သတင်းထောက်များအတွက် အန္တရာယ်ကြီးသည့်ဆီးရီးယား

သတင်းထောက်များအတွက် အန္တရာယ်ကြီးသည့်ဆီးရီးယား

ဘေရွတ် - ဆီးရီးယား ပြည်တွင်းစစ်မှာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ဆီးရီးယား
စစ်ပွဲအကြောင်းကို သတင်းပေးပို့သည့် အလုပ်မှာ ကမ္ဘာပေါ်၌ အန္တရာယ် အများဆုံး အလုပ်
အကိုင်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

သတင်းရယူသည့် သတင်းထောက်များမှာ ပစ်ခတ်မှုများ အတွင်း သေဆုံးခြင်း၊ သို့မဟုတ် ထိခိုက်
ဒဏ်ရာရခြင်းများနှင့် ရင်ဆိုင်ရသည့် အပြင် ပြန်ပေးဆွဲခံရမည့် အန္တရာယ်များ လည်းရှိသည်။ နှစ်
စဉ်ကျင်းပလေ့ရှိသည့် နိုင်ငံ တကာ သတင်းလွတ်လပ်ခွင့်နေ့အခမ်း အနားကို ကုလသမဂ္ဂက မေလ
၃ ရက် နေ့ ကျင်းပမည့်အချိန်တွင် ဆီးရီးယား နိုင်ငံ၌ အမေရိကန်သတင်းထောက် ဂျိမ်းစ်ဖော်လ်
လေအပါအဝင် သတင်း ထောက် ခုနစ်ဦးထက်မနည်း ပျောက်ဆုံး နေပြီး အေအက်ဖ်ပီသတင်း
ဌာနမှ ဗီဒီယိုရိုက်ကူးသူ တစ်ဦးနှင့်လည်း ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ အဆက် အသွယ် ပြတ်
တောက်လျက်ရှိသည်။

နောက်ဆုံးပျောက်ဆုံးနေသည့် သတင်းထောက်မှာ ဆီးရီးယားနိုင်ငံ ထဲသို့ တိတ်တဆိတ် ၀င်
ရောက်နေသော အီတလီနေ့စဉ်ထုတ် သတင်းစာ LaStampa မှ  Domenico Quirico ဟုခေါ်
သည့် သတင်းထောက်တစ်ဦး ဖြစ်ပြီး ၎င်းနှင့် အဆက်အသွယ်ပြတ် တောက်နေသည်မှာ ငါးရက်
ကြာပြီး နောက် ၎င်း၏အလုပ်ရှင်က ပျောက်ဆုံး နေကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားအစိုးရက ဗီဇာထုတ်မပေး လိုခြင်း၊ ဆီးရီးယားနိုင်ငံအတွင်း ၀င်ခွင့် ပြုထားသည့်
သတင်းထောက်များ၏ သတင်းများကို ထိန်းချုပ်ခြင်း စသည် တို့ကို အစဉ်တစိုက် လုပ်ဆောင်
နေခြင်း ကြောင့် သတင်းထောက်များမှာ အစိုးရ ၏ ခွင့်ပြုချက်မယူဘဲ ဆီးရီးယားနိုင်ငံ အတွင်း
သို့ ၀င်ရုံမှလွဲ၍ ရွေးစရာလမ်း မရှိပေ။ ၎င်းတို့က ဆီးရီးယားနိုင်ငံ အတွင်းသို့ အများအားဖြင့် တူ
ရကီနိုင်ငံ ဘက်မှ ၀င်ရောက်ကြသည်။

အလပ်ပိုမြို့ကို အစိုးရတပ်များတိုက်ခိုက်စဉ် ဒဏ်ရာရရှိသူများကိုဆေးရုံသို့ပို့ရာ၌ ထရပ်ကားပေါ်တွင်ပါလာသော ဒဏ်ရာရလူငယ်တစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီ

သို့ရာတွင် သူပုန်အဖွဲ့များ တိုးပွား လာခြင်း၊ သူပုန်များ သိမ်းပိုက်ထားသည့် နယ်မြေများတွင်
ဥပဒေအထိန်းအကွပ် မဲ့လာခြင်းတို့ကြောင့် ဆီးရီးယားနိုင်ငံ ထဲသို့ ၀င်ရောက်ခြင်းမှာ ပို၍အန္တရာယ်
ရှိလာသည်။

ပြန်ပေးဆွဲသူများက သတင်းထောက် များကို ပြန်ပေးငွေရရှိရန်အတွက် ဖမ်းဆီး ကြပြီး ဂျီဟတ်
အဖွဲ့များက သတင်း ထောက်များကို သူလျှိုများဟုစွပ်စွဲခြင်း နှင့် အသက်အန္တရာယ်ကိုပင် ခြိမ်း
ခြောက်ခြင်းများရှိသည်။

အော်စတင်တိုက်စ် အပါအဝင် သတင်းထောက်အချို့ကို ပြန်ပေးဆွဲမှု တွင် ဆီးရီးယားအစိုးရလည်း
သံသယ ဖြစ်ဖွယ်ပါ၀င်နေသည်။ အော်စတင် တိုက်စ်မှာ ဆီးရီးယားအစိုးရ စစ်ဆင် ရေးဆင်နွှဲနေ
သည့် ဒမတ်စကတ်မြို့အပြင် ဘက် ဒါရာယာတွင် ၂၀၁၂ ခုနှစ်၊ ဩဂုတ် လ ၁၃ ရက်နေ့က ပျောက်
ဆုံးသွားခြင်း ဖြစ်သည်။

နှစ်နှစ်ကျော်အတွင်းမှာပင် ဆီးရီးယားနိုင်ငံသား သတင်းထောက် ၅၈ ဦးနှင့် အခြားသတင်း
ထောက် ၂၃ ဦးတို့ အသတ်ခံခဲ့ရသည်။

(အထက်ပါ ဓာတ်ပုံများမှာ ရောဘတ်ကာပါဆုရအေအက်ဖ်ပီ သတင်းထောက်၏ ဓာတ်ပုံ
များဖြစ်သည်။)