ဟာမစ်ကာဇိုင်း၏ ညီအစ်ကိုဝမ်းကွဲ အသေခံဗုံးခွဲ လုပ်ကြံခံရ

ဟာမစ်ကာဇိုင်း၏ ညီအစ်ကိုဝမ်းကွဲ အသေခံဗုံးခွဲ လုပ်ကြံခံရ

ကန်ဒါဟာ (အာဖဂန်နစ္စတန်) - ရာထူးက စွန့်ခွာ တော့မည်ဖြစ်သော
အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း၏ ၀မ်းကွဲညီအစ်ကို ဟက်ရှ်မက်ကာဇိုင်းသည် ဇူလိုင်၂၉ ရက်နေ့
တွင် မတည်မငြိမ် ဖြစ်နေသော အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာမြို့အနီး၌ အသေခံ
ဗုံးခွဲတိုက် ခိုက်သူတစ်ဦး၏ ခေါင်းပေါင်းဗု့းဖြင့် တိုက်ခိုက် ခြင်းခံခဲ့ရသည်ဟု တာဝန်ရှိသူများက
ပြောကြားပြီး ရွေးကောက်ပွဲက ထွက်ပေါ်လာမည့် ရလဒ်များအတွက် ကြိုးပမ်းနေရစဉ် ကာလ
အတွင်း စိုးရိမ်ပူပန်စရာကိစ္စများ ပေါ်ပေါက်နေသည်ဟုလည်း ဆိုသည်။

ရွေးကောက်ပွဲဝင်သည့် သမ္မတလောင်း နှစ်ဦးထဲမှ တစ်ဦးဖြစ်သော အက်ရှ်ရက်ဖ်ဂနီအတွက်
ကန်ဒါဟာတွင် ဦးဆောင်စည်းရုံး လှု့ံဆော်သူမှာ ဟက်ရှ်မက် ကာဇိုင်းဖြစ် သည်။ မဲလိမ်လည်မှုနှင့်
ပတ်သက်ပြီး ခါးခါး သီးသီး ငြင်းခုံနေမှုများက နိုင်ငံတွင်း မတည် ငြိမ်မှုများ တစ်နေ့တခြား ဆိုးရွား
လာမည်ဟု ခြိမ်းခြောက်နေသလို ဖြစ်နေသည်။ နေအိမ်၌ ခြင်္သေ့တစ်ကောင် မွေးထားသည်ဟု
နာမည်ကြီးသူ ဟက်ရှ်မက် ကာဇိုင်း သည် မွတ်စလင်ဘာသာဝင်တို့၏ 'အီးဒ်'ပွဲတော်နေ့ ကျင်းပ
နေစဉ် နေအိမ်သို့ ဧည့်သည် များရာက်ရှိချိန်တွင် ခေါင်းပေါင်းအတွင်း၌ ဖောက်ခွဲပစ္စည်း ၀ှက်လာ
သူတစ်ဦး၏ အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်။

"အသေခံဖောက်ခွဲသူက ဟက်ရှ်မက်ကို နှုတ်ဆက်ဖို့ ရောက်လာတဲ့ပုံစံနဲ့ နေအိမ်ထဲကို ၀င်ရောက်
ခဲ့တာပါ။ ဟက်ရှ်မက်က အဲဒီလူကို သိုင်းဖက်နှုတ်ဆက်ပြီးချိန်မှာ ဖောက်ခွဲ ပြီးသတ်လိုက်တာ"
ဟု ကန်ဒါဟာပြည်နယ်အုပ်ချုပ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဒါ၀ါခန် မီနာပယ်လ်က ပြောသည်။

အက်ရှ်ရက်ဖ်ဂနီနှင့် အတိုက်အခံခေါင်းဆောင် အဗ္ဗဒူလာ အဗ္ဗဒူလာတို့သည် မဲလိမ်လည်မှုများ
အကြီးအကျယ် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံနေရသော ဇါန် ၁၄ ရက်နေ့က ကျင်းပ ခဲ့သည့် ဒုတိယ
အကြိမ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး အမြင်မကြည် ဖြစ်ကာ ရန်စောင်နေကြ
သည်။

အစောပိုင်း ထွက်ပေါ်လာသည့် ရလဒ် များအရ မဲခွဲရာတွင် ဂနီက အနိုင်ရရှိခဲ့သော်လည်း
အဗ္ဗဒူလာက မဲလိမ်လည်မှုများ ရှိသောကြောင့် လက်မခံနိုင်ကြောင်း ပြောဆို ပြီးနောက်
လျှို့ဝှက်မဲပေးစနစ်ဖြင့် ပြန်လည် စစ်ဆေးမှုပြုလုပ်နေသည်။ လျှို့ဝှက် မဲပေးစနစ် ပြုလုပ်ပေးရန်
တောင်းဆိုလာခြင်းကြောင့် ပြိုင်ဘက်နှစ်ဖွဲ့ လုံးက ပြစ်တင်ပြောဆိုမှုများ ပေါ်ပေါက်လာ ခြင်းနှင့်
အတူ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကာလကဲ့သို့ နိုင်ငံတွင်း၌ လူမျိုး
စု အကြမ်းဖက်မှုများ ပြန်လည်အားကောင်းလာမည်ကို အများ ပြည်သူတို့က စိုးရိမ်နေကြသည်။

ဟက်ရှ်မက် ကာဇိုင်းသည် ယခုနှစ် သမ္မတရွေးကောက်ပွဲ လှုံ့ဆော်စည်းရုံးရာတွင် သမ္မတ ဟာမစ်
ကာဇိုင်း၏အစ်ကို ကွေယမ် ကာဇိုင်းအတွက် ဦးဆုံး ဆောင်ရွက်ပေးခဲ့ပြီးနောက်ပိုင်း ကွေယမ်ပြိုင်ပွဲ
က နုတ်ထွက်ချိန် ရောက်မှ ဂနီကို ပြောင်းလဲထောက်ခံခဲ့သူ ဖြစ်သည်။ ဟက်ရှ်မက်ကာဇိုင်း သေ
ဆုံးမှု၌မည်သူတို့၏လက်ချက်ဖြစ်သည်ကို ချက်ချင်းထုတ်ပြန်ခြင်းမရှိဘဲ အခြားသော မတော်
တဆမှု သတင်းများလည်း ထုတ်ပြန်ခြင်းမရှိခဲ့ဟု သိရသည်။ 

(အေအက်ဖ်ပီ)