
၀ါရှင်တန် - လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ရဲအရာရှိတစ်ဦးအား သတ်ခဲ့ပြီးနောက်
ကျူးဘားနိုင်ငံသို့ ထွက်ပြေးခဲ့သည့် အမျိုးသမီးကြီးတစ်ဦး ကို အက်ဖ်ဘီအိုင်မှအလိုအရှိဆုံး
အကြမ်းဖက်သမားစာရင်းတွင် ထည့်သွင်း ထားကြောင်း အမေရိကန်အရာရှိ များက မေလ
၂ ရက် နေ့တွင် ပြောကြား လိုက်သည်။
တရားခံပြေး ဂျံုးချက်ဆီမာ့ဒ်သည် အကြမ်းဖက်သမားစာရင်းတွင် ပထမ ဆုံး ထည့်သွင်းခံရသည့်
အမျိုးသမီး ဖြစ်ပြီး အမေရိကန်မြေပေါ်တွင် ရာဇဝတ်မှုများ ဖြစ်ပေါ်စေခဲ့သူများ အဖြစ် စွပ်စွဲကာ
စာရင်းပြုစုထားသူ နှစ်ဦးထဲကမှ တစ်ဦးဖြစ်သည်ဟု ယင်း အမှုအား စုံစမ်းနေသည့်အဖွဲ့မှ အရာရှိ
များကဆိုသည်။
နယူးဂျာဆီပြည်နယ်ရဲတပ်ဖွဲ့မှ သံချပ် ကာတပ်သား သေဆုံးပြီး နောက်တစ်နေ့ နှစ်ပေါင်း ၄၀
ကြာက အဖြစ်အပျက် အကြာင်း ထုတ်ပြန်ထားသော ကြေညာ ချက်တွင်"ဂျံုးချက်ဆီမာ့ဒ်ဟာ
တရား ဥပဒေ စိုးမိုးရေးဆောင်ရွက်နေတဲ့ အဖွဲ့ က အရာရှိတစ်ဦးကို သေသည်အထိ သတ်ဖြတ်
ခဲ့တဲ့ ပြည်တွင်းအကြမ်းဖက် သမားတစ်ဦးဖြစ်တယ်"ဟု အက်ဖ်ဘီ အိုင်မှ စုံထောက် အေရွန်ဖို့ဒ်
က ပြောကြားထားသည်။
အစွန်းရောက် 'လူမည်းများ လွတ်မြောက်ရေးတပ်ဖွဲ့' မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ချက်ဆီမာ့ဒ်သည်
၁၉၇၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ကြံရာပါ နှစ်ဦးနှင့်အတူ အဝေးပြေးလမ်းမပေါ်ရှိ ရဲအရာရှိတစ်
ဦးကို ယာဉ်အသွားအလာ ရပ်တန့်နေစဉ်အတွင်း သေနတ်ဖြင့် အသေပစ်သတ်ခဲ့သည်ဟု အမေ
ရိကန် အာဏာပိုင်များက ပြောသည်။
၎င်းတရားခံသည် အမေရိကန်တွင် ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန် ထားသူ ပထမအဆင့်
ရှိ လက်နက်ကိုင် လူသတ်သမားတစ်ဦးဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် အခြားသော ပြစ်မှုများဖြင့် ထောင်
ဒဏ် တစ်သက်တစ်ကျွန်းကျခံ ခဲ့ရသူလည်းဖြစ်သည်။ ချက်ဆီမာ့ဒ်သည် ထောင်ကျပြီး နှစ်နှစ်
မပြည့်မီအချိန်တွင် ထောင်မှ လွတ်မြောက်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ကျူးဘားနိုင်ငံ၌ နိုင်ငံရေးခိုလှုံ
ခွင့် တောင်းခံကာ လူရှေ့ ထွက်ပေါ်မလာခင် တရားမဝင်နေထိုင်ခဲ့သည်ဟု အက်ဖ်ဘီ အိုင်က
ဆိုသည်။
အက်ဖ်ဘီအိုင်က ချက်ဆီမာ့ဒ်အား ဖမ်းမိရေးအတွက် သတင်းပေးလျှင် ဆုငွေဒေါ်လာ တစ်သန်း
ထိပေးမည်ဟု ဆိုပြီး နယူးဂျာဆီပြည်နယ်မှလည်း အမေ ရိကန်ဒေါ်လာ တစ်သန်း ဆုချီးမြှင့် မည်
ဟုဆိုသည်။
(အေအက်ဖ်ပီ)

















