ဗီယက်နမ်ကို သင်ခန်းစာပေးသင့်ဟုဆို

ဗီယက်နမ်ကို သင်ခန်းစာပေးသင့်ဟုဆို

ပေကျင်း - အကယ်၍ ဗီယက်နမ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများမြင့်တက်
အောင်လုပ်ဆောင်ပါက တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံကို ယင်းနှင့်ထိုက်တန်သည့်သင်ခန်းစာ
တစ်ခုပေးသင့်ကြောင်း တရုတ်နိုင်ငံ ပိုင်သတင်းမီဒီယာတစ်စောင်၏ အယ်ဒီတာ့ အာဘော်
ကဏ္ဍတွင် မေလ ၆ ရက်နေ့က ရေးသား ဖော်ပြခဲ့သည်။

ရေနက်ပိုင်း ရေနံတွင်းတူးစင်တစ်ခုကို အငြင်း ပွားရေပိုက်နက်သို့ ပထမဆုံးအကြိမ်အဖြစ်ပြောင်း
ရွှေ့ထားရှိမည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ် ချက်တစ်ရပ်ကို ဗီယက်နမ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်
ခဲ့ပြီးနောက် ဂလိုဘယ်တိုင်း(မ်)သတင်း စာ၏ အယ်ဒီတာ့အာဘော်တွင် ထိုသို့ရေးသား ဖော်ပြ
ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံက ထိုသို့ ပြောင်းရွှေ့မှုကို တရားမဝင်ဟုဆိုကာ ပါရာဆဲလ်ကျွန်းစုများ အနီးရှိ
အငြင်းပွားရေပိုက်နက်၌ ရေနံတူးစင် ထားရှိမည့်အစီအစဉ်ကို ဖျက်သိမ်းပေးရန် တရုတ်နိုင်ငံကို
တောင်းဆိုထားသည်။ လက်ရှိတွင် ပါရာဆဲလ်ကျွန်းစုများကို တရုတ်နိုင်ငံက ထိန်းချုပ်ထားပြီး
ဗီယက်နမ်နိုင်ငံကလည်း ယင်း၏အပိုင်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။

အဆိုပါကျွန်းစုများကို တရုတ်နိုင်ငံ က ရှီစားဟုခေါ်ပြီး ၁၉၇၄ ခုနှစ်က အမေရိကန်ထောက်ခံသော
တောင်ဗီယက်နမ် အစိုးရနျင့် တိုက်ပွဲတစ်ခုဖြစ်ပွားပြီးနောက် ကျွန်းများအားလုံးကို တရုတ်နိုင်ငံက
ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

"ရေနံတူးစင်ထားတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်ဖို့ ဗီယက်
နမ်နိုင်ငံမှာ သတ္တိမရှိဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ တကယ်လို့ ဗီယက်နမ်နိုင်ငံက ရှီစား
ကျွန်းတွေနဲ့ပတ်သက်ပြီး ဒီလို အပြုအမူမျိုး တွေ နောက်ထပ်လုပ်လာမယ်ဆိုရင် တရုတ်နိုင်ငံ
ကလည်း ဒီ့ထက်တိုးပြီး တန်ပြန်အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်" ဟု အာဏာရ ကွန်မြူနစ်ပါ
တီနှင့် အနီးကပ် ဆက်ဆံရေးရှိသည့် ဂလိုဘယ်တိုင်း(မ်)သတင်းစာ၌ ဖော်ပြခဲ့သည်။

(အေအက်ဖ်ပီ)