အချေအတင် စကားပြောရမယ်ဆိုတာကို စင်ကာပူက လမ်းပြ

အချေအတင် စကားပြောရမယ်ဆိုတာကို စင်ကာပူက လမ်းပြ

ပြည်သူတွေရဲ့ ပွဲခင်းထဲမှာ အလေးအနက် အကျယ်တဝင့် ဟောပြောချက်တွေ ရေးသား ချက်
တွေရှိတဲ့ ဒီဒေသတွင်း နိုင်ငံအနည်းစု ထဲမှာ စင်ကာပူနိုင်ငံပါနေတာကတော့ အံ့ဩ စရာလို့
တွေးဆနိုင်ပါတယ်။

အိုင်ကျူ အထက် အဆင့် (၃)၊ (၄) ရှိတဲ့ သဘောထားကြီးသူ တွေ စိတ်တက်ကြွမှုရှိစေဖို့၊
အသိအမြင် ကြွယ်ဝစေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု တွေဖြစ်စေဖို့ စင်ကာပူနိုင်ငံရဲ့ မီဒီယာဟာ
သတင်းအစီရင်ခံစာတွေ တိုက်ရိုက်ထုတ် လွှင့်တဲ့ အစီရင်ခံချက်တွေနဲ့ စာတွေကို ဖော်ပြကြတယ်။

ဒီလိုလုပ်ပေးတယ်ဆိုတဲ့ အထောက် အထားကို ဒီလအတွင်းက ကျင်းပခဲ့တဲ့ အာဏာရ ၀န်ကြီး
ချုပ်လီရှန်လွန်း ဦးဆောင် တဲ့ People's Action Party (PAP) လုပ် ဆောင်ချက်နဲ့ပတ်သက်ပြီး
စကားအချေ အတင်ပြောဆိုပွဲက ပြသခဲ့ပါတယ်။ ဒီဒေသအတွက် အလွန်အားကုန်စေပြီး အလွန်
လည်းရှားပါးလှတယ်။

ထောင်ချီရှိတဲ့ ဒီစကားအချေအတင် ပြောပွဲကို နားထောင် ခဲ့ကြတဲ့ ပရိသတ်ကလည်း ဒီလိုပဲ
ထင်ကြ တယ်။ ၀န်ကြီးချုပ် လီအစိုးရနဲ့ အစိုးရဝေဖန်သူ စာရေးဆရာနဲ့ လူမှုရေးကိစ္စ ထုတ်လွှင့်
အစီရင်ခံသူ ကက်သရင်းလင်းမ်တို့အကြား ထေ့တေ့တေ့ ငေါ့တော့တော့ နာကြည်းစရာ အပြန်
အလှန် အချေအတင်ပြောဆိုခဲ့ကြတဲ့ ကိစ္စပဲဖြစ်တယ်။

စင်ကာပူရဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွှမ်းတင်အခံရဆုံး၊ လူသိအများဆုံးတစ်ဦးဖြစ်တဲ့ ကက်သရင်း
လင်းမ်ရဲ့ ၀တ္ထုတွေ၊ ၀တ္ထုတိုတွေနဲ့ ကဗျာတွေက ဩစတြေးလျနဲ့ ပြင်သစ်နိုင်ငံတို့ မှာ ဆုတွေ
ရရှိခဲ့ပြီး သူ့စာအုပ်တွေကို စင်ကာပူ ကျောင်းတွေမှာလည်း သင်ကြားသေးတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ကက်သရင်းကို တွေ့ဆုံမေးမြန်းခဲ့ပြီး မကြာခဏ ကိုးကားခဲ့ တယ်။
ဘာကြောင့်လဲဆိုရင် သူဟာ ရှားပါးတဲ့ သတ္တဝါဖြစ်လို့ပဲ။ သူဟာ ရဲရင့်တယ်၊ ထက်ထက်မြက်
မြက်ရှိပြီး ဖြောင့်မတ်တယ်။ သူလည်း ပုထုဇဉ်တစ်ယောက်ပေမို့ မကြာခဏ မှားတတ်ပေမယ့်
အများအားဖြင့် တော့ မှန်တဲ့အခါများပါတယ်။ မှားတဲ့အခါ မှာတောင် သူ့နှလုံးသားဟာ မှန်တဲ့
နေရာမှာ အမြဲရှိတယ်။ ၀န်ကြီးချုပ်လီကို ပေးတဲ့ အိတ်ဖွင့်ပေးစာကိုကြည့်ရင် သိပါလိမ့်မယ်။

စာထဲမှာ ကက်သရင်းက ဒီလို အစချီ လိုက်တယ်။ "ခင်မင်ရပါသော ၀န်ကြီးချုပ် ရှင့်။ ကျွန်မတို့
ဟာ ဘေးကျပ်နံကျပ် ကာလ အလယ်မှာ ရောက်ရှိနေပြီး လူတွေဟာ သူတို့ ရဲ့ အစိုးရကို မယုံ
ကြည်ကြတော့ဘဲ အစိုးရ ကလည်း လူတွေရဲ့ယုံကြည်မှု ပြန်လည်ရရှိဖို့ ဂရုမစိုက်တော့ဘူး"လို့
ပွင့်ပွင့်လင်းလင်းပဲ ရေးလိုက်တယ်။ အရင်ကဆိုရင် အတိုက်အခံတွေဒီလောက် တောင် မရေး
တာတောင် အပြစ်ပေးခံကြရ တယ်။

