ရွေးကောက်ပွဲ သပိတ်မှောက်တာ အမြဲမကောင်းနိုင်ပါ

ရွေးကောက်ပွဲ သပိတ်မှောက်တာ အမြဲမကောင်းနိုင်ပါ

ဘဝရဲ့ ထူးဆန်းတဲ့အချက် တစ်ခုကတော့ ယဉ်ကျေးသိမ်မွေ့ပြီး ပညာတတ် နိုင်ငံရေးသမား
တွေက တစ်ခါတလေ သိသာပြီး ခွင့်မလွှတ် နိုင်တဲ့ အမှားမျိုးကို ရွေးချယ် ရပ်တည်တတ်ကြတယ်။
ဒီလိုအခါမျိုးတွေမှာဆိုရင် လေ့လာသူတွေက အဲဒီနိုင်ငံရေးသမားတွေကို ခေါင်းတွေဖြတ် ပစ်လိုက်
လို့ မြေကြီးပေါ် ခြေထောက်တွေဆောင့် ပြီး အော်လိုက်ရင်တောင် လေ့လာသူတွေကို ခွင့်လွှတ်
သင့်တယ်။

နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဟာ အထွေထွေရွေးကောက်ပွဲတစ်ခုကို သပိတ် မှောက်ဖို့
ဆုံးဖြတ်လိုက်ရင်လည်း စောစောက ပြောသလို ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးဖြစ်လာမှာပဲ။ ရွေးကောက်
ပွဲဆိုင်ရာ အစီအစဉ်မှာ ပါ၀င်ဖို့ ငြင်းဆိုတာဟာ ဖြစ်ခဲတဲ့ကိစ္စဖြစ်သလိုဖြစ်ခဲ့ ရင်လည်း မတရားပါဘူး။

အမြဲလိုလိုပဲမှားတဲ့ လုပ်ရပ်ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) မပါ၀င်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြုခဲ့
သလိုပေါ့။

အဲသလို မခိုင်လုံ တဲ့ဆုံးဖြတ်ချက်ဟာ ပါတီတွင်း သဘောကွဲလွဲမှုကိုဖြစ်စေရုံတင်မကဘူး လက်ရှိ
ပါလီမန်ထဲမှာ လုံလောက်တဲ့ ကိုယ်စားလှယ်ရှိတဲ့အခွင့် အလမ်းကို အင်န်အယ်လ်ဒီက ဆုံးရှုံးခဲ့တဲ့
အတွက် ဥပဒေပြုအတိုင်းအတာတွေ ဆောင်ရွက်ရာမှာ လည်း သိသိသာသာ ထိထိရောက်ရောက်
မဖြစ် စေခဲ့ဘူး။

ယုံကြည်လောက်တဲ့ သတင်းရပ်ကွက်တွေကို ယုံကြည်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို
သမ္မတယှဉ်ပြိုင်ခွင့်ပြုနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းမပြုခဲ့ရင် နောင်နှစ်ရွေးကောက်
ပွဲကို သပိတ်မှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်စဉ်းစားနေတယ်လို့ဆိုရင် သူဟာ လမ်းလွဲချော်နေ
တယ်လို့ ဆိုရမှာပဲ။ ဂရိပညာရှင်ကြီး ဟိုးမားတောင် ခေါင်းညိတ်သေးတာပဲ။ ဒေါ်အောင်ဆန်း
စုကြည်ဟာလည်း သိမ်မကြာသေးတဲ့အချိန်ကစပြီး အတ္တဆန်ဆန် အတော်လေး ခေါင်းညိတ်တာ
တွေရှိလာခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် ရှက်ဖွယ်ကောင်းတဲ့ ရွေးကောက်ပွဲသပိတ်မှောက်တာ မျိုး
နောက်ထပ်မဖြစ်ရလေအောင် အမြော်အမြင် ရှိပြီး တစ်ကိုယ်ကောင်းမဆန်လှတဲ့ ပါတီဝင် အကြီး
အကဲတွေက တန်ပြန်လုပ်နိုင်ပါစေလို့ ကျွန်တော်တို့မျှော်လင့်ရမှာပဲ။ ထိုင်းနိုင်ငံမှာဆိုရင် တစ်ကြိမ်
တည်းမဟုတ်၊ နှစ်ကြိမ်တောင် မဲရွေးကောက်ပွဲ အစီအစဉ်ကို မိုက်မဲစွာ ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့တယ်။

