မကြာသေးတဲ့ ရက်သတ္တပတ်တွေတုန်းက အင်ဒိုနီးရှားကလာတဲ့ သတင်းတွေဟာ သမ္မတရွေး
ကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေ သာများပြီး ရှုံးသွားတဲ့လူရဲ့ မကျေနပ်ချက် အတိုင်းအတာ
တချို့ကလွဲရင် အဟန့်အတား မရှိဘဲ ပြီးသွားခဲ့တယ်။
အင်ဒိုနီးရှားနိုင်ငံမှာတော့ အစ္စလာမ် ဘာသာကို နိုင်ငံသား အများအပြားက ကိုးကွယ် ကြပြီး
သေချာ အတည်တကျမရှိတဲ့ အရပ်သား လူ့အဖွဲ့အစည်းကို ထိန်းထားနိုင်တယ်။ သူတို့ရဲ့ လေးစား
ခံရတဲ့ သည်းခံမှုဟာ မကြာမကြာပူပင်သောကဒဏ်ကို ခံရတယ်။ ဇွန်လက အရှေ့ဂျာဗား ဆူရာ
ဘာရာမြို့က အရာရှိတွေလိုစေတနာထားပေမယ့် အလွဲလွဲ အချော်ချော် ဆုံးဖြတ်မိခဲ့သလိုပေါ့။
ပူအိုက်ပြီး ကားတွေပြည့်ကျပ်နေတဲ့ ဆူရာ ဘာရာမြို့လယ်ကောင်ဟာ စွဲမက်စရာ မကောင်းလှ
ပေမယ့် ဒီအားနည်းချက်ကိုတခြား နည်းတွေနဲ့ ပြန်ဖြည့်ဆည်းပေးထားတယ်။ ဒီမြို့က Hotel
Majahapit ဟာ ဘန်ကောက် မြို့က Oriental ၊ Malang က Tugu တို့နဲ့ မယှဉ်သာပေမယ့်
ဒုတိယနေရာကတော့ ကပ်ပြီးလိုက်တယ်။
ဆူရာဘာရာကနေတစ်ဆင့် ဘရိုမိုတောင် (MT.Bromo) ၀န်းကျင်မှာရှိတဲ့ မီးတောင်တွေကို
သွားလို့ ရတဲ့အပြင် ရှုခင်းလှပြီး ရေတံခွန်တွေနဲ့ ရေပူစမ်းတွေရှိတဲ့ 'ပန်းသီးမြို့'လို့ တင်စား
အခေါ်ခံရတဲ့ 'ဘာတူး'ကိုလည်း သွားနိုင်တယ်။ ပြီးခဲ့တဲ့လအထိ ဒေါ်လီ (Dolly) လို့ခေါ်တဲ့
ပြည့်တန်ဆာတန်း (မီးအိမ်နီရပ်ကွက်) လည်း ရှိခဲ့တယ်။ ကမ္ဘာပေါ်မှာမဟုတ်ပေမယ့် အာရှ
မှာ အကြီးဆုံးတစ်ခုလို့ ပြောလို့ရတဲ့ စည်စည် ကားကားရှိခဲ့တဲ့ ပြည့်တန်ဆာတန်းဟာ အခု
မရှိတော့ဘူး။ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ပဲ။
မြို့တော်ဝန် Tri Rishmaharini နဲ့ သူ့ အပေါင်းအပါတွေက ပြည်သူတွေကောင်းဖို့ အတွက်လို
့ လေသံပစ်ကာ ပိတ်ပစ်ခဲ့တာ ဖြစ်တယ်။ အမှန်မှာတော့ လူနည်းစုဖြစ်တဲ့ အစွန်းရောက်
အစ္စလမ္မစ်တွေကို နှစ်သိမ့်တဲ့ သဘောဖြစ်တယ်။
ဒီ အကြောက်ကြီးတဲ့ လုပ်ရပ်ဟာ မြို့တော်ဝန်နဲ့အဖွဲ့ကို တန်ပြန်ကာ နောင်ရွေးကောက်ပွဲမှာ
သူတို့ပြန်အရွေး မခံရပါစေနဲ့လို့ မျှော်လင့်ရမှာပဲ။ ဇွန်လ ၁၈ ရက်က ရဲအဖွဲ့ဝင်တွေ ဒေါ်လီ ကို
