ဖိလစ်ပိုင်သမ္မတဟောင်း၏သား အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံရ

ဖိလစ်ပိုင်သမ္မတဟောင်း၏သား အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံရ

မနီလာ - သမ္မတဟောင်း ဂျိုးဇက်အက်စ်ထရာ ဒါ၏သား အထက်လွှတ်တော်အမတ် တစ်ဦး
ကို ဇါန် ၂၃ ရက်နေ့တွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နိုင်ငံရေးအရ ဒုတိယ
အဆင့်အတန်းထဲတွင် ပါ၀င်သော ယင်း ပုဂ္ဂိုလ်သည် မြောက်မြားလှစွာသော အကျင့် ပျက်ခြ
စားမှုတို့ဖြင့် ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ရက်များအတွင်း ဖမ်းဆီးခံခဲ့ရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတရား ရုံး ဆန်ဒီဂန်ဘာယမ်က တရားစွဲဆိုမှုများနှင့် ပတ်သက်ပြီး
ဆက်လက်ဆောင်ရွက်ရမည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက် အသက် ၅၁ နျစ်အရွယ်ရှိ
လွှတ်တော်အမတ် ဂျို့စ်ဂျင်ဂွိုင်း အက်စ်ထရာဒါသည် ရဲထံ ကိုယ်တိုင်အဖမ်းခံခဲ့သည်။

"ငွေဆိုလို့ တစ်ပြားတစ်ချပ်မှ အစိုးရငွေ တိုက်က မယူခဲ့ဖူးပါဘူး" ဟု တရားစွဲခံရသည့် အက်စ်
ထရာဒါက သတင်းထောက်များကို ပြောကြားပြီး ပြိုင်ဘက်များကို အမြစ်ဖြတ်ချေမှုန်းချင်သည့်
သမ္မတ ဘင်နစ်နိုအကွီနို၏ နိုင်ငံရေးကစားကွက်များသာ ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။

"ကျွန်တော့်မှာ အပြစ်မရှိဘူးဆိုတာ နောက်နေ့မကူးခင်သက်သေပြမှာပါ။ စွပ်စွဲ ချက်တွေအားလုံး
ကို တရားရုံးမှာရင်ဆိုင် ဖြေရှင်းမှာပါ" ဟု၎င်းက ပြောသည်။ စွဲချက်တင်ခံရသူ ၅၄ ဦးတွင်
အက်စ်ထရာဒါသည် ၎င်း၏ဝန်ထမ်း ဥပဒေပြုအမတ် များကို ရိုက်စားလုပ်သည်ဟု စွပ်စွဲခံရပြီး
အခြားအရာရှိများမှာ နိုင်ငံဖွံ့ညဖိုးရေး စီမံကိန်း များအတွက် ခွဲဝေသုံးစွဲရမည့် သန်းပေါင်း များစွာ
သော ဒေါ်လာများကို အလွဲသုံးစား လုပ်မှုဖြင့် စွပ်စွဲခံနေရသည်။

အက်စ်ထရာဒါသည် ဥပဒေပြုလွှတ်တော် အမတ်များ၊ ၎င်းတို့၏ဝန်ထမ်းများနျင့် အခြား သော
အရာရှိများအား ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများအတွက် ခွဲဝေသတ်မှတ်ထား သော ရန်ပုံငွေမှ
ဒေါ်လာသန်းချီ၍ ကိုယ်ပိုင် ငွေအဖြစ် လိမ်လည်အလွဲသုံးစားပြုလုပ် သည်ဟု စွပ်စွဲခဲ့သော အမှု
စွဲခံရသူ ၅၄ ဦးတွင် တစ်ဦးပါ၀င်ခဲ့သည်။

အကျင့်ပျက်ခြစားမှုများ မြောက်မြားစွာ လုပ်ဆောင်ခဲ့သည်ဆိုသော အာမခံ၍မရနိုင် သောပြစ်မှု
ဖြစ်သည့် မတရား ရယူသုံးစွဲမှုတို့ ဖြင့် စွပ်စွဲထားသောကြောင့် တစ်သက်တစ် ကျွန်းထိ အပြစ်ကျ
ခံရနိုင်ဖွယ်ရှိသည်။

(အေအက်ဖ်ပီ)