ဗီယက်နမ်နိုင်ငံသို့သွားရောက်မည့် တရုတ်ခရီးသွားများကို တရုတ်နိုင်ငံက သတိပေးချက်ထုတ်ပြန်
ဗီယက်နိုင်ငံ၌ဖြစ်ပွားနေသော ဆယ်စုနှစ်များအတွင်းအဆိုးရွားဆုံးဖြစ်သည့် တရုတ်ဆန့်ကျင်ရေး
ဆန္ဒပြမှုများမှာ ဗီယက်နမ် နိုင်ငံက နှစ်ပေါင်းများစွာတရုတ်ဆန့်ကျင်ရေးဝါဒဖြန့်မှုများလုပ်ဆောင်
ခဲ့ခြင်း၏ အကျိုးရလဒ် ပင်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာက မေလ ၁၅ ရက်နေ့က
ပြစ်တင်ပြောဆိုလိုက်ပြီး ဗီယက်နမ်နိုင်ငံ သို့သွားရောက်လည်ပတ်မည့်တရုတ်ခရီးသွားများကို
လည်း သတိပေးချက် တစ်ရပ်ထုတ်ပြန်လိုက်သည်။
အငြင်းပွားရေပြင်ပိုင်နက်နေရာတွင် တရုတ်နိုင်ငံက ရေနံတူးစင်တစ်ခုထားရှိခြင်းကိုတုံ့ပြန်သည့်
အနေဖြင့် ဗီယက်နမ်နိုင်ငံရှိ တရုတ်ပိုင်စက်ရုံ တစ်ဒါဇင်ကျော်ကို တရုတ်ဆန့်ကျင်ရေးဆန္ဒပြသူ
များက မေလ ၁၄ ရက်နေ့က မီးတင်ရှို့ခဲ့ကြသည်။
အဆိုပါဆန္ဒပြမှုများအတွင်း တရုတ် အလုပ်သမား တစ်ဦးသေဆုံးခဲ့ရသည်။

















