၀ါရှင်တန်- သမ္မတအိုဘားမားသည် ဆီးရီးယားကိစ္စနှင့် ပတ်သက်ပြီး ဦးနှောက်စား
နေသည့်ပြဿနာနှင့် ကြံုတွေ့နေရသည်။ တစ်စိတ်တစ်ပိုင်းမှာ လည်း သူ၏လုပ်ရပ်ကြောင့်လည်း
ဖြစ်သည်။ ဆီးရီးယားသည် ပြည်တွင်း စစ်ကို ပိုအရှိန်မြင့်တက်လာစေသည့် ဓာတုဗေဒလက်နက်
များ အသုံးပြုလိုက် ခြင်းဖြင့် အမေရိကန်၏ 'အနီမျဉ်း' ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။
ဤပြဿနာမှ သမ္မတအိုဘားမား သည် ရုန်းထွက်ရန် နေရာရှာမရနိုင်လျှင် သူသည် ကိုယ်ပိုင်
ယုံကြည်မှုကို သက်သေ ပြရန် လိုအပ်ချက်နှင့် အမေရိကန်အား နောက်ထပ်အရှေ့အလယ်ပိုင်း
စစ်ကို ရှောင်ရန် ဆန္ဒတို့နှစ်ခု ပဋိပက္ခဖြစ်ခြင်း ကို ပြေလည်ရန် လုပ်ရပေလိမ့်မည်။
ယခင်ရက်သတ္တပတ်က တက္ကဆက်၌ ဂျော့ဒဗ္ဗလျူဘွတ်ရှ်အား ဂုဏ်ပြုရာ၌ ခေတ်သစ်သမ္မတ
တစ်ဦး ရင်ဆိုင်ရသည့် ပြသနာများနှင့်ပတ်သက်ပြီး မိမိဘာသာ တွေးတောကောက်ချက်ချခဲ့
သည်။
"အမှားတွေ လုပ်ခဲ့မိတဲ့အချိန်တွေ လည်း ရှိခဲ့တယ်။ အချိန်ကိုဖြစ်နိုင်ရင် ပြန်နောက်ဆုတ်ချင်တဲ့
စိတ်တွေလည်း ဖြစ်ပေါ်လာတတ်တယ်" ဟု သမ္မတ အိုဘားမားက ပြောသည်။
ယခင်နှစ်၊ ဩဂုတ်လက အိုဘားမား ပြန်လည်အရွေးခံရန် ကြိုးပမ်းနေချိန် က သမ္မတအာဆတ်
ဓာတုလက်နက်များ သုံးခြင်း၊ ရွှေ့ပြောင်းခြင်းရှိလျှင် အခြေ အနေ တစ်မျိုးပြောင်းလဲမည် ဖြစ်
ကြောင်း ပြောခဲ့သည်ကို ဆီးရီးယား တပ်များ ဓာတုဗေဒလက်နက်များ သုံးခဲ့ သည်ဟု အမေရိ
ကန် ထောက်လှမ်းရေး က သတင်းများထွက်လာသည့်အခါ ပြန်ပြောင်းသတိရနေပုံပေါ်သည်။
ဓာတုဗေဒလက်နက်သုံးခြင်း၏ အရွယ်ပမာဏနှင့် သေဆုံးသူအရေ အတွက်ကို အတိအကျမသိ
ရသေးသလို သမ္မတ အိုဘားမားအား သွေးတိုးစမ်း ခြင်းလား၊ (သို့) လှုပ်လေမြုပ်လေ အရှုပ်တော်
ပုံအသစ် ဖြစ်စေချင်လို့လား ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဤသတင်းကြောင့် သမ္မတအိုဘားမား ခြိမ်းခြောက်ခဲ့သည်ကို အတည်ဖြစ်ရန် တွန်းအားပေးမှုများ
ဖြစ်လာသော ကြောင့် ရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာ ဖြစ်ပေါ်လာကာ အာဆတ်အား တိုက်နေ
သည့် သူပုန်များကို လက်နက် တပ်ဆင်ပေးရန်၊ ဆီးရီးယားကို လေကြောင်းမှ ဗုံးကြဲရန် (သို့) ပျံ
သန်းခြင်း မပြုရန် ဖန်တီးရန်တောင်းဆိုမှုများ တိုးလာခဲ့သည်။
အဓိကကျသည့် အမျိုးသားလုံခြံုရေး ကိစ္စများ၌ သမ္မတအိုဘားမားက 'အနီမျဉ်းများ' သတ်မှတ်
ခြင်းသည်၊ တစ်ချိန်မဟုတ်တစ်ချိန် တစ်ဦးဦးက ဖြတ်ကျော်နိုင်သည်ဟူသော အကျပ် အတည်းဖြင့်
ရင်ဆိုင်ရဖွယ်ရှိသည်။
ဤအကြောင်းကြောင့်လည်း သမ္မတ အိုဘားမားသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ
