နှစ်အနည်ငယ်ကြာသွားပြီဖြစ်တဲ့ အချိန်တုန်းက ဖနွမ်းပင်မြို့မှာ အမေရိကန်သံအမတ်ကြီး
ဂျိုးဆက် မူဆိုမယ်လီက ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်နဲ့ပတ်သက်ပြီး ထင်မြင် ချက်ကို
အခုလို ပြောပြခဲ့ဖူးတယ်။
"ငါ ဟွန်ဆန်ကို သဘောကျတယ်။ သူက တော်တယ်၊ လက်တွေ့ကျတယ်၊ တစ်ဦးချင်း
ဆက်ဆံမှုမှာ အတော်လေးအဆင်ပြေခဲ့ တယ်" လို့ မူဆိုမယ်လီက ပြောခဲ့တယ်။ သူ့သုံးသပ်
ချက်ကြောင့် ကျွန်တော် ရုတ်တရက် သတိလက်လွတ်ဖြစ်သွားခဲ့မိတယ်။ ကျွန်တော်မျှော်လင့်
ထားတဲ့ အဖြေမျိုး မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဘာကြောင့် လဲဆိုရင် လူအတော်များများက
အထူးသဖြင့် အနောက်တိုင်းသားများက နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ထားတဲ့ ဟွန်ဆန်ကို
ပုတ်ခတ် ဝေဖန်ကြတယ်။ အမေရိကန်သံအမတ်ကြီးကတော့ ဒီလို မဟုတ်ဘူး။
"စက်ဆုပ်ရွံရှာဖွယ်တွေ မပြောလို့ ကတော့ သူနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ ရတယ်။ တချို့
ကိစ္စတွေမှာ ကျွန်တော် သဘောမတူခဲ့တာတွေ ရှိခဲ့ပေမယ့် အဆင်ပြေ ပါတယ်"လို့ အမေရိကန်
သံအမတ်ကြီးက ဆက်လက်ပြောဆိုခဲ့တယ်။ ဒုတိယအချက် ကတော့ ပိုပြီး အရေးပါပါတယ်။
ဘာကြောင့် လဲဆိုရင် ဒီဒေသတစ်ဝန်းမှာ ခေါင်းဆောင် အတော်များများဟာ တစ်ယောက်
ယောက်က သူတို့ကို ဆန့်ကျင်ဘက်ပြောဆိုခဲ့ရင် မပြေ မလည် တုံ့ပြန်တတ်ကြတယ်ကျွန်တော်
လည်း ဒီလိုအဖြစ်မျိုးနဲ့ကြံုခဲ့ရ ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၊ မလေးရှား
၀န်ကြီးချုပ်ဟောင်း အဗ္ဗဒူလာ ဘာဒါ၀ီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ခဲ့ရတဲ့အချိန်တုန်း
ကပေါ့။
ပြည်သူတွေနဲ့သက်ဆိုင်ပြီး သူတို့မဆွေးနွေး ချင်တဲ့ ကိစ္စတွေနဲ့စပ်လျဉ်းလို့ တဲ့တိုး အမေးခံ ကြရ
တဲ့အခါမျိုးတွေမှာ နှုတ်အားဖြင့် ရန်လို ခြင်းမျိုးမဟုတ်တာတောင် ခပ်ဆတ်ဆတ် ပြန်ဖြေတတ်
ကြတယ်။ အပြစ်တွေများလွန်း တဲ့ ဟွန်ဆန်ကတော့ ဒီလိုမျိုး မလုပ်မိဖို့ အထူးသတိထား ရှောင်
ကြဉ်တယ်။ အနည်း ဆုံးတော့ လက်တွေ့ မျက်မြင်ကို အခြေခံတဲ့ မြန်မာနိုင်ငံက သမ္မတ
ဦးသိန်းစိန်လိုပေါ့။ ဒါဟာလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်။
