နပိုလီယံ၏လက်စွပ်နှင့် ဖရန့်ဂျိုးဇက်၏ ဆံပင်ခွေကို ဗီယင်နာ၌ ရောင်းချ

နပိုလီယံ၏လက်စွပ်နှင့် ဖရန့်ဂျိုးဇက်၏ ဆံပင်ခွေကို ဗီယင်နာ၌ ရောင်းချ

ဗီယင်နာ- ဩစတြီးယား ဧကရာဇ်၏ ငွေရောင်ဆံပင်ခွေတစ်ခုနှင့် အီဂျစ်နိုင်ငံတွင်
နပိုလီယံတူးဖော်ရရှိပြီး ၎င်းဇနီး ဂျိုးဇက်ဖင်းအားပေးခဲ့သည့် ကျောက်မျက် တစ်လုံးပါ လက်စွပ်
တို့ကို ဗီယင်နာ မြို့တွင် လေလံတင်ရောင်းချခဲ့သည်။

ဖရန့်ဂျိုးဇက်၏ ဆံပင်ခွေသည် ယူရို ၁၃,၇၂၀ (ဒေါ်လာ ၁၇,၈၇၀) ဖြင့် အမည်မဖော်လိုသူတစ်ဦးက
၀ယ်ပြီး လက်စွပ်ကို ယူရို ၉၇,၉၀၀ ဖြင့် အမည်မသိ တယ်လီဖုန်းဖြင့် လေလံဆွဲသူက ၀ယ်ယူ
ကြောင်း ဒိုရိုသီယမ် လေလံတင် တိုက်ကပြောသည်။

နပိုလီယံ (၁၇၆၉-၁၈၂၁) သည် ၎င်း၏ စစ်မက်ရေးရာအရ ဆိုးရွား သော်လည်း သိပ္ပံပညာအရ
အောင်မြင် သည့် စူးစမ်းလေ့လာရေးခရီးအတွင်း ရှေးကျပြီး တန်ဖိုးကြီးသည့် ကျောက်မျက် ကို
တွေ့ရှိပြီး ၎င်းသည် နာမည်ကြီး Rosetta Stone အဖြစ် အီဂျစ်နိုင်ငံ တွင် ၁၇၉၈-၉၉ ထိ
ပေါ်လာသည်။

နပိုလီယံက ပီလီစီယမ် အပြိုအပျက် များမှ ၎င်းကိုဖြောင်ထားပြီး ဗိုလ်ချုပ်ကြီး အင်တွိုင်း-ဖရစ်
ကွိုက်စ်အင်ဒရီအိုစီသို့ ပေးပြီးနောက် ဂျိုဇက်ဖင်းသို့ပေးရန် ပြန်တောင်းခဲ့သည်။ ဂျိုးဇက်ဖင်းက
၎င်းကို လက်စွပ်ပြုလုပ်ပြီး ကိုယ်ရေး အတွင်းရေးမှူး ကော့ဗင်းဆင့်ဘရန် နက်တီသို့ ပေးလိုက်
သည်။

နောက်ပိုင်း၌ ဗီယင်နာတွင် အဆုံးသတ်သွားသည်။ နပိုလီယံ၏ စာလုံးထွင်းထားသည့် ကိုယ်ပိုင်
ဖန်ခွက်နှင့် ဧကရာဇ်မင်း သရဖူသည် ယူရို ၆,၂၅၀ ရရှိကြောင်း ဒိုရိုသီယမ်က ပြောသည်။ ဧကရာဇ်
ဘုရင်၏ လက်ကြယ်သီးကို ယူရို ၈,၇၅၀၊ ဆေးပြင်းလိပ် အစွပ်ကို ယူရို ၄,၇၅၀၊ အမဲလိုက်ရာတွင်
သုံးသည့် သစ်၊ သံအချောင်းကို ယူရို ၆,၈၇၅၊ နာမည်အစအက္ခရာပါ လက်ကိုင်ပဝါကို ယူရို ၂,၇၅၀
ဖြင့် ဧပြီလ ၂၅ ရက်နေ့က အသီး သီးရောင်းချခဲ့သည်။

(အေအက်ဖ်ပီ)