ရှေးဟောင်းပစ္စည်းအတုများပြသထားသော တရုတ်နိုင်ငံရှိ ပြတိုက်တစ်ခုကို ရဲတပ်ဖွဲ့ကပိတ်ပစ်ခဲ့

ရှေးဟောင်းပစ္စည်းအတုများပြသထားသော တရုတ်နိုင်ငံရှိ ပြတိုက်တစ်ခုကို ရဲတပ်ဖွဲ့ကပိတ်ပစ်ခဲ့

တရုတ်နိုင်ငံရှိပြတိုက်တစ်ခုတွင် ပြသထားသည့် ထောင်ပေါင်းများစွာသော ရှေးဟောင်း သမိုင်းဝင်
ပစ္စည်းများမှာ အတုများဖြစ်ကြောင်းသိခဲ့ရပြီးနောက် ယင်းပြတိုက်မှာ အပိတ်ခံခဲ့ရကြောင်း နိုင်ငံပိုင်
သတင်းမီဒီယာက မေလ ၂၂ ရက်နေ့တွင်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်စီရင်စုရှိ လုချင်းပြတိုက်တွင်ပြသထားသည့် ရှေးဟောင်း
ပစ္စည်း ၈,၀၀၀ ၏ သုံးပုံတစ်ပုံခန့်မှာ အတုများဖြစ်ကြောင်းသိခဲ့ ရပြီးနောက် ရဲတပ်ဖွဲ့က အဆိုပါ
ပြတိုက်ကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဂလိုဘယ်တိုင်းမ်သတင်းစာ၌ဖော်ပြထားသည်။

ပြသထားသည့်ရှေးဟောင်းပစ္စည်းအတုများထဲတွင် ယွမ် သန်း ၁၂၀ (ဒေါ်လာ ၁၉ သန်း) တန်ဖိုး
ရှိသည့် ချိန်မင်းဆက်လက်ထက်က ဓားရှည်တစ်လက် လည်းပါ၀င်သည်။ ရှေးဟောင်းပစ္စည်းအတု
များပြသထားသည့် ထိုကဲ့သို့သောပြတိုက်မျိုးများကို တရုတ်နိုင်ငံ၏ နေရာဒေသအများအပြားတွင်
တွေ့ရကြောင်းသိရသည်။

အေအက်ဖ်ပီ