တရုတ်အစားအစာများ အန္တရာယ်ကင်းရေးကြိုးပမ်း

တရုတ်အစားအစာများ အန္တရာယ်ကင်းရေးကြိုးပမ်း

တရုတ်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဓာတုပစ္စည်း ရောနှောထားတဲ့ နွားနို့သောက်မိတဲ့ ကလေး
ခြောက်ယောက် သေဆုံးပြီး ကျောက်ကပ် ပျက်စီးသွားတဲ့ပြည်သူ ထောင်ချီ၍ ဆေးရုံ ရောက်
ခဲ့ကြရချိန်ကစပြီး တရုတ်အစိုးရဟာ စားသောက်ကုန် ပြုပြင်ထုတ်လုပ်ရေး လုပ်ငန်း တွေကို
ထိန်းချုပ်နေရဆဲဖြစ်ပါတယ်။

ယခုနှစ်ပိုင်းမှာပဲ တရုတ်နိုင်ငံမှာ အမေရိ ကန် ဝေါလ်မတ် (Walmart) ကုမ္ပဏီက ထုတ်လုပ်
ရောင်းချတဲ့ င်္ဓငလန ှစငခနဓ မြည်းသား အထုပ်တွေထဲမှာ ခွေးသားတွေတွေ့ရလို့ မိမိတို့ စားကုန်
ပစ္စည်းများ မှန်ကန်စိတ်ချရမှု ရရှိရေးအတွက် တရုတ်နိုင်ငံမှ ကုမ္ပဏီက ငွေသုံးဆပိုမိုအကုန်အကျ
ခံ ဆောင်ရွက်သွား ပါ့မယ်လို့ ကတိပေးခဲ့ရတယ်။ အမေရိကန်က နာမည်ကျော် ကင်တပ်ကီကြက်
ကြော် (KFC) ထဲမှာလည်း ၂၀၁၂ က ပဋိဇီဝ ဆေးနဲ့ ဟော်မုန်း ဓာတ်ပမာဏ အလွန်အမင်း ပျံ့နှံ့
လို့ စားသုံး သူတွေ သပိတ်မှောက်ခဲ့ကြတယ်။ ရပ်ဂျားတက္ကသိုလ် အစားအသောက် ဆိုင်ရာ
အဏုဇီဝဗေဒပညာဌာန ပါမောက္ခ နှင့် နိုင်ငံတကာ အစားအသောက်လုံခြံုရေး ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ
ဒွန်ရှပ်ဖ်နာက ဒီနေ့ တရုတ်နိုင်ငံတွင်း စားသောက်ကုန်ပစ္စည်းတွေ ရဲ့ အရည်အသွေး အလွန်အန္တ
ရာယ်ရှိနေပုံကို ဗြိတိသျှစာရေးဆရာကြီး အပ္ပတန်ဆင်ကလဲ ရဲ့ "The Jungle" ၀တ္ထု (ရွှေဥဒေါင်း
က 'သွေးစုပ်မြေ'ဟု မြန်မာဘာသာပြန်၍ စာပေ ဗိမာန်၏ ဘာသာပြန်ဝတ္ထုဆုရရှိခဲ့သည့် စာအုပ်)
ထဲက ၁၉၀၆ ခုနှစ်၊ အမေရိကန်နိုင်ငံ ရဲ့ စားသောက်ကုန်လုပ်ငန်းအခြေအနေနဲ့ ထင်ဟပ်ပြောကြ
တယ်။

စာရေးဆရာက ၀တ္ထု ထဲမှာ ကျန်းမာရေးနဲ့မကိုက်ညီတဲ့ အသား ထုပ်ပိုးမှုလုပ်ငန်းကို ဖော်ပြပြီး
ပြန်လည်ပြုပြင် ဖို့ နှိုးဆော်ထားတယ်။ စာရေးဆရာ ဒွန်ရှပ်ဖ် နာခမျာမှာတော့ ဒီအခြေအနေဆိုး
တွေကို ပြန်လည်ပြုပြင်ဖို့ တရုတ်ပြည်သူတွေမှာ အလွန်ပြင်းပြတဲ့ ဆန္ဒရှိနေကြပါတယ်။

