ဂျိုဟန်နက်စဘာ့ဂ် - ဒုတိယကမ္ဘာစစ် အပြင်းအထန်ဖြစ်နေစဉ် ကာလအတွင်း
အယ်လ်ဆိုင်းဆက်ချ်သည် သူ၏ ခြောက်နှစ်မြောက်မွေးနေ့၌ ဖခင်ထံမှ မွေးနေ့သဝဏ်လွှာ
ပို့စ်ကတ်တစ်ကတ် ရရှိခဲ့သည်။
"လွတ်လပ်ရေးရဖို့ တိုက်ပွဲ တွင်ပင် စစ်သားတစ်ယောက်လို ကြီးပြင်း လာပါစေ"ဟု သူ့ဖခင်က
ပို့စ်ကတ်ပေါ် မှာရေးသားခဲ့သည်။ ပြန်စဉ်းစားကြည့်လိုက်သည့်အခါမှာ အတော်လေး တာဝန်ကြီး
လေးကြောင်း ကို သတိပြုမိကြောင်း အသက် ရ၈ နှစ် ရှိပြီဖြစ်သည့် Sachs ကပြောသည်။
ဖခင်၏မှာကြားချက်များသည် ၀န်ထုပ်ဝန်ပိုး ကြီးလေးလှသော်လည်း တောင်အာဖရိကနိုင်ငံသား
လူငယ် တစ်ယောက်ဖြစ်သည့် ဆက်ချ်အား တရားမျှတမှု၏အပေါ် ခိုင်မာသည့် ထင်မြင်ယူဆချက်
ကို ဖြစ်ပေါ်လာစေ ခဲ့သည်။ သူယုံကြည်သည့်အတိုင်းလည်းSachsသည် တစ်သက်လုံး ဤယုံ
ကြည် မှုအတွက် ထောက်ခံအားပေးခဲ့သည်။
Sachs သည် တောင်အာဖရိကနိုင်ငံ ၏ အထင်ရှားဆုံး နိုင်ငံရေးလှုပ်ရှားသူ များနှင့် တရားသူကြီး
များထဲ၌ တစ်ဦး ဖြစ်သည်။ ၁၉၉၄ ခုနှစ်၌ ပထမဆုံး ဒီမိုကရက် တစ်ရွေးကောက်ပွဲများအပြီး ပေါ်
ပေါက် လာသည့် တောင်အာဖရိကနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတီထွင်ခဲ့သည့် နောက်ကွယ်၌
Sachs သည် တောင် အာဖရိကနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးလှုပ်ရှားသူများနှင့် တရား သူကြီး
များထဲ၌တစ်ဦးဖြစ်သည်။
လူတိုင်းသည်သွေးထွက်သံယို လူမျိုးရေးစစ်ပွဲ ဖြစ်လာလိမ့်မည်ဟု မျှော်မှန်းထားသည့်ကြားက
ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်မြောက်ခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်ခဲ့ကြောင်း Sachs က ဂုဏ်ယူ
စွာပြောသည်။
ကျွန်တော် အပါအဝင် ပြည်သူအားလုံးပါ၀င်ခဲ့ ကြောင်းသူကပြောသည်။ တောင်အာဖိရိက
လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သူ ဖင်ရှားသည် လူဖြစ်တစ်ဦးအနေဖြင့်Sachsသည် အတိတ်
ကဖြစ်ခဲ့သည့် ရက်စက်မှုများကို အကျွမ်းတဝင်ရှိခဲ့သူဖြစ်သည်။
လူမျိုးရေးခွဲခြားသည့် ဖိနှိပ်ချုပ်ချယ် သည့် ဥပဒေများ၏ ဒဏ်ခံသူများ အတွက် ကာကွယ်ခဲ့သည့်
လူငယ် ရှေ့နေတစ်ယောက်ဖြစ်သည့်Sachsသည် လုံခြံုရေးရဲတပ်ဖွဲ့ရ၏ အမျက် ဒေါသကို မကြာ
ခဏဆိုသလိုခံခဲ့ရရုံ တင်မကဘဲ တရားစီရင်ခြင်းမရှိဘဲ ခြောက်လနီးပါး တိုက်ပိတ်ခံခဲ့ဖူးသည်။
၁၉၈၈ ခုနှစ်၊ ဧပြီလ၌ ပြည်နှင့်ဒဏ် ခံရပြီးနောက် မိုဇမ်ဘစ်နိုင်ငံ၌နေထိုင် နေစဉ် ကားဗုံးဖောက်ခွဲခြင်း
ခံလိုက်ရ သောကြောင့်Sachsသည် ညာလက် မောင်းနှင့် မျက်စိတစ်ဖက် ဆုံးရုံးခဲ့ရ သည်။ တာရှည်
နာကြင်တဲ့အချိန်အပြီး နာလန်ထခဲ့ရာတွင် Sachs သည် ၂၄ နှစ်ကြာ ကွဲကွားခဲ့သည့် တောင် အာ
ဖရိကနိုင်ငံသို့ ပြန်လာခဲ့သည်။
မကြာမီတွင် နယ်လ်ဆင်မင်ဒဲလားသည် ထောင်ထဲ၌ ၂၇ နှစ်ကျော်နေခဲ့ရပြီး လွတ်လာခဲ့ရာတွင်
