ကြမ္မာငင်တဲ့ ကာစီနိုရောဂါ ဗီယက်နမ်ထံကူးစက်

ကြမ္မာငင်တဲ့ ကာစီနိုရောဂါ ဗီယက်နမ်ထံကူးစက်

တစ်ချိန်တုန်းက "My baby does the hanky panky" (ကျွန်တော့်ကောင်မလေးက
မတော်တရော်လုပ်တယ်) ဆိုတဲ့ ကလေးကလားဆန်တဲ့ အချစ်သီချင်းရှိခဲ့တယ်။ကျွန်တော့်
ကောင်မလေး အဲဒီတုန်းက မတော်တရော် လုပ်ပါလားလို့ ဆုတောင်းခဲ့သေးတယ်။ ဒါပေမဲ့
သူဟာ လောင်းကစားကိုပဲ ၀ါသနာထုံခဲ့တယ်။ ဈေးကြီးအရက်တွေ မှာသောက်ရင်းနဲ့ နီယွန်
မီးထွန်းထားတဲ့ လိုဏ်ဂူလိုအခန်းမျိုးတွေထဲထိုင်၊ ပိုက်ဆံအရှုံးခံပြီး နာရီပေါင်းများစွာထိုင်ကာ
လောင်းကစားလုပ်တဲ့လူတွေကို သုံးသပ်ဖို့ မလွယ်လှဘူး။ ကာစီနိုပိုင်ရှင်တွေကလွဲရင်
အားလုံးနီးနီး ပိုက်ဆံရှုံးကြတာပဲ။

ဒါပေမဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ငွေကြေးအစီရင်ခံစာတွေကို ကြည့်ရင် သူတို့ရဲ့အမြတ်
တွေဟာ လျော့သွား တာကိုတွေ့ရတယ်။ တကယ် အမြဲတမ်း ပုံမှန် ငွေကြေးအမြတ်တွေရနေ
တာကတော့ လောင်းကစားလုပ်ငန်းတွေကို လိုင်စင်ထုတ်ပေးပြီး အခွန်ကောက်နေကြတဲ့ အစိုးရ
တွေပါပဲ။

တကယ်ပြောရရင်တော့ ၁၉၉၇ ခုနှစ် ငွေကြေးပြဿနာနဲ့ ၂၀၀၈ ခုနှစ်မှာဖြစ်လိုက်တဲ့ ဘဏ်တွေ
အထိနာရာမှ အစိုးရတွေရဲ့ စီးပွားရေး တွေကျလာတဲ့အခါမှာ သူတို့ရဲ့ ဘဏ္ဍာတိုက် တွေပြန်ပြည့်
လာဖို့ ကာစီနိုတွေဘက်ကို လှည့် ကြတယ်။

ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ ကာစီနိုတွေရှိကြပြီး အဲဒါတွေ
ချဲ့ထွင်ဖို့လည်း အစိုးရတွေက အားပေးခဲ့ ကြတယ်။ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ အရင်က
ကာစီနိုတွေကို တရားလက်လွှတ် ဒုစရိုက် ရိပ်မြံုနဲ့ ရာဇဝတ်အဖွဲ့အစည်းတွေ ကြီးစိုးကြတဲ့နေရာ
တွေလို့ ပြင်းပြင်းထန်ထန် ဝေဖန် အပြစ်တွေပေးခဲ့ရာက ရုတ်တရက် အလှည့်အပြောင်း လုပ်ခဲ့
ကြတယ်။

ဒီလုပ်ရပ်မျိုးကတော့ နိုင်ငံရေးသမားတွေအတွက် သိပ်ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ ကာစီနို
တွေဟာ အခွန်အမြတ် ရတဲ့နေရာတွေလို့ သူတို့က ကြံုးဝါးလာကြတယ်။ လူမှုရေးအကျိုးပြု
အစီအစဉ်တွေကိုလည်း အထောက်အကူပြုတယ်လို့ သူတို့ကဆိုလာကြပြန်တယ်။ အစိုးရအပေါ်
လူတွေ နှစ်ခြိုက်မှုကို ဖြစ်ပေါ်စေတဲ့အပြင် အာဏာကိုလည်း တည်မြဲ စေနိုင်တယ်။

ဒုစရိုက်မကောင်းမှုတွေကို လုံးဝ ပပျောက်မသွားစေနိုင်ပေမယ့် လောင်းကစား တဲ့ ဗဟိုဌာနတွေ
ထဲ ၀င်ရောက်မှုကို လျှော့ပစ် နိုင်ကာ ဒေသခံပြည်သူတွေကို အကာအကွယ် ပေးနိုင်တယ်။
အဲဒီတော့ လွန်ခဲ့တဲ့သုံးနှစ်က စင်ကာပူ အစိုးရဟာ Mariana Bay Sands နဲ့ Resorts World
Sentosa နာမည်တွေရှိတဲ့ ကြီးမားတဲ့ လောင်းကစားရုံကြီးနှစ်ရုံကို ဖွင့်ပေးလိုက် တယ်။