လာပိတ်တဲ့အခါ အရက်ဆိုင်ပိုင်ရှင်တွေ၊ နေရာအနှံ့ လိုက်လံဈေးရောင်းတဲ့လူတွေ၊ ဇိမ်ခန်းတွေကို
ကြီးကြပ်နေကြတဲ့ အမျိုးသမီး ပြည့်တန်ဆာခေါင်းတွေ၊ လိင်အလုပ်သမ ၁,၄၅၀ တို့အပြင် ဒီနေရာ
တစ်ဝိုက်မှာ နေထိုင် ကြတဲ့သူတွေကပါ ဒေါသအမျက်ခြောင်း ခြောင်းထွက်ခဲ့ကြတယ်။
စောစောပိုင်းက မြို့သူမြို့သားတွေ စိတ်လှုပ်ရှားမှုမဖြစ်ဖို့နဲ့ ဒေါ်လီ ပြည့်တန်ဆာ မတွေ လမ်းပေါ်
မှာ ဆန္ဒပြတာတွေကိုရပ်ဖို့ ရဟတ်ယာဉ်တွေပေါ်က လက်ကမ်းစာစောင် တွေချပေးခဲ့တယ်လို့
Unggungက ပြောတယ်။
ကန့်ကွက်ကြတာဟာ မှန်သင့်သလောက် မှန်ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းဟာ ဘာကြောင့်
ကမ္ဘာ့ရှေးအကျဆုံး အသက်မွေး မှုအလုပ်ဆိုတာ အကြောင်းရှိတယ်။ ယဉ်ကျေး တိုးတက်တဲ့
နိုင်ငံအများစုမှာ ဘာကြောင့် တရားဝင်လုပ်ပေးတာလဲ အကြောင်းရှိတယ်။ ဘာကြောင့်လဲဆိုရင်
မအောင့်အည်းနိုင်တဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးတယ်၊ အလွန် လိုအပ်တဲ့ ၀င်ငွေကိုဖြစ်ပေါ်စေ
တယ်၊ ဖြစ်ရပ် အများစုမှာ ပတ်သက်သူအားလုံးကို နှစ်ထောင်းအားရမှုကို ပေးတယ်။ ဆူရာဘာ
ရာ၊ မနီလာ၊ ဖနွမ်းပင်နဲ့ ရန်ကုန် တို့လို မြို့တွေမှာ အမျိုးသမီး အတော်များများ ဟာ သူတို့ရဲ့
နေ့ပိုင်းအလုပ်တွေမှာ ဆိုးဆိုး ရွားရွားအမြတ်ထုတ်ခံရတာကြောင့် ညပိုင်း လုပ်ရတဲ့ အလုပ်ရဲ့
လွတ်လပ်မှု၊ တစ်ဦးနဲ့ တစ်ဦး ရဲဘော်ရဲဘက်စိတ်ရှိတာ၊ ဒါ့အပြင် သူတို့ရရှိတဲ့ ၀င်ငွေတွေကို
မြတ်နိုးကြတယ်။ ဒီအမြင်ကလည်း ယောကျ်ားတစ်ယောက် ရဲ့ရှုထောင့်မဟုတ်ဘူး။ နိုင်ငံရေး
ဒဿန ပညာရှင် Martha Nussbaum က "ရွေးချယ် စရာမများလှတဲ့ အမျိုးသမီးတွေကို သူတို့
ရွေးချယ်ထားတဲ့ အလုပ်ကိုဖယ်ရှားပြီး အပြစ် ဒဏ်ပေးရမယ်ဆိုတဲ့ ကျွန်မတို့ရဲ့အတွေးဟာ
ကိုးရိုးကားရားနိုင်တယ်"လို့ ရေးသားခဲ့တယ်။
ဒီသဘောထားဟာ တစ်ယူသန်ပြီး ဘာသာ ရေးကိုင်းရှိုင်းတဲ့ အစိုးရအရာရှိတွေ ဖြစ်ပေါ် လာတာ
လို့ Martha ကပြောတယ်။ ယောကျ်ား တွေနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေဟာ အမည်းစက်
ရှိပြီး မသတီစရာသတ္တဝါတွေ ဖြစ်တဲ့အတွက် အပြစ်ပေးသင့်တယ်ဆိုတဲ့ သူတို့ရဲ့အမြင်ကို