အဲဒီအချိန်တုန်းက ၀န်ကြီးချုပ် သက်ဆင်ရှင် နာဝပ်ရဲ့ အဂတိလိုက်စားမှုမှာ ပြည်သူတွေရဲ့အာရုံကို
လွှဲပြောင်းအောင်လုပ်ခဲ့တယ်ဆိုကာ ဒီမိုကရက်ပါတီဟာ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲ ကို ပထမ
အကြိမ် သပိတ်မှောက်ခဲ့တယ်။ ဒီနှစ်စောစောပိုင်းမှာတော့ အဘီဆစ်ဦးဆောင် တဲ့ ဒီမိုကရက်
ပါတီဟာ သက်ဆင်ရဲ့နှမ လက်ရှိ ၀န်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ကခေါ်တဲ့ အထွေထွေရွေးကောက်
ပွဲကို မသိကျိုးကျွန် ပြုခဲ့တယ်။

အပြင်ပန်းအားဖြင့် ဒုတိယအကြိမ် သပိတ် မှောက်ရတဲ့ အကြောင်းပြချက်ကတော့ အဘီဆစ် ရဲ့
လုပ်ဖော်ကိုင်ဖက်တွေက လှုံ့ဆော်ခဲ့တဲ့ အကြမ်း ဖက် ကန့်ကွက်ဆန္ဒပြမှုတွေက လူအတော်
များများ မဲပေးနိုင်အောင် လုပ်ခဲ့တာကြောင့်လို့ ဆိုတယ်။ အမှန်တကယ်မှာတော့ အားလုံးသိကြ
တဲ့ အတိုင်း ရွေးကောက်ပွဲနှစ်ခုစလုံးကို ဒီမိုကရက် တွေ သပိတ်မှောက်ခဲ့တဲ့ အကြောင်းရင်းက
တော့ သူတို့ယှဉ်ပြိုင်ရင် ရိုးရိုးရှုံးရုံတင်မကဘူး အရှုံးကြီး ရှုံးမှာကို သူတို့သိနေကြလို့ပဲ။

သက်ဆင်နဲ့ဆက်စပ်မှုရှိတဲ့ ပါတီတိုင်းနဲ့ယှဉ် ပြိုင်တိုင်း ဒီလိုဖြစ်ခဲ့တယ်။ နောင်လည်း ယင်လတ်
ဦးဆောင်တာပဲဖြစ်ဖြစ်၊ တခြားလူ ဦးဆောင်တာပဲဖြစ်ဖြစ် ဒီလိုပဲဖြစ်ဦးမှာပဲ။ အမေရိကန်သမ္မတ
ဟောင်း ရစ်ချတ်နစ်ဆင် ရဲ့ အမှားနှစ်ခုဟာ အမှန်ဖြစ်မလာရင် သုံးကြိမ်မှားအောင်လုပ်ဆိုတဲ့
နီတိကို အဘီဆစ်က ကျင့်သုံးပြီး မကြာသေးခင်ကပဲ အဘီဆစ်က သူ့လုံခြံုရေးကို ရှေ့တန်းတင်
ကာ ယင်လတ်နဲ့ အခြား ပါတီခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတွေကို သပိတ်မှောက်
ခဲ့တယ်။

အဘီဆစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုပ်ရပ်တွေဟာ စိတ်ဓာတ်ကျစရာကောင်းနေ တာကို
အသာထား၊ အနောက်နိုင်ငံမှာ ပညာ ဆည်းပူးခဲ့သူတစ်ယောက်ဟာလည်း ဒီလို အပြု အမူမျိုး
လုပ်လာပြန်တယ်။ အတိုက်အခံ Cambodia National Rescue ပါတီရဲ့ခေါင်းဆောင်
ဆမ်ရိန်ဆီဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ခဲ့ တယ်။ သူ့ဘက်ကလူတွေ
ဟာ ၀န်ကြီးချုပ် ဟွန်ဆန် ခေါင်းဆောင်တဲ့ တာရှည် ခြေကုပ်ရထားတဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ
(Cambodian People's Party) ထက် အခြေအနေကောင်း ခဲ့တယ်။