မကြာခင်မှာပဲ စင်ကာပူအစိုးရခြေရာကို လိုက်ကာ ဒေါ်လာဘီလျံချီ တန်ဖိုးရှိတဲ့ Ho Tram နဲ့
South HolAn ကာစီနိုကြီး နှစ်ခုအပြင် တောင်ပိုင်း Phu Quoc နဲ့ တရုတ်နယ်စပ်ရှိ Lao Cai
ဒေသတွေမှာ ကာစီနိုအသေးစားကလေးများ ဖွင့်ပေးခဲ့တယ်။ နိုင်ငံတွင်း လောင်းကစားသူတွေ
ကိုလည်း စင်ကာပူအစိုးရကို စည်းမျဉ်းများကို လျှော့ပေါ့ ပေးခဲ့သလို ဗီယက်နမ်ရဲ့ အမျိုးသား
လွှတ်တော်ကလည်း နိုင်ငံသားတွေ ကာစီနိုတွေထဲဝင်ရောက်ခြင်းကို တားမြစ်တဲ့ဥပဒေကိုလည်း
လောလောဆယ် ပြန်လည်သုံးသပ်နေတယ်။ ဒီလိုလုပ်တဲ့အခါတွင်လည်း ကာစီနိုတွေဖွင့်လာ
ခဲ့တာကြောင့် အရင်က စင်ကာပူနိုင်ငံရဲ့ အလွန်တန်ဖိုးထားခဲ့တဲ့ ပုံရိပ်ဖြစ်တဲ့ အလွန်သန့်ရှင်းမှုရှိ
တာ၊ ရာဇဝတ်မှုကင်းပြီး စင်းလုံး ချော လူ့အဖွဲ့အစည်းကို ထိခိုက်စေခဲ့တာကို ဗီယက်နမ် အမျိုး
သားလွှတ်တော်က အမြော် အမြင်ကြီးကြီးနဲ့ သတိချပ်သင့်တယ်။ ဟုတ်ပါတယ်။

ဒါတွေအားလုံးဟာ ဒဏ္ဍာရီ ဖြစ်တယ်၊ ဒါပေမဲ့ ဒီဒဏ္ဍာရီကို လိမ္မာကျွမ်းကျင် စွာဖြစ်ပေါ်လာစေ
တာကြောင့် လောင်းကစား၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်း၊ ခြိမ်းခြောက်ငွေညှစ်တာတွေ၊
ငွေခဝါချတာတွေ စင်ကာပူနိုင်ငံမှာမရှိဘူးလို့ ကမ္ဘာကို ထင်စေခဲ့ တယ်။ ဒီလိုမဟုတ်တော့ဘူး။

ချန်ဂီ လူဝင်မှု ကြီးကြပ်ရေးမှာ ပြည့်တန်ဆာတွေ တန်းစီနေတာ၊ ပြီးတော့ Marina Bay နဲ့
Harbourfront MRT ရုံတွေရှေ့မှာ လှုပ်လီလှုပ်လဲ့ လျှောက်ပြနေတာတွေကိုသိဖို့ သင့်အနေနဲ့
နာမည်ကျော် စုံထောက် ကြီး ီငခု ွှမခေပ ဖြစ်ဖို့မလိုသလို အရက်ဆိုင် တွေနားမှာနဲ့ ကလပ်နား
မှာ ချိုမွှေးတဲ့ ဆေးခြောက်အနံ့တွေ ခံယူနိုင်ဖို့ သင်ဟာ Keith Richards ဖြစ်စရာမလိုဘူး။
စင်ကာပူနိုင်ငံရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပုံတူပွားတာ မဆိုးလှသေးဘူး
ဆိုရင် ကာစီနိုတွေက ငွေတွေဖောခြင်းသောခြင်း ရရှိဖို့ ဟနွိုင်းအစိုးရရဲ့ အကြံအစည်ဟာ
အဓိက ကျတဲ့ အဆီးအတားတစ်ခုနဲ့ ရုတ်တရက်ကြံု တွေ့လာခဲ့တယ်။

ဗီယက်နမ်က ကာစီနိုတွေဆီ လာရောက် လောင်းကစားလုပ်တဲ့ လူအများစုဟာ ကာစီနို တွေကို
နိုင်ငံတွင်ခွင့်မပြုတဲ့ တရုတ်ပြည်မကြီး ကဖြစ်ကြတယ်။ ကံဆိုးချင်တော့ ဗီယက်နမ်က ပိုင်တယ်
လို့ဆိုထားတဲ့ ရေပိုင်နက်အတွင်းကို ဒီလအတွင်း ပေကျင်းအစိုးရက ကမ်းလွန် ရေနံစင်လွှတ်ဖို့
ဆုံးဖြတ်ချက်ကြောင့် ဗီယက် နမ်နိုင်ငံသားတွေရဲ့ ရန်လိုမှုဟာ သွေးထွက်သံယိုဖြစ်တဲ့အထိ
ပေါက်ကွဲလာခဲ့တယ်။ ဒါကြောင့် တရုတ်နိုင်ငံသားတွေဟာ ဗီယက်နမ် နိုင်ငံကိုလာရင် ပုတ်ခတ်
ဝေဖန်ခံရမှာ၊ ဒါ့ပြင် တိုက်ခိုက်ခံရမှာစိုးတာကြောင့် ဗီယက်နမ်ဆီ အနည်းငယ်သာ လာရောက်
ကြတော့မှာဖြစ် တယ်။ ကာစီနိုတွေအပေါ် ဗီယက်နမ်အစိုးရက ပုံအောထားတာ အခုအချိန်မှာ
ရှုံးမယ့် လောင်း ကြေးထပ်တဲ့ အခြေအနေဖြစ်နေကာ အခွန်အမြတ် မြက်မြက်ကလေးမရဘဲ
လူ့အဖွဲ့အစည်းပျက်စီးယိုယွင်းမှုတွေသာ အဖတ်တင်တော့ မယ့်ပုံစံဖြစ်နေတယ်။

ဒီတော့ ဗီယက်နမ်နိုင်ငံမှာ ဘယ်တော့မှာ ရှားပါးပြတ်လပ်မှုမရှိတဲ့ သမားရိုးကျ မတော် တရော်
ကိစ္စတွေကိုသာ ဆက်လုပ်ရင် ဗီယက်နမ်အစိုးရအတွက် အဆင်ပြေလိမ့်မယ်ထင်တယ်။

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏အာဘော်သာဖြစ်သည်။