မလေးရှားနိုင်ငံဟာ အကျိုးအမြတ်များတဲ့ ရေနံနဲ့ဓာတ်ငွေ့မတူးဖော်ရသေးတဲ့ အရန်သိုက်တွေ
ကြောင့် ကံထူးပါပေတယ်။ အများစုကတော့ အရှေ့မြောက်ကမ်းလွန်ပင်လယ်အောက်မှာ ရှိနေ
တယ်။
တီရန်ဂါနူးပြည်နယ် ကမ်းလွန် ကီလိုမီတာ ၁၉၀ အကွာအဝေးက တာပစ် (Tapis) လုပ်ကွက်ဟာ
ဒီပွပေါက်ထဲက ရတနာတစ်ခုဖြစ်တယ်။ ဒီ တီရန်ဂါနူးပြည်နယ်ဟာ ထူးဆန်းတာက မလေးရှားနိုင်
ငံမှာ ပေါကြွယ်ဝမှုအနည်းဆုံး ပြည်နယ်တစ်ခု ဖြစ်နေတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းကတော့
ကွာလာလမ်ပူမှာရှိတဲ့ ဗဟိုအစိုးရက ရေနံကရတဲ့ ပိုက်ဆံအကုန်ယူလို့ပဲ ဖြစ်တယ်။
တစ်ချိန်တုန်းကဆိုရင် ကွာလာလမ်ပူဟာ ရေနံတူးဖော်ခွင့်က ရတဲ့ငွေတွေထဲက သူ့အတွက်
ခပ်များများဖြတ်ယူထားပြီးတော့ ပြည်နယ် ၁၃ ခုအတွက် လူဦးရေနဲ့ သဗ္ဗရနံပေါင်း လိုအပ်ချက်
တွေအရ ခွဲဝေပေးခဲ့တယ်။ တီရန်ဂါနူးရဲ့ လူဦးရေဟာ ကျိုးတိုးကျဲတဲရှိပြီး မလေးရှားကျွန်းဆွယ်မှာ
အနိမ့်ဆုံး လူဦးရေ သိပ်သည်းမှုရှိတယ်။
တာပစ်လုပ်ကွက်က မလေး ရှားအတွက် ရွှေမည်း ရာခိုင်နှုန်း ၅၀ ကျော် ရှာပေးတဲ့ကြားက
ငွေအနည်းငယ်ပဲပြန်ရတယ်။ ဒီလိုလုပ်တာတော့ မကောင်းဘူး။ ဒါပေမဲ့ ကွာလာလမ်ပူက
အာဏာရပါတီ အမျိုးသားတပ်ဦး (National Front) အစိုးရက တီရန်ဂါနူး ပြည်သူတွေ
ဟာ ရေနံဒေါ်လာတွေနဲ့ ပတ်သက် ပြီး မကျေနပ်ချက်တွေကို တိုင်တန်းဖို့ ကျိုးနွံလွန်း တယ်လို့
တွက်ထားပုံရတယ်။
နောက်တစ်ခုက တီရန်ဂါနူး ပြည်နယ်ရဲ့ လူဦးရေဟာ အားလုံးနီးပါး မွတ်စလင်ဘာသာ ၀င်တွေ
ဖြစ်ကြပြီး တရုတ်နဲ့ အိန္ဒိယလူမျိုး နည်း နည်းပဲရှိပြီး ထုံးတမ်းစဉ်လာအရ အစ္စလာမ် ဘာသာကို
တိတိကျကျလိုက်နာသူတွေ ဖြစ်ကြ တယ်။ ဗဟိုအစိုးရရဲ့ အဓိက စိုးရိမ်မှုကတော့ ရေနံကရလာ
တဲ့ငွေကို မမျှမတ ဖြန့်ဖြူးပေးတာထက် မလေးရှားအစ္စလမ္မစ်ပါတီ (Islamic
Party of Malaysia) (သို့) Pas ရဲ့ထိုးဖောက် မှုတွေအပေါ်ပဲ ဖြစ်တယ်။