၀န်ကြီးချုပ်လီရဲ့အဖေ လီကွမ်းယူ သာဆိုရင် ကက်သရင်းကို မှောင် မိုက်တဲ့လမ်း ကြားထဲ
ခေါ်သွားပြီး ဆဲဆို ကြိမ်းမောင်းကာ အနာတရလုပ်လိုက်မှာဖြစ်တယ်။ ဒီလိုလုပ်မှာကိုလည်း
နားလည်သဘော ပေါက်နိုင်ပါတယ်။ ကက်သရင်းရဲ့စာလုံးရေ၂,၂၀၀ ရှိတဲ့ ဝေဖန်မှုဟာ အစိုးရ
ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေနဲ့ နေရာတကာမှာ တွေ့နေရတဲ့ နံရံတွေမှာ လက်ဆော့ပြီးရေးထားတဲ့
ပုံတွေ၊ စာတွေနဲ့ အွန်လိုင်းက PAP ရဲ့ မူဝါဒတွေကို ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချထားတာ
တွေကို မီးမောင်းထိုးပြထားတယ်။

၀န်ကြီးချုပ်ဟာ နိုင်ငံရဲ့ ပင်စင်ရန်ပုံငွေ တွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ ဘလော့ဂါ
လူငယ်ကလေးကို တရားစွဲဆို ထားတာကို လူအများ သနားညှာတာ ထောက် ထားတဲ့အပြင်
ငွေကြေးထောက်ပံ့မှု ပေးနေတာ ကိုလည်း ကက်သရင်းက မှတ်ချက်ချခဲ့တယ်။

ကက်သရင်းကLittle India Riot မြေအောက်မီးရထား ဆုံးရှုံးမှုတွေ၊ ရေကြီး တာတွေ၊ အဂတိ
လိုက်စားတာတွေနဲ့ နိုင်ငံခြား သားပိုင် ကာစီနိုတွေကြောင့် ပေါ်ပေါက် လာတဲ့ အကျင့်စာရိတ္တ
ပျက်ပြားပြီး ဒုစရိုက် တွေ ပေါလာတဲ့ ရွံမုန်းမှုတွေကိုတောင် မရေးဘဲ ချန်လှပ်ထားခဲ့တယ်။
ဒီပြဿနာတွေအတွက် ကက်သရင်းက ၀န်ကြီးချုပ် လီအပေါ် အပြစ်တင်ခဲ့တယ်။

၀န်ကြီးချုပ်လီရဲ့ အလွန်အင်အားကောင်းပြီး အာဃာတထားတတ်တဲ့ အစိုးရက ပြည်သူ တွေရဲ့
အသံကိုနားထောင်ဖို့ မတတ်နိုင်တာ၊ သို့မဟုတ် စိတ်မပါတာပဲလားဆိုတာကို ပြသခဲ့တယ်။

ကဲ ဘာလုပ်ရမလဲ။ သူ့ကို လျစ်လျူရှု မှာလား၊ ထောင်ချမှာလား၊ လိပ်ပြာတစ်ကောင် ကို ဘီးပေါ်
မှာဘယ်လိုချိုးမှာလဲ၊ လုပ်လို့မရ ဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်လီဟာ အကျပ်ရိုက်နေ
တယ်။ ကက်သရင်းရဲ့ PAP ဆန့်ကျင်တဲ့ ရှည် လျားတဲ့ ဝေဖန်တိုက်ခိုက်ခြင်းဟာ အွန်လိုင်း က
ဗိုင်းရပ်စ်လို စင်ကာပူတင်မကဘူး၊ ဒေသ တစ်ဝန်းလုံးပျံ့နှံ့သွားခဲ့တယ်။ တစ်ချိန်တည်း မှာ
ခိုင်လုံပြီး အသေအချာငြင်းထားတဲ့ တရားဝင်ပြန်လည်ချေပချက်တွေ အလျင် အမြန်ထွက်ပေါ်
လာခဲ့တယ်။

ဥပမာပြောရရင် ကက်သရင်းနဲ့ အိတ်ဖွင့် ပေးစာကို South China Morning Post သတင်းစာက
ဖော်ပြခဲ့ရာမှာ ဟောင်ကောင် မှာရှိတဲ့ စင်ကာပူရဲ့ကောင်စစ်ဝန် ဂျက်ကီဖူး က လွန်ခဲ့တဲ့ ၂၅ နှစ်
PAP ဟာ ပုံမှန် ပြတ်သားစွာ ပြန်လည်အရွေးခံခဲ့ရတယ်လို့ လူတွေကို သတိရအောင်
ပြောပြခဲ့တယ်။