ဒီလို တရုတ်နိုင်ငံရဲ့ ဖြစ်ကတတ်ဆန်း စားသောက်ကုန်ပစ္စည်း သတင်းတွေကြောင့် ဇူလိုင်လ ၂၀
ရက်က လျှို့ဝှက်ကင်မရာတစ်ခုနဲ့ ရိုက်ကူးပြီး ရှန်ဟိုင်းမြို့အခြေစိုက် ီမေါသည ွှဠ ရုပ်သံက ထုတ်
လွှင့်ပြသလိုက်တဲ့ သတင်း ကတော့ အမေရိကန်စားသောက်ကုန်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီကြီး
တွေကို တုန်လှုပ် ချောက်ချားသွားစေခဲ့ပါတယ်။ တီဗီပြကွက် ထဲမှာ စားကုန်ပြုပြင်ထုပ်ပိုးတဲ့ လုပ်
ငန်းခွင် ထဲက အလုပ်သမားတွေက စားဖို့မသင့်တော့ တဲ့ ရက်လွန်ကြက်သား၊ အမဲသားတွေနဲ့
အသားညှပ်မုန့်တွေ၊ အခြား ကြက်သားမုန့် တွေ လုပ်နေကြတယ်။ ကြမ်းပြင်ပေါ် ဖိတ်စင် ကျတဲ့
အသားတွေကို ဇွန်းကြီးနဲ့ ပြန်ကော်ယူပြီး မွှေစက်ထဲ ပြန်ထည့်လိုက်ကြတယ်။ ရှန်ဟိုင်း ဟူဆီ
စားကုန်လုပ်ငန်းမှာ ကြက်သားမုန့်၊ အမဲသားမုန့်နဲ့ အခြား မုန့် အမျိုးမျိုး ဘူးပေါင်း ၅,၀၀၀ ကျော်
ကို ရက်လွန်၊ သို့မဟုတ် ပုပ်သိုးနေတဲ့ အသားတွေနဲ့ ပြုလုပ် နေကြောင်း အစိုးရတာဝန်ရှိသူတွေ
က တွေ့ရှိ ထားပြီးပြီလို့ ရှင်ဟွာသတင်းက ဆိုပါတယ်။

ဒီစက်ရုံက အသားတန်ချိန် ၁၀၀ ကို သိမ်းဆည်းလိုက်ပြီး ဇူလိုင်လ ၂၃ ရက်မှာ စက်ရုံဝန်ထမ်း
ငါးဦးကို မေးမြန်းရန်အတွက် ရဲကခေါ်သွားပါတယ်။ ရှန်ဟိုင်း ဟူဆီ စားကုန် လုပ်ငန်းစက်ရုံကြီး
ဟာ မက်ဒေါ်နယ်၊ ုင်္ဃ နဲ့ တရုတ်နိုင်ငံတွင်း ဖွင့်လှစ်ထားတဲ့ တခြား စားသောက်ဆိုင်တွေကို
စားကုန်များဖြန့်ဖြူး ပေးနေတာပါ။ အစားအသောက် အန္တရာယ်မကင်းတာ ကြောင့် တစ်နိုင်ငံ
လုံးဖြန့်ဖြူးပြီး စားကုန် ပစ္စည်းများ ပြန်လည်သိမ်းဆည်းခဲ့ကြရတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံ
ကယ်လီဖိုး နီးယားပြည်နယ်ကတင်သွင်းတဲ့ သစ်သီးတွေ မှာလည်း ပါသိုဂျင်ဓာတ်တွေ ပါ၀င်နေ
တာ တွေ့ကြရတယ်။

မသန့်ရှင်းတဲ့ အစားအသောက်စားမိလို့ နှစ်စဉ် နာမကျန်းဖြစ်ရသူ ကမ္ဘာတစ်ဝန်း သန်းပေါင်း
များစွာရှိတဲ့အနက် အစာနဲ့ ရေကြောင့်ဖြစ်တဲ့ရောဂါနဲ့ ရောဂါဖြစ်ပွားသူ ၂ ဒသမ ၂ ရာခိုင်နှုန်း
ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (ျွှံဥ) က ခန့်မှန်းထား ပါတယ်။

(အေအက်ဖ်ပီ)