တိုရွန်တို - ကဘူးလ်မြို့ရှိ ဟိုတယ်တစ်ခုတွင် မတ် ၂၀ ရက်ကဖြစ်ပွားခဲ့သော
တိုက်ခိုက်မှု၌ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ သော်လည်း ၎င်း၏ ဖခင်၊ မိခင်၊
အစ်ကိုနှင့် အစ်မ တို့ကို ဆုံးရှုံးခဲ့ရသော ကလှေုးယ် အဘူဇာ အာမက်သည် ၎င်းဘဝသစ်ကို
စတင်ရန် ကနေဒါ နိုင်ငံသို့ ဧပြီ ၃၀ ရက်တွင်ရောက်ရှိခဲ့သည်။
အသတ်ခံခဲ့ရသည့် အေအက်ဖ်ပီသတင်းထောက် ဆာဒါအာမက်၏ သားတစ်ဦးဖြစ်သူ မကြာမီ
အသက်သုံးနှစ်ပြည့်တော့မည့် ယင်း ကလှေုးယ်မှာ ၎င်း၏ အုပ်ထိန်းသူအသစ်များ ဖြစ်သော
၀မ်းကွဲအစ်ကို တူရာ့ဂျ် ရာအစ္စ မိုဟာမက်နှင့် ဇနီးတို့နှင့်အတူ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှ
နှစ်ရက်ကြာခရီးဖြင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့သို့ ဧပြီလ ၃၀ ရက်နေ့နှောင်းပိုင်းက ရောက်ရှိခဲ့ခြင်း
ဖြစ်သည်။
ဦးခေါင်းမှ ကျည်ဆံ ဒဏ်ရာကို ကုသထားသည့် အမာရွတ်များအား အကာအကွယ်ဖြစ်စေရန်
အဘူဇာအာမက်ကို ခေါင်းစွပ် ဦးထုပ်ဆောင်းပေးထားပြီး ဂျင်း အနွေးထည် ၀တ်ဆင်ပေးထား
သည်။
၎င်းကို စောင့်ကြိုနေကြသော ဆွေမျိုးသားချင်းများ ကလည်း "အဘူဇာကို တိုရွန်တိုမြို့မှကြိုဆို
ပါ တယ်" ဟူသော စာတန်းကိုင်ဆောင်ကာ လေဆိပ် အပြင်ဘက်၌ ဆီးကြိုနှုတ်ဆက်ခဲ့ကြသည်။
တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့မှ တိုရွန်တိုမြို့သို့ ဆယ်နာရီကျော်ကြာစီးရသော လေယာဉ် ခရီး
စဉ်အတွင်း အချိန်တော်တော်များများ အိပ်ပြီး လိုက်ပါလာခဲ့သော အဘူဇာအာမက်ကိုကြည့်ရ
သည်မှာ ရုန်းရင်းဆန်ခတ် အမူအယာမျိုး မရှိဘဲ အေးဆေးတည်ငြိမ်နေပုံရသည်။
"ကနေဒါကိုရောက်လာတာ အင်မတန် ၀မ်းသာစရာကောင်းပါတယ်။ ဒါဟာ အဘူဇာအတွက်တော့
၀မ်းနည်းကြေကွဲစရာကောင်းတဲ့ အဖြစ်ဆိုးကြီးနောက်ပိုင်းမှာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ရယ်၊
တိုရွန်တိုမှာ နေထိုင်ကြတဲ့ သူ့ဆွေမျိုး အသိုင်းအဝိုင်းတွေရဲ့ မေတ္တာရိပ် အောက်မှာ သူ့ရဲ့ဘဝကို
ပြန်ပြီးစတင်ဖို့ အကောင်း ဆုံး အခွင့်အလမ်းဖြစ်ပါလိမ့်မယ်" ဟု ရာအစ္စက ပြောကြားခဲ့သည်။
အဘူဇာ၏ဖခင်အာမက်သည် အေအက်ဖ်ပီသတင်းဌာနတွင် ၂၀၀၃ ခုနှစ်က စတင်ဝင်ရောက်
လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ဇာတိ အာဖဂန်နစ္စတန်နိုင်ငံ၌ အကြီးတန်းသတင်းထောက် အဖြစ်
ဆောင်ရွက်ရင်း လူမှုဘဝသတင်းများ၊ ဏစ်သတင်းနျင့် နိုင်ငံရေးသတင်းများကို အေအက်ဖ်ပီ
သတင်းဌာနအတွက် ရေးသားပေး နေသည့် သတင်းထောက်တစ်ဦးဖြစ်သည်။
တိုက်ခိုက်ခံရသည့် မတ်လ ၂၀ ရက်နေ့က ၎င်းမိသားစုဝင်များအပါအဝင် အခြားလူငါးဦးသေဆုံး
ခဲ့ပြီး အဘူဇာမှာမူ ဦးခေါင်း၊ ရင်ဘတ်နျင့် ခြေထောက်တို့တွင် ကျည်ဆံထိမှန်ခဲ့ပြီး အရေးပေါ်ဆေး
ကုသမှု ခံယူခဲ့ရသည်။ ခွဲစိတ်ကုဆရာဝန်များက အဘူဇာ၏ ဦးခေါင်း ခွံအတွင်းမှ တစ်စင်တီမီတာ
ရှည်သည့် ကျည်ဆံ အပိုင်းအစတစ်ခုကို ထုတ်ယူခဲ့ရသည်။ ၎င်း၏ခြေထောက်မှ ဒဏ်ရာများမှာမူ
ကုသမှုခံယူ နေရဆဲဖြစ်၍ အကူအညီမပါဘဲ လမ်းမလျှောက် နိုင်သေးပေ။
သို့သော်လည်း အခြားရုပ်ပိုင်း ဆိုင်ရာ အခြေအနေများမှာ အလွန်ကောင်းမွန် ကြောင်း ဆရာဝန်
များက ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















