လိင်ကျေးကျွန်အဖြစ် လူကုန်ကူးခံနေရသည့် ပါကစ္စတန် အမျိုးသမီးများ

လိင်ကျေးကျွန်အဖြစ် လူကုန်ကူးခံနေရသည့် ပါကစ္စတန် အမျိုးသမီးများ

ဖိုက်ဆလာဘတ် ၊(ပါကစ္စတန်) - တောက်ပ သည့် မျက်လုံးများကို ပိုင်ဆိုင်ထားသော
အသက် ၁၆ နျစ်အရွယ် ပါကစ္စတန်ဆယ်ကျော် သက်တစ်ဦးမှာ အာရပ်စော်ဘွားများနိုင်ငံ
(ယူအေအီး) ၌ လိင်ကျေးကျွန်အဖြစ် လူကုန် ကူးခံခဲ့ရပြီးနောက် တစ်ချိန်က ကွန်ပျူတာ
အင်ဂျင်နီယာတစ်ဦး ဖြစ်ချင်ခဲ့သည့် ၎င်း၏ စိတ်ကူးအိပ်မက်များ တစ်စစီ ပြိုကွဲပျက်စီး သွား
ခဲ့ရပြီး ညှဉ်းပန်းနျိပ်စက်ခံရခြင်းနျင့် လိင်အကြမ်းဖက်ခံရခြင်းများ ကြီးစိုးနေသော ထိတ်လန့်ချောက်ချားဖွယ်ကောင်းသည့် လေးနှစ်တာကာလကို ဖြတ်သန်းခဲ့ရသည်။

ပါကစ္စတန်နိုင်ငံသည် ပင်လယ်ကွေ့ နိုင်ငံဖြစ်သည့် ယူအေအီးနိုင်ငံအတွက် ယခင်ကတည်းက
လုပ်ခလစာ အနည်းှုယ်သာ ပေးရသည့်လုပ်သားများရရှိရာ အဓိကလုပ် သားရင်းမြစ်တစ်ခုဖြစ်ပြီး
အဆိုပါ လုပ်သား များက အထူးသဖြင့် ယူအေအီးနိုင်ငံ၏ တစ်ရှိန်ထိုး တိုးတက်လာသည့်
ဆောက်လုပ် ရေးလုပ်ငန်းကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင် ကြခြင်းဖြစ်သည်။

သို့သော် ရာပေါင်းများစွာသော ပါကစ္စတန် အမျိုးသမှီုးယ်လေးများမှာလည်း ဒူဘိုင်းမြို့ရှိ
နိုက်ကလပ်များနှင့် ဆောင်ကြာမြိုင်များ သို့ နှစ်စဉ် လူကုန်ကူးခံနေရကြောင်း စည်းရုံး
လှုံ့ဆော်သူများနျင့် အရာရှိများက ပြောခဲ့ကြ သည်။

၎င်းတို့ထဲတွင် ဇူနီရာနျင့် ၎င်း၏အစ်မရှာအစ္စတာတို့လည်း အပါအဝင်ဖြစ်သည်။ မရေမတွက်နိုင်
အောင် ညှဉ်းပန်းရိုက်နှက် ခံခဲ့ရခြင်းများကြောင့်ရရှိခဲ့သည့် အပြင်ပန်း ဒဏ်ရာဒဏ်ချက်များအပြင်
လွတ်မြောက်ပြီး တစ်နှစ်ကျော်ကြာသည့်တိုင် စွဲကျန်နေသေးသည့် စိတ်ဒဏ်ရာများကိုလည်း
ဇူနီရာ၏ ထစ်ငေါ့တုံ့ဆိုင်းနေသည့်အသံတွင် မြင်တွေ့ နိုင်သည်။