တစ်နည်းနည်းနဲ့တော့ အဆင်ပြေသွားကြတာပဲ။ ဒါကြောင့် ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်း
ပိုင်းလောက်က တီရန်ဂါနူးမှာ အမျိုးသားတပ်ဦး ရဲ့ အကြီးအကဲဝန်ကြီး ၀မ်မွတ်ခ်တာအာမက်ကို
တွေ့ဆုံမေးမြန်းတုန်းကသိခဲ့ရတယ်။
သူဟာ ၂၅ နှစ်လောက် ဩဇာအာဏာရှိခဲ့သူဖြစ်တယ်။ ဒီလူဟာ ဆက်ဆံလို့ကောင်းတဲ့
အဘိုးကြီး တစ်ယောက်ပါပဲ။ ဘယ်လောက် သက်သောင့် သက်သာရှိသလဲဆိုရင် ငိုက်မျဉ်း
တဲ့ပုံပေါက် နေတယ်။ ၁၉၉၉ ခုနှစ်မှာ ၀မ်မွတ်ခ်တာ ရှုံးနိမ့် သွားပြီး Islamist Pas ရေနံပေါတဲ့
တီရန်ဂါနူးကို ရခဲ့တာ မဆန်းဘူးပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်ဟာ
ဘယ်လောက်အထိ ဒေါသဖြစ်သွားသလဲဆိုရင် တီရန်ဂါနူးကို ပေးနေကျ ရေနံကရတဲ့ငွေတွေကို
ဖြတ်တောက်ပစ်လိုက်တယ်။
ဒီလိုလုပ်လိုက်တာဟာ တရားမဝင်ဘူး၊ ယုတ်မာတယ်၊ စဉ်းစားဆင်ခြင်ကင်းမဲ့တယ်၊ မဟာသီယာ
ဆိုတဲ့လူကလည်း သူ့ရည်ရွယ်ချက် အတွက်ဖြစ်တယ်လို့ ယုံကြည်ရင် ဘာမဆို လုပ်မယ့်လူဖြစ်
တယ်။
တီရန်ဂါနူးပြည်သူတွေ အတော်လေး ဒုက္ခရောက်ခဲ့ရတယ်။ လေးနှစ် အကြာမှာတော့ တပ်ဦးကို
အနိုင်ရအောင် မဲပေး ခဲ့တယ်။ ကွာလာလမ်ပူက ရေနံကရတဲ့ ပိုက်ဆံ တွေ ပြန်လည်ပေးမယ်ဆို
တဲ့ နားလည်မှုနဲ့ပေါ့။
ဒါပေမဲ့ ကွာလာလမ်ပူအစိုးရက ကတိမတည် ခဲ့ဘူး။ ပိုက်ဆံလည်း ပြန်လည်ပေးတာ မလုပ် ခဲ့ဘူး။
ဒါကြောင့် ပြည်နယ် စူလ်တန်စော်ဘွား အပါအဝင် တီရန်ဂါနူး ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ
တပ်ဦးက ရွေးချယ်ခဲ့တဲ့ အကြီး အကဲ ၀န်ကြီးကို ကျမ်းကျိန်ဖို့ ငြင်းပယ်ခဲ့တယ်။
နှစ်ဖက်စလုံး သဘောတူတဲ့ အာမက်ဆရက် ကို တင်မြှောက်ခဲ့ပေမယ့် သူဟာ အသုံးမကျ
တာကြောင့် ပြီးခဲ့တဲ့နှစ်က အထွေထွေရွေးကောက်ပွဲမှာ အစွမ်းမပြနိုင်ခဲ့ဘဲ ၀န်ကြီးချုပ်အသစ်
နာဂျစ် ရာဇတ် တီရန်ဂါနူးပြည်နယ်ကို လက်လွှတ်ဆုံးရှုံး တော့မလိုဖြစ်ခဲ့တယ်။
အသရေဆည်တဲ့သဘောနဲ့ အာမက်ဆရက်ကို အကြီးအကဲ ၀န်ကြီးအဖြစ် နောက်တစ်နှစ်ဆက်
