ပေကျင်း - အာဏာရ ကွန်မြူနစ်ပါတီ၏ ဩဇာတိက္ကမအကြီးဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦးကို
ပစ်မှတ်ထား အရေးယူနေသည့် လှုပ်ရှားမှုတွင် တရုတ်ပြည်၏ လုံခြံုရေးအကြီး အကဲဟောင်း
ကျို၀ူယုန်ခါန်းသည် စုံစမ်း စစ်ဆေးခံနေရသည်ဟု ရှင်ဟွာသတင်းဌာန အရာရှိတစ်ဦးက ဇူလိုင်လ
၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
တရုတ်ပြည်တွင် အာဏာအရှိဆုံး အဖွဲ့ အစည်းတစ်ခုဖြစ်သည့် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံ
ရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီ (PSC) က ၂၀၁၂ ခုနှစ်တွင် အနားယူ ခဲ့သော ကျိုသည်
စည်းကမ်းများကို အကြီး အကျယ် ချိုးဖောက်ခဲ့ခြင်းအတွက် စုံစမ်း စစ်ဆေးခံနေရသည်ဟု ရှင်ဟွာ
ကဆိုသည်။
ထိုသို့သော အသုံးအနှုန်းမှာ များသော အားဖြင့် အကျင့်ပျက်ခြစားမှုများကိုရည်ညွှန်း ၍ အသုံးပြု
လေ့ရှိသည်။ ထိုသို့ စုံစမ်းစစ်ဆေး နေကြောင်း ကောလာဟလများ အချိန် အတော်ကြာထွက်ပေါ်
ပြီးနောက် တရားဝင် ကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
ကျို သည် ၁၉၈၀ ပြည့်နှစ်တွင် ကွန်မြူနစ်ပါတီက လေးဦးဂိုဏ်းကို အရေးယူ စုံစမ်းစစ်ဆေး
ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးခံရသည့် ၀ါအရင့်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ကျိုသည်
တစ်ချိန်က ဖြုတ်ချခံလိုက် ရသော နိုင်ငံရေးခေါင်းဆောင် ဟိုရှိလိုင်း၏ မဟာမိတ်တစ်ဦးဖြစ်
သည်။
ယခုစုံစမ်းစစ်ဆေး မှုကို အာဏာရကွန်မြူနစ်ပါတီ၏ စည်းကမ်း ထိန်းသိမ်းရေးနျင့် စစ်ဆေးရေး
ဗဟိုကော်မရှင် (CCDI) က ဆောင်ရွက်လိမ့်မည်ဟု ရှင်ဟွာ သတင်းကဆိုသည်။ အဆိုပါဆုံးဖြတ်
ချက်ကို ပါတီ၏စည်းမျဉ်းစည်းကမ်းနှင့်အညီ ချမှတ် ခဲ့ခြင်းဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေး အာဏာ
ပိုင်များ၏ အမှုစုံစမ်းစစ်ဆေးရေူး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ခြင်းဖြစ်သည်ဟု
သိရသည်။
တစ်ချိန်က PSC အဖွဲ့ဝင်များ တာဝန်က အနားယူပြီးသည့်တိုင် မတို့ရဲ မထိရဲသူများ အဖြစ်
ကာလတာရှည်စွာ သဘောထားခဲ့သူ များကို ယခုကဲ့သို့ စစ်ဆေးသောကြောင့် တရုတ်ပြည်၏
နိုင်ငံရေးအဆောက်အအုံတွင် အကြီးအကျယ် ဂယက်ရိုက်ခဲ့ပုံရသည်။ လွန်ခဲ့သော လများအတွင်း
ကျို၏ နိုင်ငံရေးအခြေခံဖြစ်သော တရုတ်အနောက် တောင်ပိုင်းပြည်နယ် စီချွမ်နှင့် တရုတ်နိုင်ငံပိုင်
ရေနံကုမ္ပဏီကြီး CNPC က မဟာမိတ်များ တစ်ဦးပြီးတစ်ဦး ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ် သည်။
(အေအက်ဖ်ပီ)

