ဇူနီရာနှင့် ရှာအစ္စတာတို့က ၎င်းတို့ကို နျိပ်စက်ညှဉ်းပန်းသူများလက်မှ ၂၀၁၃ ခုနှစ် က ထွက်ပြေး
လွတ်မြောက်လာခဲ့သော်လည်း လက်စားချေတိုက်ခိုက်ခံရမည်စိုး၍ ယခု အချိန်ထိ ဆင်းရဲသား
ရပ်ကွက်တစ်ခု၌ ပုန်း ရှောင်နေရဆဲဖြစ်သည်။ အဆိုပါထိတ်လန့်ချောက်ချားဖွယ် အတွေ့ အကြံု
မှာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ ၎င်းတို့၏ဇာတိမြိုက၌ နေထိုင်စဉ်က အစပြု ခဲ့သည်။

ဇူနီရာတို့မိသားစု ငွေကြေးအကျပ်အတည်း ကြံုနေရချိန်တွင် အေရှာဟုခေါ် သော အိမ်နီးချင်း
အမျိုးသမီးတစ်ဦးက ၎င်းတို့ ညီအစ်မနှစ်ဦးကို အိမ်အကူလုပ်ရန် စည်းရုံး ခဲ့သည်။ ထို့နောက်
အေရှာက အသက်မပြည့် သေးသည့် ဇူနီရာကို စာရွက်စာတမ်းအတု များဖြင့် ပါကစ္စတန်နိုင်ငံမှ
ထွက်နိုင်ရန် ကူညီ ပေးမည်ဖြစ်ကြောင်းနျင့် ၎င်း၏ အလှပြင် ဆိုင်တွင် ညီအစ်မနှစ်ဦးကို အလုပ်
ပေးမည် ဟုဆိုကာ ၎င်းတို့ကို ဒူဘိုင်းသို့ ခေါ်ဆောင် သွားခဲ့သည်။

"လေဆိပ်ရောက်တော့ အေရှာက ကျွန်မ တို့ကို ပြည့်တန်ဆာလုပ်ရမယ်လို့ ပြောပါတယ်။
ကျွန်မတို့က စာရွက်စာတမ်းအတုတွေနဲ့လာခဲ့တာဖြစ်လို့ ကျွန်မတို့ တစ်ခုခု ဖွင့်ပြော လိုက်ရင်
ရဲလက်ကို ချက်ချင်းအပ်လိုက်မယ် လို့ ခြိမ်းခြောက်ပါတယ်" ဟု ဇူနီရာက အေအက်ဖ်ပီသို့
ပြောသည်။

၎င်းတို့မှာ အပြင်ထွက်ခွင့်မရသည့်အပြင် တစ်ဦးနှင့်တစ်ဦး လွတ်လွတ်လပ်လပ် စကား ပြော၍
ပင်မရကြပေ။ တစ်ခါတစ်ရံ ပါကစ္စ တန်ရှိ ၎င်းတို့မိသားစုထံသို့ ဖုန်းပြောခွင့် ရသော်လည်း ခြိမ်း
ခြောက်ခံထားရသည့်အခြေအနေမျိုးကြောင့် အဖြစ်မှန်ကို ဖွင့်ပြော ၍မရကြောင်း ဇူနီရာက
ပြောသည်။

၂၀၁၃ ခုနှစ်၊ မတ်လတွင် ၎င်းတို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အေရှာ ၏အစ်ကိုနှင့်
မတ်တို့က ပစ်လိုက်သည့်ကျည် သုံးတောင့်က ဇူနီရာ၏ခြေထောက်ကို ထိမှန် ခဲ့သည်။ ဇူနီရာ
မိသားစုက အေရှာနှင့်၎င်း၏ ခင်ပွန်းကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ အေရှာကို ရုံးတင်
စစ်ဆေးခဲ့သော်လည်း နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လွတ်လာခဲ့ပြီး ဇူနီရာတို့ညီအစ်မနှစ်ဦး
မှာမူ လက်စားချေ တိုက်ခိုက်ခံမည်ကို စိုးရိမ်၍ ပုန်းအောင်း တိမ်းရှောင်နေရဆဲဖြစ်သည်။

(အေအက်ဖ်ပီ)