လုပ်ပြီး ဆင်းပေးဖို့ပြောခဲ့တယ်။ ပြီးခဲ့တဲ့လက တစ်နှစ်ပြည့်ခဲ့တာလည်း အာမက်ဆရက်က ရာထူး
က ဆင်းမပေးတာကြောင့် နာဂျစ်က သူ့ကို ထုတ်ပစ်လိုက်တဲ့အခါမှာတော့ ၀ရုန်း သုဉ်းကားအခြေ
အနေတွေ ဖြစ်ပေါ်လာတော့ တာပဲ။
နာဂျစ်သာ တီရန်ဂါနူးကို လက်လွှတ် လိုက်ရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က အထွေထွေ ရွေးကောက်ပွဲ
တုန်းကလည်း ပြည်နယ်လေးခုကို ဆုံးရှုံးခဲ့တာဆိုတော့ သူ့ရဲ့ ပါတီခေါင်းဆောင် ရာထူးနဲ့ ၀န်ကြီး
ချုပ်ရာထူးတွေက ပြုတ်ဖို့ ဖန်တီး လာနိုင်တယ်။ ဒီတော့ ထွက်သွားတဲ့သုံးယောက်ကို ချော့မော့
ပြီး ပြန်လာဖို့ ခေါ်ထားလိုက်တယ်။
ဘယ်လိုနည်းနဲ့ဆိုတာကိုတော့ ဘယ်သူမှသိလိမ့်မယ် မထင်ဘူး။ ဒါပေမဲ့ မလေးရှားနိုင်ငံရဲ့
လူကြိုက် အများဆုံး သတင်းဝက်ဘ်ဆိုက် မလေးရှားကီနီ (ြေူပျေငေ ုငညင) ကတော့ 'တီရန်
ဂါနူးကို ထိန်း သိမ်းထားနိုင်ဖို့ နာဂျစ် ဘယ်လောက်သုံးမှာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးသား
ခဲ့တယ်။
ရေနံပိုက်ဆံ ပုံအောမယ်လို့ အများက ထင်ကြေးပေး ကြတယ်။ ဒါပေမဲ့ နာဂျစ်က ခပ်မြန်မြန်ပဲ
သားပုပ် လေလွင့်ပြောသူတွေ ပါးစပ်ပိတ်သွားအောင် မလေးရှား ကီနီကို အသရေဖျက်မှုနဲ့
တရားစွဲ ခဲ့တယ်။ ထိခိုက်မှုကတော့ ဖြစ်ပြီးသွားတဲ့အတွက် နာဂျစ်အပေါ် ယုံကြည်မှုလျော့ဆင်း
သွားတဲ့ အပြင် သူ့ပါတီဝင်တွေထဲကတောင် ပြိုကွဲပျက်စီး သွားတာကြောင့်ပဲဆိုပြီး အပြစ်တင်
ကြတယ်။
အခုအချိန်မှာတော့ နာဂျစ်ရဲ့ အဓိကအင်အားမှာ သူ့နေရာယူမယ့်လူ ပြတ်ပြတ်သားသား
မပေါ်ပေါက်သေးတာပဲဖြစ်တယ်။ ဒီအခြေအနေ ကလည်း မကြာခင် ပြောင်းလဲသွားနိုင်တယ်။
ဒီလိုဖြစ်ခဲ့ရင် ရေနံပိုက်ဆံ ဘယ်လောက် များများသုံးပါစေ၊ နာဂျစ် သူ့ရာထူးကို တွယ်ကပ်
နေဖို့မလွယ်ဘူး။
ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏အာဘော်သာဖြစ်သည်။
သောင်းညွန့် ဘာသာပြန်သည်။

