ဒါဟာ အစိုးရအတွင်း ယုံကြည်မှုပျက်ပြား နေတယ်လို့ ပြောလို့မရဘူးလို့ သူကပြောခဲ့ တယ်။
ဂျက်ကီဖူးပြောတာလည်း မှန်တာပဲ။ ဂျက်ကီဖူးကဆက်ပြောရာမှာ Edelman Trust Barometer
က အမေရိကန်နိုင်ငံသား တွေရဲ့ ၃၇ ရာခိုင်နှုန်းသာ အစိုးရကိုယုံကြည် ကြတယ်။ ဗြိတိန်နိုင်ငံသား
တွေရဲ့ ၄၂ ရာခိုင် နှုန်းသာ အစိုးရကိုယုံကြည်ကြပြီး ဟောင်ကောင်နိုင်ငံသားတွေကတော့ ၄၅
ရာခိုင်နှုန်းသာ အစိုးရကို ယုံကြည်ကြတယ် လို့ဆိုတယ်။

စင်ကာပူနိုင်ငံမှာတော့ ပြည်သူတွေရဲ့ ရ၅ ရာခိုင်နှုန်းက ယုံကြည်ကြတယ်လို့ ဂျက်ကီဖူး က
ပြောပြီး ဒါဟာ အစိုးရအပေါ် သံသယရှိတာ ကို ပြတာမဟုတ်ဘဲ ယုံကြည်မှုကိုပြတဲ့ သဘော
လို့ဆိုခဲ့တယ်။ စင်ကာပူနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ လှုပ်ရှား မှုနဲ့ အင်အားဆိုင်ရာပညာကို ဂျက်ကီဖူး
ထည့်မစဉ်းစားခဲ့ဘူးလို့ ကက်သရင်းက အားကျမခံ ထောက်ပြခဲ့တယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ
PAPအပေါ် ထောက်ခံမှု လျော့ကျသွားတာဟာ လူတွေရဲ့ ယုံကြည်မှု ယိုယွင်းလာတာကြောင့်
လို့ ၀န်ခံ ရတဲ့အဆင့် ရောက်ခဲ့တယ်။

အစိုးရအပေါ် သံသယရှိမှုကို အဖြေရှာရင် အာဏာရပါတီဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး
ဆက်လက်အုပ်ချုပ်ရမယ်လို့ ကက်သရင်းက အခိုင်အမာပြောဆိုတဲ့အချက် ကို PAP ကိုဆန့်ကျင်
တဲ့ ထောက်ခံအားပေး သူတွေက စိုးရိမ်နေကြတယ်။

ကက်သရင်းဟာ တရားဝင် အတိုက်အခံ ပါတီကိုလည်း လုံးဝမရည်ညွှန်းခဲ့ဘူး။ အတိုက် အခံပါတီ
အဖွဲ့ဝင်တွေဟာလည်း နိုင်ငံကို အုပ်ချုပ်ဖို့ ရာထူးဌာနန္တရနဲ့ မထိုက်တန်၊ မစွမ်းဆောင်နိုင်ဘူးလို့
ယုံကြည်ထားပုံရတယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ နှိုင်းယှဉ်ပြီး ပြောရရင်တော့ ကက်သရင်းဟာ အုပ်စုပွဲ တွေမှာ ပုံမှန်နိုင်
နေပြီး ဒါထက် ပိုရှေ့မတိုး တော့တဲ့ ဘောလုံးအသင်းကို ဝေဖန်ပြစ်တင် နေတာဖြစ်ပြီး ဝေဖန်ပြစ်
တင်ပုံကလည်း အရှိ အတိုင်းကို စိတ်မပါသလိုဟန်နဲ့ ပြောတာ ကြောင့် အဲဒီဘောလုံးအသင်းရဲ့
ပရိသတ်က အသင်းအပေါ် လေးစားမှု ပျက်ပြယ်လာ တယ်။ ဒါပေမဲ့ အများစုကတော့ သူတို့ရဲ့
ရည်ရွယ် ချက်ကို ဖြည့်ဆည်းပေးတာရယ်၊ ရုပ်ပိုင်း ဆိုင်ရာ အဆင်ပြေမှုပေးတာရယ်ကြောင့် အဲဒီ
ဘောလုံးအသင်းကို ဆက်လက်အားပေးကြ တယ်။ တစ်ချိန်တည်းမှာ ကက်သရင်းလို ဝေဖန်သူ
တွေကို ချီးမြှောက်ကာ ခွင့်ပြုထား တာကြောင့်လည်း ဘောလုံးအသင်းကို သတိ ၀ီရိယအမြဲရှိနေ
စေမှာ ဖြစ်တယ်။

ဒီတော့ စင်ကာပူနိုင်ငံဟာ ချီးမွမ်း ဂုဏ်ပြု တာနဲ့ တကယ်ထိုက်တန်တယ်လို့ ပြောလိမ့် မယ်။
ကက်သရင်းရေးတဲ့စာတွေနဲ့ တရားဝင် ပြန်လည် ဖြေကြားမှုတွေကိုကြည့်ရင် သင့် အနေနဲ့
သိမှာပါ။ 

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်သည်။