ဟုကဲ့သို့ မဟုတ် ဘဲ အီရန်နိုင်ငံ နျူကလီးယားလက်နက် ရရန်ကြိုးပမ်းမှု မဖြစ်မြောက်ရန် အမေရိ
ကန်က တိုက်ခိုက်မည့် အချိန်ကို အတိအကျဖော်ပြရန် တွန့်ဆုတ်နေ ခြင်း ဖြစ်သည်။
ဆီးရီးယားအပေါ် 'အနီမျဉ်း' တား ခြင်း၏ ပြဿနာနောက်တစ်ခုမှာ ဓာတု ဗေဒလက်နက် မသုံး
သ၍ ရက်စက်မှု မှန်သမျှသည် ၀ါရှင်တန် အစိုးရအား နိုးကြားလာစေမှာ မဟုတ်ဘူးဟု သမ္မတ”
အာဆတ်က ယုံကြည်ထားသည်ဟု ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော် အမတ် ဂျွန်းမက္ကိန်း
ကပြောသည်။
ဓာတုဗေဒလက်နက်များအပေါ် သမ္မတအိုဘားမား 'အနီမျဉ်း'တားခဲ့သည့် အတွက်၊ သမ္မတ
အာဆတ်ကို စကတ် ဒုံးကျည်များ၊ သေနတ်တင် ရဟတ်ယာဉ် များ၊ လေကြောင်းတိုက်ခိုက်
မှုများနှင့် အစုလိုက် အပြံုလိုက်သတ်ဖြတ်ခြင်း တို့ကိုလုပ်ရန် မီးစိမ်းပြခဲ့သလိုဖြစ် ကြောင်း၊
ဂျွန်မက္ကိန်းက ဆက်လက် ပြောဆိုခဲ့သည်။
သမ္မတ အိုဘားမား၏ လုပ်ရပ်များကို အနီးကပ် ကြည့်နေကြမည်ဖြစ်သည်။ အထူးသဖြင့် အီရန်က
ကြည့်နေမှာဖြစ် သည်။ ဆီးရီးယား အရေးတစ်ခု တည်းမဟုတ်တော့ကြောင်း၊ သမ္မတ အိုဘားမား
အပေါ် ပင်ကိုယုံကြည် လက်ခံခြင်းနှင့် ဆိုင်နေကြောင်း၊ အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေးညှိနှိုင်းသူ
အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အေရွန် ဒေးဗစ်မီလာက ပြောသည်။
သမ္မတအိုဘားမား မီဒီယာအဖွဲ့၏ မရှင်းမလင်း ပြောဆိုချက်များကြောင့် သမ္မတအိုဘားမား အလွန်
သတိထား နေရသည်။ 'အနီမျဉ်း'ကို မည်ကဲ့သို့ အဓိပ္ပာယ် ဖော်ဆောင်သည်ကို မေးမြန်းရာတွင်
ဓာတုဗေဒလက်နက် အသေးအဖွဲသုံး ခြင်းသည် 'အနီမျဉ်း'ကို ဖြတ်ကျော်ရာ ရောက်မရောက်ကို
ပြောဆိုခွင့်ရှိသူ ဂျေးကာနီက ပြောရန်ငြင်းဆိုခဲ့သည်။
အီရတ်စစ်မှာကဲ့သို့ စိတ်မချရသည့် ထောက်လှမ်းသတင်းများ ဖြစ်ပေါ်လာ မည့်အရေးကို
အိမ်ဖြူတော်က သတိ ထားလျက်ရှိနေသည်။ ဆီးရီးယား၌ အရပ် သားများအပေါ် ဓာတုလက်နက်
များ အသုံးပြုခြင်းသည် သမ္မတအိုဘား မားအပေါ် အလွန်ကြီးမားလေးနက် သည့် လူသားချင်းစာ
နာသည့် ဆုံးဖြတ် မှုကို လုပ်ရမှာဖြစ်သလို သမ္မတအာဆတ် အာဏာပြုတ်ကျသည့်အခါ၌ ဤဓာ
တု လက်နက်များ၏ အနာဂတ်ကို ၀ါရှင်တန် အစိုးရက အစိုးရိမ်ဆုံး ဖြစ်နေသည်။
အီရတ်မှာကဲ့သို့ အကြမ်းဖက်အဖွဲ့ များလက်သို့ ဓာတုလက်နက်များ ကျရောက်သွားမည့် အတွေး
သည် အမှန် တကယ်ဖြစ်လာခဲ့လျှင် အမေရိကန် သည် စစ်ရေးဆိုင်ရာလုပ်ရပ်ကိုသာ သုံးရန် အား
များသွားမှာဖြစ်သည်။ ဤအဆင့်အထိ သမ္မတ အိုဘားမား ရောက်လိမ့်မည့် အနေအထားမရှိသေး
ပေ။
(အေအက်ဖ်ပီ)

















