ဖိလစ်ပိုင် သန်း ၁၀၀ မြောက် ကလေးငယ်မွေးဖွား

ဖိလစ်ပိုင် သန်း ၁၀၀ မြောက် ကလေးငယ်မွေးဖွား

မနီလာ - ဖိလစ်ပိုင်လူဦးရေ သန်း ၁၀၀ မြောက် ကလှေုးယ်လေးကို ဇူလိုင်လ ၂၇ ရက်နေ့
အစောပိုင်းက မွေးဖွားခဲ့ရာ ယင်းက ဆင်းရဲ နွမ်းပါးသော ဖိလစ်ပိုင်နိုင်ငံ၏ တစ်နေ့တခြား
တိုးပွားလာနေသည့် လူဦးရေကို ထောက်ပံ့ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပတ်သက်သည့်အခက်
အခဲများကို မီးမောင်းထိုးပြလျက် ရှိသည်။

ဂျန်နာလျန် ဆန်တီနိုဟုအမည်ပေးထား သော လူဦးရေ သန်း ၁၀၀ မြောက် ကလေး ှုယ်လေးမှာ
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ အစိုးရ ဆေးရုံများ၌ မွေးဖွားခဲ့သော ကလှေုးယ် စုစုပေါင်း ၁၀၀ ထဲမှ
ကလေးငယ်တစ်ဦး ဖြစ်သည်။

ဆင်းရဲနွမ်းပါးသူ အရေအတွက် ၂၅ ရာခိုင်နှုန်းခန့်ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေတိုးလာခြင်း
မှာ လုပ်သားအင်အား တိုးလာခြင်းဖြစ်သကဲ့သို့ မှီခိုသူဦးရေ တိုးပွား လာခြင်းလည်းဖြစ်ကြောင်း
လူဦးရေဆိုင်ရာကော်မရှင် အမှုဆောင်ဒါရိုက်တာ ဂျူအန် အန်တိုနီယို ပီရက်ဇ်က အေအက်ဖ်ပီသို့
ပြောကြားခဲ့သည်။

"လူဦးရေ တိုးလာတာဟာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှု ရောနှောပေါင်းစပ်နေပါတယ်။ ဒီအရာကနေ
ကျွန်တော်တို့အတွက် အကျိုး ရှိအောင် လုပ်ဆောင်နိုင်သလို သတိထား ရမယ့် စိန်ခေါ်မှုတစ်ခု
လည်း ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ထောင်တစ်စု၌ မွေးဖွားသည့် လက်ရှိ ပျမ်းမျှ ကလေးအရေအတွက်ကို သုံးဦးမှ နှစ်ဦးသို့
လျှော့ချရန်နျင့် ဆင်းရဲနွမ်းပါးသောမိသားစုများကို ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် နည်းလမ်း
တစ်ရပ် ရှာဖွေရမည် ဖြစ်ကြောင်း ပီရက်ဇ်က ပြောသည်။ ဖိလစ်ပိုင်အစိုးရ အရာရှိများက သန်း
၁၀၀ မြောက် ကလှေုးယ်ကို ကိတ်မုန့်နှင့် လက်ဆောင်ပစ္စည်းများဖြင့် ကြိုဆိုခဲ့ကြပြီး လာမည့်နှစ်
များအတွင်း မွေးဖွားလာဦးမည့် ကလေးငယ်လေးများ လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှု
များ ရရှိခြင်း ရှိမရှိကိုလည်း အစိုးရက စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အစိုးရ၏အကူအညီပေးမှုအတွက် ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည့် ဗင်ကား မောင်းသူ
ဂျန်နာလျန်၏ဖခင် အသက် ၄၅ နျစ်အရွယ် ကလီမန်တီ ဆန်တီနိုက ၎င်း၏ ဇနီးနှင့် သမီးလေး
ကို ၎င်းကိုယ်တိုင် ရှာဖွေ ကျွေးမွေး စောင့်ရှောက်နိုင်မည်ဟု ယုံကြည် ကြောင်းပြောသည်။

ယခု သမိုင်းမှတ်တိုင်မှာ ပြည်သူများ အတွက် မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၏
အရေးပါပုံကို ပြသနေကြောင်း ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနို၏ ပြောရေး ဆိုခွင့်ရှိသူ
ဟာမီနီယို ကိုလိုမာက ပြောကြား ခဲ့သည်။ အစိုးရက လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ပိုမိုအကုန်အကျခံ ဆောင်ရွက်သွား ရန် ပြင်ဆင်ထားကြောင်းနှင့် အထူးသဖြင့် ပညာရေးပိုင်းကို
မြှင့်တင်သွားရန်ရှိကြောင်း ၎င်းက သတင်းထောက်များကို ပြောကြား ခဲ့သည်။ 

(အေအက်ဖ်ပီ)