ဒီအချိန်မှာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံတို့ကြား တူညီတာလေး တွေတော့ အများအပြား
ရှိကြတယ်။ တမင် တကာ အကြံပြုတာလို့ ပြောကောင်းပြောနိုင် ပါတယ်။ တစ်ခုပြောလို့ရတာ
ကတော့ ကမ္ဘော ဒီးယားဟာ မြန်မာနိုင်ငံအတွက် အသုံးဝင်တဲ့ ဒီဇိုင်းပုံစံ (ပုံစံပြာ) လို့ဆိုနိုင်
တယ်။
မြန်မာ နိုင်ငံဟာလည်း လာမယ့်နှစ်မှာ ပါတီစုံ အထွေ ထွေရွေးကောက်ပွဲ ကျင်ပတော့မှာ ဖြစ်
တယ်။ ၁၉၉၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ ပထမ ဆုံးရွေးကောက်ပွဲတုန်းက လေးနှစ်လောက်က
မြန်မာနိုင်ငံရဲ့ အခြေအနေမျိုးရှိခဲ့တယ်။ နောင်မှ သမ္မတဦးသိန်းစိန် အစိုးရက အထင်ကရ ပြုပြင်
ပြောင်းလဲမှုတွေ လုပ်ခဲ့တာဖြစ်တယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ဗီယက်နမ်စစ် ကြောင့် ဒုက္ခရောက်ခဲ့တယ်။ ပြီးတော့ ခမာနီ တို့ရဲ့
ရက်စက်မှုကို အလူးအလဲခံခဲ့ရတယ်။ နောက်ဆုံး ဗီယက်နမ်ရဲ့ကျူးကျော်မှုကို ၁၂ နှစ်ခန့်
ခံခဲ့ရပြန်တယ်။ မြန်မာနိုင်ငံမှာလည်း နေဝင်းရဲ့ အလွဲလွဲအချော်ချော် ဆုံးဖြတ်ခဲ့တဲ့ အုပ်ချုပ်မှု၊
ပြီးတော့ စိတ်ဓာတ်မမှန်တဲ့ စောမောင်ရဲ့ အသုံးမကျတဲ့အုပ်ချုပ်မှု၊ ပြီးတော့ သန်းရွှေ သူ့လက်
ထက်မှာတော့ အဂတိလိုက်စားမှုဟာ ထိန်းမနိုင် သိမ်းမရဖြစ် ခဲ့တယ်။ ဒီ ကပ်ဘေးဆိုးတွေက
ကျော်လာခဲ့ပြီး နောက်မှာ နှစ်နိုင်ငံစလုံးဟာ တခြားနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေရရှိလာကာ
ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေ လုပ်နေကြပြီဖြစ်တယ်။ မှန်ပါတယ်။ အဝေးကြီးသွားဖို့လို
ပါသေး တယ်။ ကမ္ဘောဒီးယားမှာ ပါတီစုံရွေးကောက် ပွဲငါးကြိမ် ကျင်းပခဲ့ပြီးဖြစ်တယ်။
နှစ်နိုင်ငံစလုံး ဒုက္ခသုက္ခတွေရောက်ခဲ့ပြီး နောက်မှာတော့ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ထက်
ပိုပြီးပွင့်လင်း၊ မူမတူယှဉ်တွဲနေနိုင်မှုဝါဒ၊ သည်းခံမှုနဲ့ အနောက် အုပ်စုကို အာရုံစူးစိုက်မှု
ရှိလာကြတယ်။
အကျိုးမပြုတဲ့ တူညီမှုတွေလည်း ရှိပါ သေးတယ်။ ပထမဦးစွာ ပြောရရင်တော့ ကမ္ဘောဒီးယား
