ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ကို ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ယူနက်စကိုက ထည့်သွင်းမည်

ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ကို ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ယူနက်စကိုက ထည့်သွင်းမည်

တိုကျို- ကုလသမဂ္ဂ၏ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းမှ ဩဇာညောင်း သည့် အကြံပေး
အဖွဲ့၏ထောက်ခံချက် ရယူပြီးနောက်တစ်လတွင် ယူနက်စကို က သတ်မှတ်သည့် ကမ္ဘာ့အမွေ
အနှစ် နေရာများစာရင်းတွင် ဂျပန်နိုင်ငံမှဖူဂျီ တောင်အား ထည့်သွင်းသွားဖွယ်ရှိ ကြောင်း တာဝန်
ရှိသူများကမေလ ၁ ရက်နေ့တွင် ပြောကြားသည်။

ကတော့ပုံကဲ့သို့ ဖြစ်ပေါ်နေသော ဖူဂျီတောင်အား ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုအဖြစ် သတ်မှတ်
ရန် သင့်တော် ကြောင်းကို ယူနက်စကိုမှ အကြံပေး အဖွဲ့ဖြစ်သည့် နိုင်ငံတကာ သမိုင်းဝင်
အဆောက်အအုံနှင့် နေရာများသတ်မှတ် သည့်အဖွဲ့ (ICOMOS) က ဂျပန်အစိုးရ အား ပြောကြား
ခဲ့ကြောင်းသိရသည်။

ဖူဂျီတောင်သည် အမြင့် ၃,၇၇၆ မီတာ (၁၂,၄၆၀ ပေ)ရှိကာ ဂျပန်နိုင်ငံတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး
ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီက ကမ္ဘောဒီးယားနိုင်ငံ၌ အစည်းအဝေးပြု
လုပ်မည့် ဇွန်လတွင် တရားဝင် ထည့်သွင်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

တရားဝင်ထောက်ခံမှု ရရှိပြီးနောက် ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခံရပါက ခရီး
သွား လုပ်ငန်းကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရ ကြောင်း ဖူဂျီနိုမီယာ၏ မြို့တော်ဝန် ဟီဒီ
တာဒါဆူဒိုက ပြောကြားခဲ့သည်။

ယာမာနာရှီနှင့် ရှီဇူအိုကာစီရင်စု နယ်မြေများအတွင်းရှိ ဖူဂျီတောင်သည် အကြမ်းဖျင်းအားဖြင့်
ဟက်တာ ရ၀,၀၀၀ (ဧက ၁၇၂,၉၀၀) ကျယ်ဝန်းပြီး ၎င်း ဧရိယာအတွင်းတွင် အဓိကရေကန်ကြီး
ငါးကန်၊ ရှီရာအီတို ရေတံခွန်များနှင့် ရှင်တို ဗိမာန်ရှစ်ခုပါ၀င်သည်ဟု ယဉ်ကျေးမှုဆိုင်ရာကိစ္စများ
ဆောင်ရွက် ရေးဌာန၏ မေတ္တာရပ်ခံတောင်းဆိုချက် တွင်ဖော်ပြထားသည်။

ယင်းဖူဂျီတောင်နေရာအား သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် အမွေ အနှစ်နေရာဟုဆိုခြင်း
ထက် ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

(အေအက်ဖ်ပီ)