ရို့စ်မာရီ (rosemary) ရွက်မွှေးပန်းတွေ ရာသီကုန်သွားသော်လည်း ပူစရာမလို ပါ။ ကလျာဏီ
(sage) ပန်းတွေ ပင်လုံး ကျွတ် ပွင့်နေကြပြီ။ ဂရိနိုင်ငံတောင်ပိုင်း၊ ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသော
'ပီလိုပွန်နိစ်' တောင် ကုန်းပေါ်တွင်ကွေ့ကာပတ်ကာ ဖြတ် မောင်းလာသော နီကော့စ်ရက်ပတ်စ်၏
ကားအိုလေးသည် သမိုင်းမတင်မီ ရှေးဟောင်း 'မိုင်ဆင်နေ' မြို့ဟောင်း အပျက်အစီးအနီးရှိ ခရမ်း
ရောင် 'တိုင်းဟားဆင်' ပန်းခင်းကြီးရှိရာ ပျားဂေဟာသို့ ရောက်ရှိလာသည်။
ရှေးပဝေသဏီကတည်းက ရှိခဲ့သော ဂရိဒဏ္ဍာရီတွင် အချစ်နတ်သား အီးရော့စ် သည် သူ၏
လေးနှင့်မြားကို မပစ်မီ သူ၏မြားကို ပျားရည်တွင် နှစ်ပြီးမှ ပစ်ခတ်သည်ဟုဆိုရာ ဤတိုင်းပြည်
တွင် ဤရွှေအဆင်းနှင့် ပျားရည်တို့သည် ကျယ်ပြောလှသော မြေလွတ်မြေရိုင်း တစ်ကြောတွင်
မျိုးရိုးဗီဇပြုပြင်ခြင်း မပြုရဘဲ အလျံအပယ် စီးဆင်းနေခဲ့ပုံ ရလေသည်။
နိုင်ငံများစွာတွင် ပျားများသေဆုံးမှု နှုန်း များနေသဖြင့် ကမ္ဘာတစ်ဝန်းရှိ ပျားမွေးမြူရေးသမားများ
အခက်တွေ့နေ စဉ်တွင် ကြွေးအကျပ်အတည်း ရင်ဆိုင် နေရသော ဂရိနိုင်ငံတွင် ဤအန္တရာယ်မှ
ကင်းဝေးနေလျက်ပင်ရှိသည်။ပျားအုပ်များ ပြိုကျပျက်စီးမှုသည် အမေရိကန်ပြည်ထောင်စုနှင့် ဂျာ
မနီ၊ စပိန်တို့ကဲ့သို့သော ဥရောပနိုင်ငံများတွင် ပြဿနာတစ်ရပ်ဖြစ်နေသည်။
"ကျွန်တော်တို့ ဂရိနိုင်ငံမှာတော့ ဒီပြသနာမတွေ့ကြံုရသေးပါဘူး" ဟု အေသင်စိုက်ပျိုးရေး
တက္ကသိုလ် ပါမေက္ခ ပါစချာလစ်က ဆိုသည်။ ဂရိ ပျားမွေးမြူရေးဂေဟာများသည် စီးပွားဖြစ်လယ်
ယာစိုက်ခင်းများနှင့် ကွာ လှမ်းသောနေရာများတွင် ရှိနေကြသည် ဖြစ်ရာ ပိုးသတ်ဆေးအန္တရာယ်မှ
ကင်းဝေးနေသဖြင့် ပျားများ အန္တရာယ် ကင်းနေကြရခြင်းဖြစ်သည်။
ဂရိနိုင်ငံ အကျယ်အဝန်းဧရိယာ၏ ၂၉ ဒသမ ၃၂ ရာခိုင်နှုန်းကိုသာ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်း
တွင် အသုံးပြုလျက်ရှိပြီး ကျန်ဧရိယာများမှာ သစ်တောနှင့် သဘာဝဂေဟစနစ်အောက်၌သာ ရှိနေ
သဖြင့် ဂရိနိုင်ငံထွက် ပျားရည်များသည် ထူးခြားသော အနံ့အရသာနှင့် တစ်မူ ထူးခြားနေခြင်းဖြစ်
သည်ဟု ဂရိပျားမွေး မြူရေးသမားများ အသင်းဝင် OMSE ကပြောပြသည်။
ပျားနှင့် ပျားမွေးမြူရေးအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ယူဆသဖြင့် ပိုးသတ်ဆေးတားမြစ်ပိတ်
ပင်ရေး အဆို ကို မတ်လအတွင်းက ဘရပ်ဆဲလ်မြို့ တွင် အဆိုတင်သွင်းခဲ့ရာ ဂရိနိုင်ငံက ကန့်
ကွက်မဲပေးခဲ့သည်။
အဓိကသီးနှံ လေးမျိုးအတွက် ပိုးသတ်ဆေး အသုံး ပြုမှုကို ပိတ်ပင်တားမြစ်ရန် ဥရောပ ကော်မရှင်
က လိုလားလျက်ရှိသည်။ ပျားကောင်များ အစုအပြံုလိုက် သေဆုံးနေမှုကို ဟန့်တားနိုင်ရေး ကြိုး
ပမ်းချက်တစ်ရပ်အဖြစ် ပြောင်းဖူး၊ မုန်ညင်းစေ့၊ နေကြာနှင့် ၀ါစိုက်ပျိုးရေး တွင် ပိုးသတ်ဆေးအသုံး
ပြုမှု ပိတ်ပင် တားမြစ်ရန် ကော်မရှင်ကလိုလားသည်။
