စင်ကာပူအစိုးရက ရွှေ့ပြောင်းလုပ်သားများအတွက် စင်တာများကို ဆင်ခြေဖုံးဒေသများ၌ ပို၍ဆောက်လုပ်သွားမည်

စင်ကာပူအစိုးရက ရွှေ့ပြောင်းလုပ်သားများအတွက် စင်တာများကို ဆင်ခြေဖုံးဒေသများ၌ ပို၍ဆောက်လုပ်သွားမည်

စင်ကာပူ - စင်ကာပူနိုင်ငံ လစ်တဲလ်အိန္ဒိယခရိုင်၌ ပြီးခဲ့သည့်နှစ်က ဖြစ်တောင့်ဖြစ်ခဲ
အဓိကရုဏ်းတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် တစ်ရပ်တစ်ကျေးမှ လာရောက်နေထိုင်အလုပ်လုပ် ကြ
သည့် ရွှေကပြောင်းအလုပ်ကြမ်းသမားများကို မြို့တွင်းမှဖယ်ရှားရန် ၎င်းတို့အပန်းဖြေ နားနေရာ
စင်တာများကို ဆင်ခြေဖုံးဒေသများ၌ ပို၍ဆောက်လုပ်သွားရန် စင်ကာပူ အစိုးရက စီစဉ်ထား
ကြောင်း မေလ ၅ ရက်နေ့ကထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

ထိုသို့ ဒေါ်လာသန်းပေါင်းများစွာကုန်ကျမည့် စင်တာများကို ဆင်ခြေဖုံးဒေသများ၌ပိုပြီးဆောက်
လုပ်ရန်မှာ ပြီးခဲ့သည့်နျစ် ဒီဖင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင် တောင်အာရှ
အလုပ်သမားများ၏ ဆူပူသောင်းကျန်းမှုကြောင့် လူ ၃၉ ဦး ထိခိုက်ဒဏ်ရာရကာ ယာဉ် ၂၅ စီး
ပျက်စီးခဲ့ပြီးနောက် ပြည်ပလုပ်သားအများအပြား စုဝေးရာနေရာများကို ပိုမိုထိန်းချုပ်ရလွယ်ကူ
စေရန် စီမံဆောင်ရွက်နေသည့် စင်ကာပူအစိုးရ၏ စီမံချက်များစွာထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။

အားလပ်ရက်များတွင် အလုပ်သမားများ လာရောက်စုဝေးရာ နေရာများအဖြစ်ထားရှိမည့် စင်တာ
လေးခုကို မြို့လယ်နှင့်ဝေးသော စက်မှုဇုန်နေရာများရှိ အလုပ်သမားများနေထိုင်ရာ နေရာအနီး
တည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူ ှအမငေအျ ွှငာနျ သတင်းစာ၌ဖော်ပြထားသည်။

လက်ရှိတွင် စက်မှုဇုန်များ၏အစွန်အဖျား ဒေသ၌ ထိုကဲ့သို့စင်တာလေးခုရှိပြီးဖြစ်သည်။ လစ်တဲလ်
အိန္ဒိယ အဓိကရုဏ်းဖြစ်ပြီးနောက် ဇန်နဝါရီလက စင်တာအသစ်များနှင့်ပတ်သက်ပြီး လူ့စွမ်းအား
၀န်ကြီး တန်ချွမ်ဂျင်က ပထမဆုံးကြေညာခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံတွင် စုစုပေါင်းလူဦးရေ
၅ ဒသမ ၄ သန်းရှိသော်လည်း လူဦးရေ ၃ ဒသမ ၈၄ သန်းကသာ နိုင်ငံသားများနျင့် အမြဲတမ်း
နေထိုင်ခွင့်ရသူများဖြစ်သည်။

အပန်းဖြေစင်တာအသစ်များ ထပ်မံဆောက်လုပ်ပေးခြင်းက ရွှေကပြောင်းလုပ်သားများအတွက်
အကျိုးရှိစေသော်လည်း ယင်း၏နောက်ကွယ်မှ ရည်ရွယ်ချက်များမှာ သံသယ ဖြစ်စရာကောင်း
ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ရွှေကပြောင်းလုပ်သား ဂျိုလိုဗန် ၀ှမ်က ပြောသည်။

"အလုပ်သမားတွေကောင်းကျိုးအတွက် ဒီလိုအဆောက်အအုံတွေ ဆောက်ပေးသင့်ပါတယ်။
ဒါပေမဲ့ အလုပ်သမားတွေက လူမှုအသိုက်အဝန်းကို ခြိမ်းခြောက်တဲ့သူတွေဖြစ်လို့ လုပ်ပေးတာမျိုး
ဆိုရင်တော့ မကောင်းပါဘူး" ဟု ရွှေကပြောင်းလုပ်ငန်းဆိုင်ရာ လူသားချင်းစာနာထောက်ထား
သည့်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ၀ှမ်က အေအက်ဖ်ပီသို့ပြောကြားခဲ့သည်။ အလုပ်ခန့်ခြင်းနှင့်
နေထိုင်မှုအခြေအနေများနှင့်ပတ်သက်ပြီး အလုပ်သမားများ အကြား အကြီးအကျယ် စိတ်ပျက်
ဖွယ်ရာများဖြစ်ပေါ်လာခြင်းက ဒီဇင်ဘာလ အဓိကရုဏ်းကို ဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရာ
တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀ှမ်နှင့် အခြားတက်ကြွ လှုပ်ရှားသူများက ပြောကြားထားသော်
လည်း စင်ကာပူအစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

(အေအက်ဖ်ပီ)