အမ်စတာဒမ် - ဧပြီလ ၃၀ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၏ ဘုရင်မကြီး ဘီထရစ္စ နန်းစွန့်ပြီး
နောက် သားတော် ၀ီလမ်အလက်ဇန္ဒားမှာ ဥရောပ၏ အသက်အငယ်ဆုံး ဘုရင်ဖြစ်လာ သည်။
ပြည်သူများက နှစ်ပေါင်း ၁၂၀ အတွင်း ၎င်းတို့၏ပထမဆုံး ဘုရင်ကို တစ်ခဲနက်ကြိုဆိုခဲ့ကြသည်။
အမ်စတာဒမ်ရှိ တော်ဝင်နန်းတော်၌ ပြုလုပ်သော နန်းစွန့်သည့် အခမ်းအနား တွင် အသက် ရ၅ နှစ်
အရွယ် ဘုရင်မကြီး ဘီထရစ္စသည် သားတော်ဖြစ်သည့် အသက် ၄၆ နှစ်အရွယ်ရှိ ၀ီလမ် အလက်
ဇန္ဒား၊ ၎င်း၏ကြင်ယာတော် အသက် ၄၁ နှစ်အရွယ်ရှိ မာဇီမာတို့နှင့် အတူ အစိုးရအဖွဲ့ဝင်များရှေ့တွင်
နန်းစွန့် လက်မှတ်ရေးထိုးခဲ့သည်။
ဘုရင်မကြီး နန်းစွန့်လက်မှတ်ထိုးနေ သည့်မြင်ကွင်းကို နန်းတော်မျက်နှာချင်း ဆိုင်ရှိ Dam ရင်ပြင်
၌ ပြသထားသော ကြီးမားသည့် ရုပ်မြင်သံကြားဖန်သား ပြင်မှတစ်ဆင့် လူ ၂၅,၀၀၀ က စောင့်
ကြည့်ခဲ့ကြသည်။
Dam ရင်ပြင်ရှိ Nieuwe Kerk ဘုရားကျောင်းတွင် နန်းမြှောက်သည့် အခမ်းအနားမကျင်းပမီ
၀ီလမ်အလက် ဇန္ဒား၊ မာဇီမာနှင့် ဘီထရစ္စတို့က တော်ဝင်နန်းတော်၏ သင်္ကေတဖြစ် သော နှင်း
ဆီပန်းများ၊ လိမ္မော်သီး များဖြင့် မွမ်းမံပြင်ဆင်ထားသည့် နန်းတော်လသာဆောင်သို့ ထွက်ကာ
လူထုကို နှုတ်ဆက်ခဲ့ကြသည်။
ဒတ်ချ်ဘုရင် ၀ီလမ်အလက်ဇန္ဒား သည် လွှတ်တော်နှစ်ရပ်၏ ပူးတွဲအစည်း အဝေးတစ်ခုမကျင်းပမီ
Nieuwe Kerk ဘုရားကျောင်းတွင် ကျမ်းသစ္စာကျိန်ဆို ခဲ့သည်။ ၀ီလမ်အလက်ဇန္ဒားက ကျမ်း
သစ္စာမကျိန်ဆိုမီ ၎င်း၏မိခင် ဘုရင်မကြီး အား ၎င်းအုပ်ချုပ်ခဲ့သည့် ကာလများ အတွက် ကျေးဇူး
တင်ကြောင်း ပြောကြား ခဲ့သည်။
(အေအက်ဖ်ပီ)

