တောင်အာဖရိက နိုင်ငံသစ် အသွင် ဖြစ်လာရေးအတွက် ဆောင်ရွက်မှုများရှိခဲ့ပြီး အစိုးရဟောင်း
၏ စက်ဆုတ်မုန်းတီးစရာ အဖြစ်များ နိဂုံးချုပ်ခဲ့ပြီး တရားဥပဒေစိုးမိုးမှု အသစ်ကို ဖန်တီးလာခဲ့သည်။
Sachs သည် တရားသူကြီး ၁၁ ဦး ပါ၀င်သည့် အသစ်တည်ထောင် ဖွဲ့စည်း ထားသည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေ ဆိုင်ရာ တရားရုံးသစ်၌ တစ်ဦးအဖြစ် ခန့်ထားခြင်းခံခဲ့ရာတွင် ကမ္ဘာပေါ်၌ အတိုးတက်
ဆုံးတစ်ခုဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံရေးဆွဲရာ၌ ပါ၀င်ခဲ့သည်။
Sachs သည် တောင်အာဖရိက နိုင်ငံ၏ လူမျိုးရေးခွဲခြားမှုလွန် အခြေခံ ဖွဲ့စည်းပုံအားရေးဆွဲခဲ့သည့်
ဗိသုကာ တစ်ဦးဖြစ်သည့်အပြင် ဂျိုဟန်နက် စဘာ့ဂ်မြို့ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး
၏ ဒီဇိုင်းပုံစံကို ဆွဲရာ၌ လည်းပါ၀င်ခဲ့သူတစ်ဦးဖြစ်သည်။
ရလဒ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးနေရာကို နာမည်ဆိုး ဖြင့် ကျော်ကြားသည့်
ရဲတိုက်ဟောင်း အကျဉ်းထောင်ဘေး၌ တည်ဆောက် ရန် ရွေးချယ်ခဲ့သည်။ ယင်းနေရာသည်
ယခင်ရာစုနှစ်က ပြည်သူများရပိုင် ခွင့်များအတွက် တိုက်ပွဲဝင်ခဲ့သူနှစ်ဦး အကျဉ်းချခံခဲ့ရာ နေရာ
ဖြစ်သည်။
အနုပညာပစ္စည်းများ စုဆောင်းခြင်း ကို အလွန်ဝါသနာပါသည့်Sachsသည် သူပိုင် လက်ရာကောင်း
တန်ဖိုး ကြီးပစ္စည်းအချို့တို့ကို တရားရုံးသို့ လှူဒါန်းခဲ့သည့် သူသည် ဤအဆောက် အအုံအား
အလွန်ဂုဏ်ယူပြီး သူသည် အခြေခံဖွဲ့စည်းပုံဆိုင်ရာ တရားသူကြီး အဖြစ်လုပ်ခဲ့သည့် ၁၅ နှစ်အတွင်း
ငါးနှစ်ကို ဤအဆောက်အအုံအတွင်း မှာပင် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဤ အဆောက်အအုံဆီ
သို့ မမောနိုင်မပန်း နိုင် သွားရောက်ခဲ့သည်။
အငြိမ်းစားယူထားပြီဖြစ်သောSachsသည်သူ့မိသားစုနှင့်အတူ ကိတ်တောင်းမြို့ ကလစ်ဖ်တန်အရပ်
၌ နေထိုင်လျက်ရှိသည်။ သူ့မှာဇနီးဖြစ်သူ ဗာနက်စ်ဆာနှင့် အသက်ခြောက်နှစ် အရွယ် သားအိုလီ
ဗာတို့ရှိသည်။
Sachs ခြောက်နှစ်သားအရွယ်က သူ့ဖခင်ပေးခဲ့သည့် ၀န်ထုပ်ဝန်ပိုးကို သားဖြစ်သူ အိုလီဗာအား
မည်သည့် အခါမျှ ပေးနိုင်မှာမဟုတ်ကြောင်းSachsကပြောသည်။ အိုလီဗာအား လူမျိုးရေးခွဲခြား
မှု၏ စက်ဆုပ်မုန်းတီး စရာ အဖြစ်သနစ်များကိုပင် ပြောပြရက် ကြောင်း Sachs က ၀န်ခံခဲ့သည်။
"မပြောချင်ဘူး။ သူ့ဘာသာသူသိလာ လိမ့်မယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ လူတွေ ရှိခဲတယ်လို့
သူ့ကိုပြောပြနိုင်တယ်။ ကျွန်တော့်ကားထဲ ဗုံးထည့်ပြီး ဖောက်ခွဲ ခဲ့တယ်။ ချီးကျူးလောက်တဲ့
ဆရာဝန်က ကျွန်တော့်အသက် ကယ်ခဲ့တယ်။ ကျွန်တော် ဒါတွေအားလုံး ပြောပြနိုင် တယ်။
ဒါတွေ သူနားလည်မှာပါ"လို့ Sachs ကပြောသည်။
(စီအင်န်အင်န်)
















