၀ါရှင်တန် - ဂွါတာနာမို ပင်လယ်အော် ရှိ စစ်အကျဉ်းထောင်၌ အကျဉ်းသား ၁၀၀ ခန့်
အစာငတ်ခံ ဆန္ဒပြလျက်ရှိနေ ချိန်မှာပင် သမ္မတဘာရက်အိုဘားမားက လည်း ယင်းအကျဉ်း
ထောင်သည် အမေ ရိကန်ပြည်ထောင်စုကို အကျိုးယုတ်စေ လျက်ရှိကြောင်း ဧပြီလ ၃၀ ရက်
နေ့၌ ပြောဆိုလိုက်ကာ အကျဉ်းထောင်ကို ပိတ်လိုက်ရန် ပြန်လည်တိုက်တွန်းသွား မည်ဟု က
တိပြုခဲ့သည်။
အကျဉ်းထောင်ကြီးကို 'တရားဝင် လိုင်စင်ရ အထိန်းအကွပ်မဲ့သော ဒေသ တစ်ခု' ဟု အိုဘားမား
က ပြစ်တင်ရှုတ် ချလျက် အပြီးတိုင် ပိတ်သိမ်းသွားရေး အတွက် ကွန်ဂရက်က အတည်ပြုရန်
အချိန်ကျရောက်နေပြီ ဖြစ်ကြောင်းနှင့် အစာငတ်ခံဆန္ဒပြသူများကို အသက် အန္တရာယ် မထိခိုက်
စေရန် စစ်တပ်က ကြိုးပမ်းလျက်ရှိကြောင်း ပြောသည်။
"ဂွါတာနာမိုထောင်ကို ပိတ်ပစ်ဖို့ လိုပြီလို့ ကျွန်တော်ယုံကြည်နေတုန်းပါပဲ။ အမေရိက ဘေးကင်း
ရေးအတွက် ဂွါတာနာမိုဟာ မလိုအပ်ဘူးဆိုတာကို ကျွန်တော်တို့ သဘောပေါက်ဖို့ အရမ်း အရေး
ကြီးတယ်လို့ ကျွန်တော်ထင်ပါ တယ်" ဟု သမ္မတအိုဘားမားက အိမ်ဖြူတော် သတင်းစာရှင်းလင်း
ပွဲ တစ်ရပ်၌ သတင်းထောက်များကို ပြောသည်။
"ကုန်ကျစရိတ်လည်း ကြီးသေး၊ ထိရောက်မှုလည်းမရှိဘူး။ ဒါကြီးကြောင့် နိုင်ငံတကာမှာ
ကျွန်တော်တို့ မျက်နှာ ပျက်ရတယ်။ တန်ပြန် အကြမ်းဖက် တိုက်ဖျက်ရေးကြိုးပမ်းမှုတွေမှာ ဒါကြီး
ကြောင့် ကျွန်တော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းရေး လျော့ရဲသွားရတယ်။ ဒါကြီးဟာ အစွန်းရောက်
တွေအတွက် လူစုဆောင်းဖို့ လက်ကိုင်တုတ်တစ်ခု ပါပဲ" ဟု အိုဘားမားက ဆိုသည်။
ကာလကြာမြင့်စွာကပင် ဂွါတာနာမို နှင့်စပ်လျဉ်း၍ သမ္မတ၏ မာကျောလှ သည့် ယင်းစကားရပ်
များသည် အထိ ရောက်ဆုံးဖြစ်ကာ သမ္မတ ပထမ သက်တမ်းကာလကပင် အကျဉ်းထောင် ပိတ်
သိမ်းရေးကြိုးပမ်းခဲ့ရာ၌ တားဆီးခဲ့ သည့်အတွက် ကွန်ဂရက်အပေါ် ပြစ်တင် ခဲ့မှုကို ပြန်လည်ထင်
ဟပ်လျက်ရှိသည်။
အကျဉ်းသားများက ၎င်းတို့အပေါ် မည်သည့်စွဲဆိုချက်နှင့် ခုံရုံးတင်စစ်ဆေး ခြင်းမျှမရှိဘဲ မရေမရာ
နှင့် အကျဉ်းချ ထားမှုများကို ကန့်ကွက်လျက် အစာ ငတ်ခံဆန္ဒပြမှုများ ကျယ်ပြန့်စွာပြုလုပ် လာ
သည့်အတွက် ဂွါတာနာမိုအရေး သည် ကမ္ဘာ့သတင်းခေါင်းစီးများတွင် နေရာယူလာကာ အိုဘား
မားကိုလည်း အခက်အခဲတွေ့စေခဲ့သည်။ သမ္မတအိုဘားမားက ဂွါတာနာမိုရှိ ပြဿနာရပ်များသည်
၎င်းကို အံ့အား သင့်စေခြင်းမရှိခဲ့ဟု ဆိုသည်။
ကျူးဘားနိုင်ငံအရှေ့တောင်ရှိ လူသူ ဝေးရာ အမေရိကန်ရေတပ်အခြေစိုက် စခန်း၌ ထိန်းသိမ်းထား
သည့် အကျဉ်း သား ၁၆၆ ဦးအနက် ၁၀၀ ခန့်သည် ယခုအခါ အစာငတ်ခံဆန္ဒပြလျက်ရှိ ကြောင်း
ပင်တဂွန်၏ နောက်ဆုံးစာရင်း အရသိရသည်။
ယင်းသို့ အစာငတ်ခံဆန္ဒ ပြနေသူများအနက် ၂၁ ဦးကို နှာခေါင်း ပေါက်များမှတစ်ဆင့် အစာသွင်း
နေရ လျက်ရှိသည်။ ရက်သတ္တ ၁၂ ပတ်ကျော်ထဲ ၀င်ရောက်လာသည့် အစာငတ်ခံဆန္ဒ ပြမှုကို
ထိန်းသိမ်းရန် အမေရိကန်စစ်တပ် က ကျန်းမာရေးဝန်ထမ်းများ ထပ်မံ စေလွှတ်ဖြည့်တင်းထားရ
သည်။
"ဒီလူတွေကို အသက်ဆုံးရှုံးသွားမှာ ကို ကျွန်တော်မလိုလားပါဘူး။ ပင်တဂွန် က ဒီအခြေအနေကို
အတတ်နိုင်ဆုံး ထိန်းသိမ်းသွားဖို့ ကြိုးစားနေတာက တော့အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဘာ
တွေလုပ်နေတယ် ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သိသင့်တယ်လို့ ထင်ပါတယ်" ဟု
အိုဘားမားကပြော သည်။
အပြစ်ရှိသူများကို အရပ်ဘက် တရားရုံးများတွင်သာ စွဲချက်တင် စစ်ဆေးသွားရန်နှင့် ယင်းတို့၏
အပြစ် များအတွက် သက်ဆိုင်ရာမိခင်နိုင်ငံများ သို့ လွှဲပြောင်း၍ ပြစ်ဒဏ်ကျခံစေရန် သမ္မတ
အိုဘားမားက ကာလကြာမြင့် စွာကပင် ဆွေးနွေးပြောဆိုထားပြီး ဖြစ်သည်။
(အေအက်ဖ်ပီ)

















