မြောက်ကိုရီးယားနိုင်ငံရှိ စက်မှုဇုန်မှ တောင်ကိုရီးယား နောက်ဆုံးအသုတ် အလုပ်သမားများ
ဧပြီလ ၂၉ ရက်နေ့က ထွက်ခွာသွားခဲ့ကြသည်။
စက်မှုဇုန်မှ စက်ရုံများနှင့် တောင်ကို ရီးယားကုမ္ပဏီများသည် အန္တရာယ် ရှိသောနေရာကို ရုတ်
တရက်စွန့်ခွာ ရသဖြင့် တုန်လှုပ်ချောက်ချားမှုကို ပြခဲ့ သည်။ အလုပ်သမား ၁၂၆ ဦးသည် များ
ပြား သော ပစ္စည်းပစ္စယများကို တင်ဆောင်၍ ဒါဇင်များစွာသော ယာဉ်များဖြင့် ဧပြီလ ၂၇ ရက်
နေ့က ပြန်လာခဲ့သည်။
စက်မှုဇုန်ကို စီမံကွပ်ကဲရသည့် အစိုးရအလုပ်သမား အများစုအပြင် ဆက်သွယ်ရေးနှင့် လျှပ်စစ်
အင်ဂျင်နီယာ များဖြစ်သည့် လက်ကျန်လူ ၅၀ ခန့်သည် ဧပြီလ ၂၉ ရက် ဂရင်းနစ် စံတော်ချိန် ၈ နာရီခန့်တွင် ပြန်ရောက်လာသည်ဟု တောင်ကိုရီးယားအစိုးရက ဆိုသည်။
"စီမံချက်အတိုင်း လူ ၅၀ ဒီနေ့ ပြန်လာဖို့ ကျွန်တော်တို့ မြောက်ကိုရီး ယားကို အကြောင်းကြားခဲ့
ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားထံမှ သဘော တူညီချက်မရသေးပါဘူး" ဟု နှစ်နိုင်ငံ ပေါင်း
စည်းရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကင်ဝှမ်ဘောက်က သတင်း ထောက်များအား ပြော
သည်။
သို့သော် ၎င်းက အလုပ်သမားများ မထွက်ခွာမီ မိနစ် ၃၀ အလိုတွင် မြောက် ကိုရီးယားက
သဘောတူညီချက်ပေး သည်ဟုဆိုသည်။ တန့်နေသော ဆောင်ရွက်ချက်များကို ပြန်လည်
စတင်ရန် ဆွေးနွေးပွဲလုပ်ရန် ငြင်းဆန်ကာ ပြုံယန်းက စက်မှုဇုန်ကို ပိတ်ပြီးနောက် ကေဆောင်းမှ
လက်ကျန် အလုပ်သမားအားလုံးကိုခေါ်ယူရန် ယင်းကဆုံးဖြတ်ခဲ့ကြောင်း တောင်ကိုရီး ယားက
ဧပြီလ ၂၆ ရက်နေ့က ကြေညာ ခဲ့သည်။
(အေအက်ဖ်ပီ)
