အဓိက အန္တရာယ်ရှိသော ဓာတု ဒြပ်ပေါင်းသုံးမျိုး clothianidin, imidacloprid နှင့် thiamethoxam
တို့ကို ခြံု၍ နီယိုနီကိုအင်နွိုက် ((neonicotinoids)) ဟု လူသိများပြီး ဆေးဝါးကုမ္ပဏီများဖြစ်ကြ
သော Bayer, Syngenta ESifh Cruiser OSR တို့မှထုတ်လုပ်သော ပိုးသတ်ဆေးများ တွင် ဤ
ဓာတုဒြပ်ပေါင်းများ ပါ၀င်သည် ဟုဆိုသည်။
ဥရောပပါလီမန်တွင် တင်သွင်းသော ထိုအဆိုကို ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်မဲ ကိုးမဲရှိသဖြင့် ဤ
တားမြစ်ရေးအဆိုကို အတည်မပြုနိုင်ခဲ့ပေ။ သို့ရာတွင် လာမည့်နွေရာသီမတိုင်မီ နောက်ထပ် မဲခွဲဦး
မည်ဟု သိရသည်။
"ဂရိနိုင်ငံက ဆန့်ကျင်မဲပေးလိုက်တာ အတော်ကို စိတ်ပျက်စရာကောင်းပါ တယ်။ ကျွန်တော်တို့
နားမလည်နိုင် အောင်ပါပဲ" ဟု OMSE ဖက်ဒရေးရှင်း က ပြောသည်။
"ပိုးသတ်ဆေးသုံးစွဲမှုကို ပိတ်ပင်ခြင်း မပြုတာဟာ စိုက်ပျိုးရေးကို အထောက် အကူမပြုပါဘူး။
ဇီဝမျိုးပွားမှု ထိန်းသိမ်း စောင့်ရှောက်ရေးကိုလည်း အကျိုးမပြု ဘူး။ လူသားတွေနဲ့ အင်းဆက်ပိုးမွှား
တွေကိုလည်း အထောက်အကူမပြုဘူး။ ပျားတွေသေဆုံးနေကြတာ ဘယ်သူ့ ကိုမှ အကျိုးမပြုပါ
ဘူး"ဟု Greenpeace Greece အဖွဲ့မှ အယ်လ်လီနာဒါနာလီ က ပြောသည်။
အသက် ၄၆ နှစ်အရွယ် ပျားမွေးမြူ ရေးသမား နီကိုရက်ပတ်စ်၏ မိသားစု တို့ ပျားမွေးမြူရေးလုပ်
ငန်းလုပ်ကိုင် လာခဲ့ကြသည်မှာ နှစ် ၂၀၀ နီးပါးရှိပြီး သူတို့ အတွက်တော့ ဘဝကို ပန်းတွေကသာ
အဆုံးအဖြတ်ပေးနေကြလေသည်။
"ဖေဖော်ဝါရီမှာ ရို့စ်မာရီပန်းတွေ ပွင့်မယ်၊ မတ်လရောက်ရင် ကလျာဏီ ပန်း၊ အဲဒီနောက် လိမ္မော်
တွေ၊ ဇွန်လ မှာ စမုန်ဖြူပွင့်တွေ၊ ဇူလိုင်လမှာ သစ်အယ် သီးနဲ့ ၀က်သစ်ချပင်၊ စက်တင်ဘာလ မှာ
ဟက်သာပန်းပင်၊ အောက်တိုဘာ မှာ ကာရော့တ်ပန်းတွေ တစ်နှစ် ပတ်လည်မပြတ်အောင်ပါပဲ"ဟု
နီကို့စ် က ပြောသည်။
လူဦးရေ ၁၀ သန်းရှိသော ဂရိနိုင်ငံ တွင် ပျားမွေးမြူသူအဖြစ် မှတ်ပုံတင် ထားသူ ၂၀,၀၀၀ ရှိရာ
၎င်းတို့အနက် ၁,၅၀၀ ခန့်မှာ ပျားမွေးမြူရေး သက်သက် ဖြင့် အသက်မွေးသူများဖြစ်သည်ဟု
Harizanis စာစောင်အရသိရသည်။

ဂရိနိုင်ငံသည် တစ်နှစ်လျှင် ပျားရည် တန်ချိန် ၁၂,၀၀၀ မှ ၁၇,၀၀၀ ထိ ထုတ်လုပ်ရာ ဥရောပတွင်
စပိန်နိုင်ငံ ပြီးလျှင် ပျားရည်ဒုတိယအများဆုံး ထုတ်လုပ်သောနိုင်ငံဖြစ်သည်။ သို့နှင့်တိုင် မနှစ်က
ဂရိနိုင်ငံမှ ပြည်ပ သို့တင်ပို့သော ပျားရည်မှာ တန် ၈၀၀ သာရှိပြီး ပြည်ပမှ ပျားရည်တင်သွင်းမှု မှာ
တန်ချိန် ၂,၀၀၀ ကျော်ရှိခဲ့သည်။
"ပျားမွေးမြူရေးကို ကျွန်တော် ကြိုက်တယ်။ ဒီအလုပ်က ၀ါသနာမပါ ရင်လုပ်နိုင်မှာမဟုတ်ပါဘူး။
ကျွန်တော့် ဖခင်က ရ၇ နှစ်ကျော်လို့ ရ၈ နှစ်ထဲ ရောက်နေပြီ။ ပျားမွေးမြူရေးလုပ်နေ တုန်းပဲ။ ပျား
မွေးမြူရေးသမားတစ် ယောက်အနေနဲ့ မွေးလာပြီး ပျားမွေး သမားတစ်ယောက်အနေနဲ့ သေမယ့်လူ
ပဲ"ဟု နီကော့စ်ရတ်ပတ်ခ်က ပြောကြား လိုက်သည်။
(အေအက်ဖ်ပီ)

















