နယူးဒီ အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ နာရန်ဒရာမိုဒီက မဲအပြတ်
အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မေ ၂၆ ရက်တွင် အိန္ဒိယဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်
ဆိုကာ အစိုးရအဖွဲ့ ဖွဲ့မည် ဖြစ်ကြောင်း ၎င်း၏ လက်ယာယိမ်းပါတီဖြစ်သည့် ဘာရာတီးယား
ဂျန်နာတာပါတီ (ဘီဂျေပီ) က မေလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
"နာရန်ဒရာမိုဒီက ၀န်ကြီးချုပ်အဖြစ် မေ ၂၆ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုတော့မှာဖြစ် ပါတယ်"
ဟု ဘီဂျေပီပါတီ၏အကြီးအကဲ ရာ့ဂျ် နာ့တ်ဆင်းက သတင်း ထောက်များကို ပြောကြား ခဲ့သည်။
မိုဒီက အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းရေး နှင့်ပတ်သက်သည့် အစီအစဉ်ကို အိန္ဒိယသမ္မတ ပရာ
နာ့ဘ်မူခါဂျီကို အသိပေးရန် ၎င်းနျင့် မေ ၂၀ ရက်တွင် တွေ့ဆုံခဲ့သည်။ ရွေးကောက်ပွဲ၌ အနိုင်
ရခဲ့ပြီးနောက် အိန္ဒိယ အမျိုးသားပါလီမန်၌ ပြုလုပ်ခဲ့သော မိုဒီ၏ ပထမဆုံးအစည်းအဝေးတွင်
နိုင်ငံ့တာဝန်များကို စိတ်ရော ကိုယ်ပါ မြှုပ်နှံထမ်းဆောင်ကြရန် ၎င်း၏ ပါတီအဖွဲ့ဝင်များကို
တိုက်တွန်းခဲ့သည်။
အသက် ၆၃ နှစ်အရွယ် မိုဒီက ၎င်း၏ဟိန္ဒူအမျိုးသားရေးပါတီ ဘီဂျေပီနျင့် ယင်း၏ နိုင်ငံရေး
မဟာမိတ်များ၏ ပါလီမန်အစည်းအဝေးသို့ တက်ရောက်ရန်အသွား ပါလီမန်အဆောက်အအုံ
၏ လှေကားထစ်များကို နမ်းရှုပ်ခဲ့သည်။ နယူးဒေလီမြို့ရှိ ပါလီမန်အဆောက်အအုံ၏ဗဟိုခန်းမ၌
မိုဒီက မိန့်ခွန်းပြောကြားခဲ့စဉ် ၎င်းကိုထောက်ခံသူများက 'ဂူဂျာရတ်ခြင်္သေ့' ဟု သိထား ကြသည့်
သဘောထားတင်းမာသူ မိုဒီ၏ မျက်ရည် ၀ဲနေသည့်ပုံမှာ လူအများရှေ့ မြင်ရခဲသည့်ပုံစံမျိုး
ဖြစ်သည်။
အခြားသောပုံများထဲတွင် မိုဒီ ငိုကြွေး နေသည်ကိုပင် တွေ့ရသည်။ မေ ၂၀ ရက်က ပြုလုပ်ခဲ့သော
ယင်းအစည်းအဝေးပွဲတွင် မိုဒီက ပြည်သူများ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မြောက်အောင်
ကြိုးစားလုပ်ဆောင်သွားမည် ဟုလည်း ကတိပြုပြောကြားခဲ့သည်။
၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး ကတည်းက အိန္ဒိယနိုင်ငံရေးလောကတွင် လွှမ်းမိုး
လာခဲ့သော လက်ဝဲယိမ်း ကွန်ဂရက်ပါတီက ဆယ်စုနှစ်တစ်ခုကြာ အာဏာရရှိခဲ့ပြီးနောက်
အိန္ဒိယနိုင်ငံ၏ စီးပွားရေးအခြေအနေ ပြန်ကောင်း လာရန် လုပ်ဆောင်ပေးမည်ဟူသော ကတိ
တို့ ဖြင့် ရွေးကောက်ခံခဲ့ရသော ဘီဂျေပီပါတီက အိန္ဒိယနိုင်ငံကို လက်ယာဘက်သို့ သိသိသာသာ
ကြီး ပြောင်းလဲပစ်လိမ့်မည်ဟု မျှော်လင့်ရသည်။
သာမန်လူတစ်ဦးဖြစ်သည့် ၎င်းက ဒီမိုကရေစီ နည်းအရ ရွေးချယ်ခံလိုက်ရသောကြောင့်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပြန်လည် ရရှိခဲ့ကြောင်း မိုဒီက မေ ၁၆ ရက်တွင် ပြောကြား
ခဲ့သည်။ မိုဒီ၏ ဘီဂျေပီပါတီသည် နှစ်ပေါင်း ၃၀ အတွင်း တစ်ပါတီတည်းက မဲအများဆုံးရရှိပြီး
အနိုင်ရခဲ့ခြင်းဖြစ်သည်။
"အခု အစိုးရအဖွဲ့က ကျေးလက်ဒေသနေ ပြည်သူတွေ၊ လယ်သမားတွေ၊ အမျိုးဇာတ်နိမ့်
သူတွေ၊ အားနည်းပြီး ဆင်းရဲဒုက္ခရောက်နေသူတွေအတွက် ဖြစ်ပါတယ်။ သူတို့မျှော်လင့်ထား
တဲ့အတိုင်း ဖြစ်မြောက်ဖို့က ကျွန်တော်တို့ တာဝန်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့
အားအနည်းဆုံး၊ ွှဆင်းရဲဆုံး ပြည်သူတွေက ကျွန်တော်တို့ကို ဒီနေရာ ပို့ပေးခဲ့လို့ပဲ ဖြစ်ပါတယ်"
ဟု မိုဒီက ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