နဲ့ မြန်မာနှစ်နိုင်ငံစလုံး စစ်မှန် တဲ့ ဥပဒေစိုးမိုးမှုမရှိသေးဘူး။ ဩဇာအာဏာနဲ့ ငွေကြေးပြည့်စုံတဲ့
တစ်သီး ပုဂ္ဂလတွေ စိုးမိုးတဲ့ခေတ် ထွန်းကားနေပြီး ဥပဒေကြောင်းနားလည်တဲ့ တရားရေး စီရင်မှု
မရှိဘူး။ ချမ်းသာ၊ ဩဇာရှိသူတွေကို ကြောက်ရွံ့ ခြင်း၊ သို့မဟုတ် ထောက်ခံခြင်းကင်းစွာ တရား
စီရင်မှုမှာလည်း မရှိသလောက်ဖြစ်နေတယ်။
ဒီကိစ္စတွေမှာ အားနည်းတာဟာ လူ့ အခွင့်အရေးနဲ့ အဂတိလိုက်စားမှုတွေအပေါ် နိုင်ငံတကာရဲ့
သုံးသပ်မှုတွေမှာ မျက်နှာပန်း မလှဘူး။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဆိုးဘက် တချို့ ကိုလည်း
မြန်မာနိုင်ငံက အတုယူမှာကို စိုးရိမ်၊ မမြင်ချင်ကြဘူး။ ဟွန်ဆန် နှစ်ပေါင်း ၃၀ နီးပါး အာဏာ
ချုပ်ကိုင်ထားတာမျိုးလိုပေါ့။ စင်ကာပူက အများလေးစားခံရတဲ့ လီကွမ်းယူ လည်း ဒီအတိုင်း
ပါပဲ။ ဒီမိုကရက်တစ် ဓာတ်ခံ ကို ဆန့်ကျင်တဲ့အတွက် လူတစ်ယောက်ဟာ အာဏာကို ကြာ
ရှည်ကိုင်ထားရင် သိပ် မကောင်းတော့ဘူး။ ဒီလို အမည်းစက်တွေရှိတဲ့ကြားက မြန်မာ နိုင်ငံ
ဟာ ကမ္ဘောဒီးယားနိုင်ငံလိုပဲ သဘော ထားကွဲလွဲနေတဲ့ အဖွဲ့နှစ်ဖွဲ့ရှိတယ်။ နိုင်ငံနှစ်နိုင်ငံစလုံး
မှာ အသက်ကြီးတဲ့ လူကြီးတွေဟာ ဆယ် ရာစုနှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲတွေ ရင်ဆိုင်ကြံု
တွေ့ခဲ့ရတာကို ဘယ်တော့မှ မေ့လို့မရသလို ဒီအဖြစ်အပျက် တွေက သူတို့ကို လမ်းညွှန်ပြပေး
တယ်။
တစ်ချိန်တည်းမှာ အသက်အရွယ်ရောက် လာပြီဖြစ်တဲ့ မျိုးဆက်သစ်ကလည်း သူတို့ရဲ့ စိတ်၊
အတွေးအခေါ်တွေကို ကောင်းမွန်တဲ့ အနာဂတ်ဆီ ခိုင်မာစွာရှေးရှုနေတယ်။ ဒီအချက်ကတော့
ဒီမိုကရေစီထွန်းကား လာတဲ့ နိုင်ငံသစ်နှစ်နိုင်ငံရဲ့ အလွန်အားတက် စရာ တူတဲ့အချက်ပင်ဖြစ်
တယ်။ မူဆိုမယ်လီက ဒီလိုမှတ်ချက်ချခဲ့တယ်။
"ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုရှိမှသာ ဒီမိုကရေစီအစစ်အမှန်လို့ ပြောနိုင်တယ်" ကမ္ဘောဒီးယား၊
မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေမှာ ဒီလိုဖြစ်ဖို့ လိုသေးတယ်။ ဒီနိုင်ငံတွေဟာ
ဒီ စစ်မှန်တဲ့ စစ်ဆေးမှုကို အောင်မြင်ကြဖို့လိုသေးတယ်။
ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်သည်။

