လျှောက်ဖြန့်ထားတယ်။ ဒေါ်လီက ပြည့်တန်ဆာမတွေရဲ့ ရှုထောင့် ကို ထည့်သွင်းစဉ်းစားကာ
ဒီကိစ္စကို မျှတတဲ့ အနေအထားနဲ့ မြို့တော်ဝန် ွှမင နဲ့ ရဲအရာရှိ ့ညါါကညါ တို့ နောက်ဆုတ်
စဉ်းစားသင့်တယ် လို့ တစ်ယောက်ယောက်ကတော့ ဖြစ်စေချင် မှာပဲ။ သူတို့ဟာ မကြာသေး
ခင်က ထွက်လာတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ The Wisdom of Whores ကို ဖတ်ကြည့်
ဖို့ကောင်းတယ်။
ဒီ စာအုပ် ရေးသားခဲ့တဲ့Elizabeth Pisani ဟာ ဒီ ပြည့်တန်ဆာလုပ်ငန်းကို အင်ဒိုနီးရှားမှာ နှစ်
အတော်ကြာ လေ့လာခဲ့သူတစ်ဦးဖြစ်တယ်။ ဏငျညေင က နောက်ဆုံး ဘယ်လိုရေးခဲ့ သလဲ
ဆိုရင် "လိင်အလုပ်သမ အများစုဟာ လူကုန်ကူးခံရတာမဟုတ်ဘူး။ မဖြစ်စလောက် အလုပ်
လမ်းတွေ ပွင့်နေပေမယ့် ဒီအလုပ်တွေ ထက် ၀င်ငွေကောင်းတဲ့အလုပ်ကို ရိုးရိုးလေး ရွေးချယ်
လိုက်တာပဲ" သူတို့ဟာ တစ်နေ့ ၁၀ ဒေါ်လာရဖို့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ မဝရေစာ
၀င်ငွေလေးနဲ့ အခိုင်းခံရတဲ့ စီးပွားရေးလုပ်ငန်း တွေမှာ လုပ်ရတာထက်စာရင် သူတို့ရဲ့ကိုယ်နဲ့ ရင်း
ရှာရတဲ့အလုပ်က တော်သေးတယ်လို့ ဆူရာဘာရာနဲ့ အာရှဒေသတစ်ဝန်းက အမျိုးသမီးငယ်တွေ
က ခံယူကြတယ်။
ဒေါ်လီလိုစည်ကားတဲ့ ပြည့်တန်ဆာ လုပ်ငန်းမှာ လုပ်မလား၊ ဒါမှမဟုတ် လူမျိုးရေး အနိဋ္ဌာရုံတွေ
ကို အမြဲဖော်ပြလေ့ရှိတဲ့ ၀တ္ထုရေး ဆရာကြီး ဃ့မေူနျ ီငခုနညျ ရဲ့ ၀တ္ထုထဲကလို အထည်အလိပ်
စက်ရုံမျိုးမှာ လုပ်မလားလို့ ရွေးချယ်ခွင့်နှစ်ခု ပေးခဲ့ရာမှာ အမျိုးသမီးဟာ ပထမအမျိုးအစားကို
ရွေးလိုက်တာ အပြစ် ပြောလို့မရပါဘူး။ ငယ်စဉ်က သူတော်ကောင်း ဟိတ်ဟန် ထုတ်တဲ့
အဓိပ္ပာယ်မဲ့ စကားတွေကို ပုံစံသွင်း ခံခဲ့ရတဲ့ ဒေသတွင်းမှာရှိကြတဲ့အရာရှိတွေ ကလည်း
ဒီအချက်ကို လက်ခံသင့်တယ်။ "ရမ်းဆပြီး ဆုပ်ကိုင်ထားတဲ့ အစွဲအလမ်းတွေ ကို စွန့်ဖို့
ဘယ်တော့မှ အချိန်မနှောင်းဘူး"လို့ ဟင်နရီဒေးဗစ် သော်ရိုးက ရေးခဲ့တယ်။
ဒီလူတွေသာ ပြည့်တန်ဆာမတွေအပေါ် ထားတဲ့ မျက်စိမှိတ် ဘက်လိုက်တာမျိုးကို စွန့်လွှတ်
လိုက်ရင် လူတွေဟာ အမြော်အမြင် ရှိလာပြီး ပျော်ရွှင်လာကြမှာဖြစ်တယ်။
ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်သည်။
















