မော်စကို - ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သည်
ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော နယ်မြေအငြင်းပွားမှုကိစ္စ အား ဖြေရှင်းရေး ထပ်မံကြိုး
ပမ်းမှုများ ဆောင်ရွက်ရန် ဧပြီလ ၂၉ ရက်နေ့က ကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။
အဆိုပါနယ်မြေ အငြင်းပွားမှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်
တွင် ၎င်းတို့နှစ်နိုင်ငံ စလုံးက လက်မှတ်မထိုးဘဲနေခဲ့သည်။ ကရင်မလင်တွင်နှစ်နာရီကြာ ဆွေးနွေး
ပြောဆိုကြပြီးနောက် ၎င်းတို့၏ ပြဿနာ များပြေလည်ရေး စဉ်းစားဆုံးဖြတ်ရန် ကိစ္စရပ်များကို
ပြန်လည်ဆွေးနွေးရန် ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများ အား ညွှန်ကြားရန် သဘောတူညီခဲ့ကြ
သည်။
ယင်းသို့ ရွေးချယ်ဆုံးဖြတ်စရာ ကိစ္စရပ်များကို နှစ်နိုင်ငံ ခေါင်းဆောင် များသို့ တင်ပြနိုင်သည်။
ဆယ်စုနှစ်တစ်ခုအတွင်း မော်စကိုသို့ ပထမဆုံးအကြိမ်တရားဝင် အဆင့်မြင့် အလည်အပတ်
ခရီးစဉ် ရောက်ရှိခဲ့သော ဂျပန်ဝန်ကြီးချုပ် အာဘေးသည် ထူးကဲ သော အကျိုးရလဒ် ထွက်ပေါ်
လာ မှုကိုကြိုဆိုခဲ့ပြီး ရုရှားခေါင်းဆောင်နှင့် မြဲမြံသောရင်းနှီးမှုကို အောင်မြင်စွာ တည်ဆောက်နိုင်
ခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးနောက် ၆၇ နှစ် ကြာချိန်ထိ ငြိမ်းချမ်းရေးစာချုပ်ကို ၎င်းတို့ နိုင်ငံများက
လက်မှတ်မထိုးဘဲနေခဲ့သည် မှာ သမားရိုးကျဖြစ်စဉ်မဟုတ်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက
သဘောတူ ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့သည်။
နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မတိုးသာမဆုတ်သာ အခြေအနေ များအဆုံးသတ်နိုင်ရေး
ခိုင်မာသည့် အကြံပြုချက် မပေးနိုင်သေးသော်လည်း ဆွေးနွေးမှုများမှ လက်ရှိဖြစ်ပေါ်နေ သော
သဘောထားကွဲလွဲမှုများကို ကျော်လွှားသွားမည်ဟု သန္နိဋ္ဌာန်ချထား ကြောင်း ၎င်းတို့က
ဖော်ပြခဲ့သည်။
ဆွေးနွေးပွဲအတွင်း နေ့လယ်စာ စားချိန်တွင် ဂျပန်လူမျိုးတို့၏ တရားဝင် လုပ်ထုံးလုပ်နည်းအရ
အာဘေးက ပူတင်ကို နှင်းလျှောစီးဝတ်စုံတစ်စုံနှင့် နှင်းလျှောစီး စကိတ်အသစ်တစ်စုံ ပေးခဲ့ပြီး
ပူတင်ကလည်း အာဘေးအား ၁၈၅၅ ခုနှစ်က ထုတ်လုပ်သော စပျစ်ဝိုင် တစ်လုံး ပေးအပ်ခဲ့သည်။
၎င်းခုနှစ်တွင် ဂျပန်နှင့် ရုရှားတို့ကြား ပထမဆုံး ခင်မင်ရင်းနှီးမှု စာချုပ်ကို လက်မှတ်ရေး ထိုးသည့်နှစ်
လည်း ဖြစ်ခဲ့သည်။ "နှစ်ပေါင်း ၆၇ နှစ်ကြာ ဖြေရှင်းမရခဲ့ တဲ့ပြဿနာကို ကျွန်တော်တို့က နောက်
နေ့မှာ အားလုံးဖြေရှင်းပေးမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး"ဟု ရုရှားသမ္မတ ပူတင် က ပြောကြား
ခဲ့ပြီး "ဒီပြဿနာကို ကျွန်တော်တို့ ဖန်တီးတာလည်းမဟုတ် ဘူး။ ကျွန်တော်တို့က အတိတ်မှာ
ဖြစ်ပျက်ခဲ့တာကို အမွေဆက်ခံထား ရတာပါ" ဟုဆိုသည်။
"အနည်းဆုံးတော့ ဒီလိုရှုပ်ထွေးနေ တဲ့ပြဿနာကို ကျွန်တော်တို့ ဆက်ပြီး ဖြေရှင်းမှာပါ။ ဒါပေမဲ့
နှစ်ဖက်စလုံး အတွက် အင်မတန်အရေးပါတဲ့ အရာ တစ်ခုတော့ ဖြစ်နေတယ်" ဟု ၎င်းက ပြောကြား
ခဲ့သည်။
"နှစ်နိုင်ငံဆက်ဆံရေးမှာ ပုဂ္ဂိုလ်ရေး အရ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ် လို့ ယူဆတယ်"ဟု
အာဘေးကဆိုသည်။ "ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပပြီး ဒီလိုလုပ်ဆောင်ချက်တွေကို တိုးမြှင့်
ဆောင်ရွက်ဖို့ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ သဘောတူခဲ့ကြတယ်။ ဒီလို ဆွေးနွေးနိုင်
ခြင်းဟာ ရလဒ်ကောင်း တစ်ခုဖြစ်တယ်လို့ ကျွန်တော်ယူဆ တယ်" ဟု ၎င်းက ထပ်လောင်းပြော
ကြား ခဲ့သည်။
(အေအက်ဖ်ပီ)

