သက်ဆင်လိုပဲ ရိန်ဆီဟာ ပြစ်မှုအမျိုးမျိုးနဲ့ စွဲ ချက်တင်ခံထားရသူဖြစ်ပြီး ပြည်ပြေးဖြစ်ခဲ့တယ်။
သက်ဆင်နဲ့မတူတဲ့ အချက်ကတော့ ရိန်ဆီဟာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေးခံခဲ့ရပြီး
ပြီးခဲ့တဲ့နှစ်က သူ့တိုင်းပြည်ကို ပြန်လာခဲ့တယ်။ အမတ်နေရာ ၁၂၃ နေရာရှိရာမှာ ရိန်ဆီ ပါတီက
၅၅ နေရာအနိုင်ရရှိခဲ့တယ်။

ဒါကြောင့် ဟွန်ဆန်ရဲ့ အမတ်အများစုကို ၁၃ နေရာအထိ သာ ကျန်အောင်လုပ်ခဲ့တယ်။
ဒီအခြေအနေကိုပင် မကျေနပ်နိုင်တဲ့ ရိန်ဆီဟာ တစ်ဖက်က မဲခိုးတယ်လို့ စွပ်စွဲပြီး သူ့လူတွေကို
ပါလီမန်မတက်ဖို့ သပိတ်မှောက်ခိုင်းလိုက်တယ်။ အာဏာရပါတီရဲ့ တစ်မူထူးခြားတဲ့ လိုက်လျော
မှုတွေပေးတဲ့ကြားက ရွေးကောက်ပွဲ ပြုပြင်ပြောင်း လဲရေးနဲ့ပတ်သက်ပြီး ဟွန်ဆန်အပေါ် ရိန်ဆီရဲ့
တင်းမာတဲ့ ရပ်တည်မှုဟာ အတော်ပဲ ကလေး ကလားဆန်တယ်။ နောင်လာမယ့် ရွေးကောက်ပွဲ
အတွက် သူ့ရဲ့ ပါလီမန်အမတ်လောင်းတွေကို အမျိုးသား လွှတ်တော်ထဲဝင်ပြီး ယုတ္တိရှိတဲ့
အတိုက်အခံ လုပ်ရန် ပြင်ဆင်ဖို့ ရိန်ဆီဟာ အမြော်အမြင် ရှိရှိနဲ့ ခိုင်းသင့်တယ်။

ရိန်ဆီရဲ့ပါတီဟာ ပါလီမန်ကို တစ်နှစ်ကြာ လာတဲ့အချိန်မှာ အဖက်မလုပ်ရင် ထိုင်းနိုင်ငံက ဒီမိုက
ရက်တွေနဲ့ မြန်မာနိုင်ငံက NLD တို့ ရွေး ကောက်ပွဲကို သပိတ်မှောက်လိုက်တာကြောင့် ဖြစ်စေချင်
တာကတစ်ခု၊ ဖြစ်လာတာကတစ်ခု အဖြစ်မျိုးနဲ့ ကြံုလာနိုင်တယ်။ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူနဲ့
ဗီယက်နမ်နိုင်ငံတွေက အမြော်အမြင်ရှိပြီး အားထားရတဲ့ အတိုက်အခံသမားတွေ ဟိုအရင်ကတည်း
က သိလာကြတာကတော့ ရွေးကောက်ပွဲ သပိတ်မှောက်တာဟာ ဘယ်နေရာကိုမှမရောက်တဲ့
စက်လှေခါးစီးသလို ဖြစ်နေလိမ့်မယ်။

ကြည်လင်ပြတ်သားတဲ့ သမာဓိချို့တဲ့နေတဲ့ ခေါင်းဆာင်မှုကို ပြသလိုက်သလို၊ သို့မဟုတ် ဂျော့
အော်ဝဲလ်ပြောခဲ့တဲ့ "မနှစ်မြို့စရာအချက်တွေကို ရင်ဆိုင်ရဲတဲ့အင်အား" မရှိတာပဲလားလို့ ဆိုရမယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အဘီဆစ်၊ ရိန်ဆီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီအင်အားကို
ချို့တဲ့နေသလိုရှိတယ်။

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။