရမ် စစ်သွေးကြွများအား စစ်
ဆင်မှုများ ပြုလုပ်ရာတွင် တရားစီရင်ခြင်းမပြုဘဲ ကွပ်မျက်ခြင်းများအပါအဝင် စော်ကားမှုများ
စွာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ ကြသည်။
မွတ်စလင်ဘာသာဝင် အများစုရှိရာ နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းကို အစ္စလမ္မစ်ပြည်နယ်
ထူထောင်ရန် တိုက်ခိုက်နေကြောင်း ဘိုကိုဟာရမ် အဖွဲ့ကပြောခဲ့သော်လည်း ဤအဖွဲ့၏
တောင်းဆိုချက်များသည် မကြာခဏ ဆိုသလို ပြောင်းလဲလျက်ရှိသည်။
အာဖရိကတိုက်၏ လူဦးရေအများဆုံး နှင့် ထိပ်တန်းရေနံထုတ်လုပ်သည့် နိုက်ဂျီးရီးယားနိုင်ငံတွင်
ပဋိပက္ခဖြစ်မှု ကြောင့် ၂၀၀၉ ခုနှစ်နောက်ပိုင်း လူ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ ဘာဂါမြို့
အကြမ်းဖက်မှုမဖြစ်မီ ဘိုကိုဟာရမ်၏ အသေအပျောက်အများ ဆုံးနေ့မှာ ယခုနှစ် ဇန်နဝါရီလ
အတွင်း ကဖြစ်ခဲ့ပြီး ကာနိုမြို့၌ ချိတ်ဆက်တိုက် ခိုက်မှုများတွင် လူ ၁၈၅ ယောက်ထက် မနည်း
သေဆုံးခဲ့သည်။
ဤအကြမ်းဖက်မှု အဆုံးသတ်ရန် စွမ်းဆောင်နိုင်စွမ်းမရှိသည့် သမ္မတ ဂျိုနာသန်မှာ နိုင်ငံရေးအရ
ဖိအားပေး ခြင်းခံနေရရာ ဘိုကိုဟာရမ်အဖွဲ့အား မည်ကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင် မည့်နည်း
လမ်းကို ရှာဖွေနိုင်ရန် သမ္မတ ဂျိုနာသန်သည် ယခင်ရက်သတ္တပတ်က အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပေးခဲ့သည်။
(အေအက်ဖ်ပီ)

















